အက်သလက်တီကိုအသင်း၏ အာဂျင်တီးနားလူမျိုး နည်းပြ ဆီမြွန်နီက ဘာစီလိုနာအသင်းမှာ ယခုရာသီလာလီဂါပြိုင်ပွဲ၏ အကောင်းဆုံးအသင်းဖြစ်သည်ဟု ချီးကျူးခဲ့ပြီး နည်းပြဖြစ်သူ ဇာဗီမှာလည်း စစ်မှန်သောဘာစီလိုနာကို ပြန်လည်တည်ဆောက်ပေးနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် ယခုရာသီလာလီဂါပွဲစဉ် (၂၂)ပွဲကစားပြီးချိန်တွင် ရမှတ် (၅၉)မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် (၁)နေရာတွင် ရပ်တည်နေပြီး ဒုတိယနေရာမှာ လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်အား (၈)မှတ်အထိအသာရထားသောကြောင့် ၂၀၁၈-၁၉ ရာသီနောက်ပိုင်း လာလီဂါချန်ပီယံဆုအား တစ်ကျော့ပြန်ရယူနိုင်ရန် အခြေအနေကောင်းများ ပိုင်ဆိုင်လျက်ရှိနေသည်။
ထို့ပြင် ဘာစီလိုနာအသင်းသည် ရီးယဲလ်မက်ဒရစ်အား (၃-၁)ဂိုးဖြင့် အနိုင်ယူကာ ၂၀၂၂-၂၃ ရာသီ စပိန်စူပါဖလားချန်ပီယံဆု အားဆွတ်ခူးထားနိုင်ခဲ့သလို၊ စပိန်ဘုရင့်ဖလားတွင် ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်ထားနိုင်ခဲ့သည်။
ထို့ပြင် ဥရောပပြိုင်ပွဲတစ်ခုဖြစ်သည့် ယူရိုပါလိဂ်တွင်လည်း Knockout အဆင့်သို့ရောက်ရှိနေရော ဇာဗီအနေဖြင့် ယခုရာသီတွင် ဘာစီလိုနာအသင်းအား ဆုဖလား (၄) လုံး လမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးထားနိုင်ခြင်းဖြစ်ခဲ့သည်။
ဘာစီလိုနာအသင်း၏ ယခုရာသီစွမ်းဆောင်ရည်နှင့် ပတ်သက်ပြီး ဆီမြွန်နီက "ဘာစီလိုနာဟာ ဒီရာသီလာလီဂါ ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်းပါပဲ။ ဒါကို သူတို့ (ဘာစီလို နာ)အသင်းရဲ့ နည်းပြဖြစ်တဲ့ ဇာဗီက အကောင်းဆုံးသော ရလဒ်တွေနဲ့ သက်သေပြထားပါတယ်။ ဘာစီလိုနာရဲ့ ဟန်ပန်ဟာ ပြောင်းလဲသွားခဲ့ခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ ဇာဗီရောက်လာပြီးမှ စစ်မှန်သော ဘာစီလိုနာကို ပြန်လည်တည် ဆောက်နိုင်ခဲ့တာပါ။ ဒီရာသီ ဘာစီလိုနာရဲ့ နေရာစုံစွမ်းဆောင်မှုတွေကို သိပ်ကိုအားရကျေနပ်စရာကောင်းပါတယ်" ဟု စပိန်အားကစားသတင်းစာ AS သို့ဖြေကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
