ရီးယဲလ်မက်ဒရစ်အသင်း၏ ခရိုအေးရှားဝါရင့်ကွင်းလယ်လူ မိုဒရစ်က ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်တွင် ထိပ်တိုက်တွေ့ဆုံနေသည့် ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်အသင်း၏ ယခုရာသီရုန်းကန်နေရမှုများအတွက် အံ့အားသင့်မိကြောင်း ပြောကြားခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းနှင့် လီဗာပူးလ်အသင်းတို့သည် ပြီးခဲ့သည့်ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ထိပ်တိုက်တွေ့ဆုံခဲ့သလို ယခုရာသီချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်တွင်လည်း ထပ်မံတွေ့ဆုံနေပြီး ဖေဖော်ဝါ ရီ (၂၂)ရက်တွင် လီဗာပူးလ်အသင်း၏ အန်ဖီးလ်ကွင်း၌ ပထမအကျော့ပွဲစဉ်ကို ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ယင်းပွဲစဉ်မတိုင်မီတွင် မိုဒရစ်က လီဗာပူးလ်အသင်း၏ ယခုရာသီ ရလဒ်ယိမ်းယိုင်မှုများအပေါ် သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်ပြီး မိမိတို့အသင်းအနေဖြင့် ယင်းပွဲစဉ်အတွက် အသင့်ဖြစ်နေပြီဟုလည်းဆိုခဲ့သည်။
မိုဒရစ်က ''ဒီရာသီပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာနဲ့ လီဗာပူးလ်အသင်းအမှတ်ကွာဟနေမှုအပေါ် (အာဆင်နယ်နှင့် ၁၉ မှတ်အထိကွာဟနေ) ကျွန်တော့်အနေနဲ့ အလွန်အံ့အားသင့်မိပါတယ်။ ဒါပေမဲ့ သူတို့ (လီဗာပူးလ်အသင်း)ရဲ့အခြေအနေဟာ လာလီဂါရဲ့အခြေအနေနဲ့ မတူညီတာကြောင့် ကျွန်တော့်အနေနဲ့ ဘာတစ်ခုမှပြောနိုင်မှာမဟုတ်ပါဘူး။ လီဗာပူးလ်အသင်းရဲ့လူစာရင်းကို ကြည့်ပြီး ကျွန်တော်တို့နားလည်ထားရမှာက သူတို့ဟာ အချိန်မရွေးအကောင်းဆုံးပြန်လာနိုင်တယ်ဆိုတာပါပဲ။ ဒီပြန်လာမှုဟာ လာမယ့်ချန်ပီယံလိဂ်ပွဲစဉ် (၂)ပွဲမှာဖြစ်မလာဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမဲ့ ဒီပွဲအတွက် ကျွန်တော်တို့အဆင်သင့်ဖြစ်နေပါပြီ''ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
