၂၀၂၃ ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေးကော်မတီသည် အမျိုးသားဘောလုံးပြိုင်ပွဲကို အသက် (၂၂)အောက်ပြိုင်ပွဲအဖြစ် သတ်မှတ်ခဲ့ပြီး အသက်ကျော်ကစားသမား အသုံးပြုခွင့်မပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ကမ္ဘောဒီးယား ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေးကော်မတီသည် အမျိုးသားဘောလုံးပြိုင်ပွဲကို ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီ (၁)ရက်နောက်ပိုင်း မွေးဖွားသူများသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုရန် ဆုံး ဖြတ်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘောဒီးယားဘောလုံးအဖွဲ့ချုပ်(FFC)သည် ၂၀၂၃ ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲတွင် အသက်ကျော်ကစားသမားများ ထည့်သွင်းအသုံးပြုလိုသော်လည်း အာရှဘောလုံးအဖွဲ့ချုပ်(AFC) ၏ မေတ္တာရပ်ခံမှုကြောင့် အသုံးပြုခွင့်မရခြင်းဖြစ်သည်။
ကမ္ဘောဒီးယားဘောလုံးအဖွဲ့ချုပ်(FFC)နှင့် ၂၀၂၃ ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေးကော်မတီတို့သည် မူလက အမျိုးသားဘောလုံးပြိုင်ပွဲတွင် အသင်းတစ်သင်းလျှင် အသက်ကျော်ကစားသမား (၂)ဦးစီ ထည့်သွင်းအသုံးပြုခွင့်ပေးရန် စီစဉ်ထားခြင်းဖြစ်သည်။
ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲကို ၂၀၀၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ယူ-၂၃ ပြိုင်ပွဲအဖြစ် ကျင်းပခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ယူ-၂၂ ပြိုင်ပွဲအဖြစ် ထပ်မံပြောင်းလဲခဲ့သည်။
၂၀၁၉ ခုနှစ် ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲမှစတင်ကာ အသက်ကျော်ကစားသမားများကို ထည့်သွင်းအသုံးပြုခွင့်ပေးခဲ့ခြင်း ဖြစ်သည်။
၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အသင်းတစ်သင်းလျှင် အသက်ကျော်ကစားသမား (၂)ဦး၊ ၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် (၃)ဦး ခွင့်ပြုခဲ့သည်။
ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေးကော်မတီသည် အမျိုးသားဘောလုံးပြိုင်ပွဲ အသက်ကန့်သတ်ချက်နှင့် ပတ်သက်၍ အကြိမ်ကြိမ်အပြောင်းအလဲများ ပြုလုပ်လေ့ရှိသည်။
အာဆီယံဘောလုံးအဖွဲချုပ်(AFF) သည် ယခုနှစ်အတွင်း ၂၀၂၃ အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရန် စီစဉ်ထားသည်။
ထို့ကြောင့် အာဆီယံဒေသတွင်းမှ လူငယ်အသင်းများမှာ ယခု ၂၀၂၃ ခုနှစ်အတွင်း အသက် ၂၂ နှစ်အောက်ပြိုင်ပွဲကို နှစ်ကြိမ်ကစားရမည်ဖြစ်သည်။
၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းစ်ပြိုင်ပွဲကို လာမည့် မေ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သော်လည်း အမျိုးသားဘောလုံးပြိုင်ပွဲကို ဧပြီ ၂၉ ရက်ကတည်းက စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ ယူ-၂၂ အသင်းသည် လာမည့်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အချိန်ယူလေ့ကျင့်ပြင်ဆင်ရန် စီစဉ်ထားသော်လည်း နည်းပြအပြောင်းအလဲကြောင့် လက်ရှိအချိန်ထိ လေ့ကျင့်ရခြင်းမရှိသေးကြောင်း သိရသည်။
ယခင်နည်းပြချုပ် ပိုပေါ့ဗ်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းတွင် ရာထူးမှ ရုတ်တရက်နုတ်ထွက်သွားသဖြင့် နည်းပြနေရာ လစ်လပ်လျက်ရှိပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် လက်ရှိအချိန်အထိ နည်းပြသစ် တရားဝင်ခန့်အပ်ရခြင်းမရှိသေးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
