ယခုတစ်ပတ်ကျင်းပခဲ့သည့် ထိုင်းလိဂ်ပြိုင်ပွဲများတွင် မြန်မာကစားသမားများထဲမှ သန်းပိုင်နှင့် လွင်မိုးအောင်တို့ ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရသည်။
ယခုတစ်ပတ် ထိုင်းလိဂ်ပြိုင်ပွဲများကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇၊ ၁၈၊ ၁၉ ရက်များက ကျင်းပခဲ့ခြင်းဖြစ်သည်။
ထိုင်းလိဂ်-၁ ပြိုင်ပွဲတွင် မောင်မောင်လွင်၊ အောင်သူတို့၏ လမ်ဖွန်အသင်းသည် အိမ်ကွင်း၌ ရတ်ချာစီမာအသင်းနှင့် ဂိုးမရှိသရေကျခဲ့သည်။
ယင်းပွဲတွင် မြန်မာကစားသမားနှစ်ဦးစလုံး ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး မောင်မောင်လွင်မှာ ပွဲချိန်ပြည့်ကစားခွင့်ရခဲ့သော်လည်း အဝါကတ်ပြသခံခဲ့ရသည်။
အောင်သူမှာမှာမူ ပွဲကစားချိန် ၆၇ မိနစ်တွင် လူစားလဲခံခဲ့ရသည်။
ဟိန်းဖြိုးဝင်း၏ ရတ်ချာဘူရီအသင်းမှာ ဘန်ကောက်ယူနိုက်တက်ကို(၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ဟိန်းဖြိုးဝင်းမှာ ပွဲကစားချိန် ၈၅ မိနစ်မှ ဝင်ရောက်ကစားခွင့်ရခဲ့သည်။
ထိုင်းလိဂ်-၂ ပြိုင်ပွဲတွင် လွင်မိုးအောင်၏ ရရောင်းအသင်းမှာ ဆာမတ်ပရာကန်အသင်းကို(၄-၀) ဂိုးဖြင့် အနိုင်ရခဲ့ပြီး လွင်မိုးအောင်မှာ ပွဲကစားချိန် ၅၅ မိနစ်တွင် အသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့သည်။
ယင်းဂိုးမှာ လွင်မိုးအောင်အတွက် ယခုရာသီ ၈ ဂိုးမြောက် သွင်းယူသည့်ဂိုးဖြစ်ကြောင်း သိရသည်။
လွင်မိုးအောင်သည် ဇန်နဝါရီလအတွက် ထိုင်းလိဂ် -၂ ပြိုင်ပွဲ၏ တစ်လတာအကောင်းဆုံးကစားသမားဆုကိုလည်း ပြီးခဲ့သည့်ရက်ပိုင်းကမှ ရရှိထားသူဖြစ်သည်။
အောင်ကောင်းမာန်၏ ကာစတမ်အသင်းသည် အူထိုင်းထာနီအသင်းနှင့် ဂိုးမရှိသရေကျခဲ့ပြီး အောင်ကောင်းမာန်မှာမူ ပွဲချိန်ပြည့် ဝင်ရောက်ကစားခွင့်ရခဲ့သည်။
စည်သူအောင်၏ အယုဒ္ဓယအသင်းမှာ နာခွန်ပတ်သွမ်အသင်းကို(၀-၁) ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီး စည်သူအောင်မှာ ပွဲကစားချိန် ၇၂ မိနစ်ရောက်မှ ဝင်ရောက်ကစားခွင့်ရခဲ့သည်။
ထိုင်းလိဂ်-၃ ပြိုင်ပွဲတွင် သန်းပိုင်၏ ကန်ချနာဘူရီစီးတီးအသင်းမှာ သာဝိဆာမတ်ဆာခွန်အသင်းကို(၂-၀) ဂိုးဖြင့် အနိုင်ရခဲ့ပြီး သန်းပိုင်းမှာ ပွဲချိန်ပြည့်ကစားခွင့်ရရှိခဲ့သလို ပွဲကစားချိန် ၆၄ မိနစ်တွင် အသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။
ယင်းဂိုးမှာ ယခုရာသီ သန်းပိုင်၏ ကန်ချနာဘူရီစီးတီးအသင်းအတွက် ၈ ဂိုးမြောက် သွင်းယူသည့်ဂိုး ဖြစ်ကြောင်း သိရသည်။
ငြိမ်းချမ်းအောင်၏ မြောင်ထရန်ယူနိုက်တက်အသင်းမှာ နာခွန်ဆီအသင်းကို(၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ငြိမ်းချမ်းအောင်မှာ ပွဲထွက်ကစားခွင့်ရခဲ့သော်လည်း ပွဲကစားချိန် ၆၄ မိနစ်တွင် လူစားလဲခံခဲ့ရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
