နာပိုလီအသင်းတိုက်စစ်မှူး အိုဆင်မန်သည် ပြီးခဲ့သည့် ဆာဆူအိုလိုအသင်းနှင့် စီးရီးအေပွဲစဉ်တွင် ဂိုးသွင်းယူပြီးနောက် စီရော်နယ်လ်ဒို၊ မက်ဆီတို့ထက် ပွဲအရေအတွက်နည်းပါးစွာဖြင့် ကစားသမားဘဝ ရာပြည့်ဂိုးသွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
အိုဆင်မန်သည် နာပိုလီအသင်းက ဆာဆူအိုလိုအသင်းကို (၂-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် အနိုင်ဂိုးတစ်ဂိုး သွင်းယူခဲ့ပြီး အဆိုပါမှတ်တမ်းပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
အိုဆင်မန်က ကစားသမားဘဝ (၁၉၇)ပွဲတွင် ရာပြည့်ဂိုးသွင်းယူနိုင်ခဲ့ပြီး စီရော်နယ်လ်ဒို (၃၀၁ ပွဲ) ၊ မက်ဆီ (၂၁၀ ပွဲ)တို့ထက် ပွဲအရေအတွက်နည်းပါးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိရာသီစီးရီးအေပြိုင်ပွဲတွင် အိုဆင်မန်သည် (၁၈)ဂိုးအထိ သွင်းယူထားနိုင်ပြီး ဂိုးသွင်းဘုရင်ဆုအတွက် အပြတ်အသတ် ရေပန်းစားနေသလို၊ နာပိုလီအသင်းမှာလည်း စီးရီးအေချန်ပီယံဆု ရရှိရန်နီးစပ်နေပြီဖြစ်သည်။
ထို့ပြင် အိုဆင်မန်သည် နာပိုလီအသင်းသမိုင်းတစ်လျှောက် စီးရီးအေ (၇)ပွဲဆက် ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
ဆာဆူအိုလိုနှင့်ပွဲတွင် အိုဆင်မန်သည် ဒဏ်ရာကြောင့် ပွဲချိန် (၈၄)မိနစ်တွင် လူစားလဲခံခဲ့ရသော်လည်း ဒဏ်ရာအခြေအနေမှာ မစိုးရိမ်ရကြောင်း သိရသည်။
အိုဆင်မန်က သူ၏ Twitter မှတစ်ဆင့် ''မစိုးရိမ်ကြပါနဲ့၊ ညီအစ်ကိုတို့ရေ၊ ကျွန်တော် အဆင်ပြေပါတယ်'' ဟု အသိပေးခဲ့သည်။
ကစားသမားဘဝ သွင်းဂိုး (၁၀၀) အမြန်ဆုံးပြည့်သူများ
ဟော်လန်း - ၁၄၆ ပွဲ
ဘာပေ - ၁၈၀ ပွဲ
အိုဆင်မန် - ၁၉၇ ပွဲ
မက်ဆီ - ၂၁၀ ပွဲ
အီဘရာဟီမိုဗစ် - ၂၄၅ ပွဲ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
