ဖေဖော်ဝါရီလ(၆)ရက် ဒေသစံတော်ချိန် နံနက်အစောပိုင်းက တူရကီနှင့် ဆီးရီးယားနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် သေဆုံးခဲ့ရသည့် ချယ်လ်ဆီးနှင့် နယူးကာဆယ် တောင်ပံတိုက်စစ်ကစားသမားဟောင်း ခရစ္စတီယန်အက်ဆု၏ ရုပ်အလောင်းကို မိခင်နိုင်ငံ ဂါနာသို့ ပြန်လည်သယ်ဆောင်ခဲ့ပြီး ဂူသွင်းမြှုပ်နှံမည်ဖြစ်ကြောင်း သိရသည်။
ငလျင်လှုပ်ခတ်ပြီးနောက် (၁၂) ရက်အကြာတွင် ပျောက်ဆုံးနေသည့် ဂါနာတောင်ပံကစားသမား အက်ဆု၏ ရုပ်အလောင်းကို ပြီးခဲ့သည့်စနေနေ့တွင်မှ ရှာဖွေတွေ့ရှိခဲ့ပြီး တနင်္ဂနွေနေ့ တွင် ဂါနာနိုင်ငံသို့ သယ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
အသက်(၃၁)နှစ်ရှိပြီဖြစ်သူ အက်ဆုသည် ၂၀၂၂ ခုနှစ် စက်တင်ဘာတွင် ဆော်ဒီကလပ် အယ်လ်ရိဒ်အသင်းမှ တူရကီကလပ် ဟာတေစပေါ်အသင်းသို့ ကနဦးတစ်နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ကစားခဲ့သူဖြစ်သည်။
ဖေဖော်ဝါရီ(၇)ရက်တွင် ၎င်း၏ ကလပ် ဟာတေစပေါ်အသင်းနှင့် ဂါနာဘောလုံးအဖွဲ့ချုပ်က အက်ဆုကို ဒဏ်ရာရရှိထားသည့်အခြေအနေဖြင့် ကယ်တင်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း ၎င်း၏အေးဂျင့်ဖြစ်သူကမူ အဆိုပါသတင်းများ မှန်ကန်မှုမရှိကြောင်း ငြင်းဆန်ခဲ့သည်။
အက်ဆု၏ ရုပ်အလောင်းကို စနေနေ့ နံနက်ပိုင်းတွင် ဟာတေမြို့ရှိ နေအိမ်အပျက်အစီးများအောက်၌ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အေးဂျင့်ဖြစ်သူက Twitter မှတစ်ဆင့် အတည်ပြုခဲ့ပြီး မိသားစုနှင့် ထပ်တူဝမ်းနည်းရကြောင်း ပြောကြားခဲ့သည်။
ပေါ်တိုအကယ်ဒမီထွက် အက်ဆုသည် ပေါ်တို၊ ရီယိုအာဗီ၊ ချယ်လ်ဆီး၊ ဗွီတက်ဆီ၊ အဲဗာတန်၊ ဘုန်းမောက်၊ မာလာဂါ၊ နယူးကာဆယ်၊ အယ်လ်ရိဒ်၊ ဟာတေစပေါ်အသင်းများတွင် ကစားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
