ရီးယဲလ်မက်ဒရစ်အသင်း၏ ဘယ်လ်ဂျီယံဝါရင့်ဂိုးသမား ကော်တိုအာက ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၉)ရက်နေ့က ကစားခဲ့သော အိုဆာဆူနာ (၀-၂) ရီးယဲလ်မက်ဒရစ် လာလီဂါပွဲစဉ်မှ အသင်းဖော်တိုက်စစ်မှူး ဗင်နီစီယပ်စ်အပေါ် အိုဆာဆူနာပရိသတ်များ၏ ရိုင်းပျသည့်ပြောဆိုမှုများအား ပြစ်တင်ဝေဖန်ခဲ့ကြောင်းသိရသည်။
ယင်းပွဲစဉ်တွင် အိမ်ရှင်အိုဆာဆူနာပရိသတ်များသည် ၎င်းတို့အသင်း၏ ဂိုးစည်းဘက်၌ ဗင်နီစီယပ်စ်ဘောလုံးထိချိန်တွင် လူမျိုးရေးခွဲခြားသည့် အဓိပ္ပာယ်သက်ရောက်မှုများပါရှိသော ရိုင်းပျသည့်အော်ဟစ်ပြောဆိုမှုများပြုလုပ်ခဲ့သလို၊ မကြာခဏဆိုသလို လှောင်ပြောင်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
ယင်းအခြေအနေနှင့်ပတ်သက်ပြီး ကော်တိုအာက''သိပ်ကိုဆိုးရွားလှတဲ့အပြုအမူပါပဲ။ သူတို့ (အိုဆာဆူနာပရိသတ်များ)ဟာ Son of b**** ဆိုပြီးအော်ဟစ်ခဲ့သလို၊ ဗင်နီစီယပ် သေဆုံးပြီဆိုတဲ့ ပြောဆိုမှုတွေလည်းရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်တွေအပေါ် ဘယ်သူမှအသံမထွက်ခဲ့ပါဘူး'' ဟုဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
