ချယ်လ်ဆီးအသင်း လက်ရှိရင်ဆိုင်နေရသည့် ပြဿနာမှာ မိမိမဟုတ်ကြောင်း နည်းပြဖြစ်သူ ဂရေဟမ်ပေါ်တာက ဆောက်သမ်တန်အသင်းအား ရှုံးနိမ့်သည့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် စနေနေ့က ယှဉ်ပြိုင်ကစားသည့်ပွဲတွင် ဇယားအောက်ဆုံးနေရာမှ ဆောက်သမ်တန်အသင်းကို အိမ်ကွင်း၌ (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ချယ်လ်ဆီးအသင်းအနေဖြင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ပေါင်သန်း ၃၀၀ ကျော် အသုံးပြု၍ ပြင်ဆင်အားဖြည့်ထားသော်လည်း ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲတွင် တစ်ပွဲသာ အနိုင်ရထားပြီး လေးပွဲသရေ၊ ငါးပွဲရှုံးနိမ့်ခဲ့သလို သွင်းဂိုးမှာလည်း လေးဂိုးသာရရှိထားသည်။
သို့ဖြစ်ရာ ဂရေဟမ်ပေါ်တာ၏အနာဂတ်မှာ မသေချာတော့ဘဲ ပရိသတ်များကလည်း ၎င်းနှင့် အသင်းအပေါ် လှောင်ပြောင်မှုများ ပြုလုပ်လျက်ရှိသည်။
သို့သော် ဂရေဟမ်ပေါ်တာက ''အိမ်ကွင်းမှာ (၁-၀) ဂိုးနဲ့ ရှုံးနိမ့်ပြီးတဲ့နောက် ဘယ်လိုဝေဖန်မှုမျိုးမဆို နားလည်နိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ခက်ခဲတဲ့ကာလတစ်ခု ရင်ဆိုင်နေရတာပါ။ ပရီးမီးယားလိဂ်မှာ လူငယ်ကစားသမားတွေကို စုစည်းရတာက စိန်ခေါ်မှုတွေ အများကြီးပါပဲ။ ရလဒ်ကောင်းတွေမရတဲ့အခါ အဲဒါက ခက်ခဲမှာပါ။ ကျွန်တော်က ပြဿနာလို့ တချို့လူတွေက ထင်ကြလိမ့်မယ်။ သူတို့တွေမှန်တယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒါပေမဲ့ အဲဒါက သူတို့ရဲ့အမြင်တွေကို ထုတ်ဖော်ပြောလို့မရဘူးလို့ မဆိုလိုပါဘူး။ ပထမပိုင်းစွမ်းဆောင်ရည်က နောက်ကို တစ်လှမ်းရောက်သွားစေပါတယ်။ ဒုတိယပိုင်းမှာ တုံ့ပြန်မှုကောင်းပေမဲ့ လုံလောက်မှုတော့ မရှိပါဘူး'' ဟု တုံ့ပြန်ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
