Top News

ကျိန္တလီဒေသ ကမ်းနီး ရေလုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲမှုဧရိယာရှိ ကမ်းနီးငါးဖမ်းရေယာဉ်များတွင် VMS စက်တပ်ဆင်ပြီး သုတေသနပြုလုပ်နေကြောင်း သိရ
24htopnews | October 23, 2024 11:12 PM CST

ရခိုင်ပြည်နယ် သံတွဲခရိုင် ကျိန္တလီဒေသ ကမ်းနီးရေလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲမှု ဧရိယာရှိ ကမ်းနီးငါးဖမ်းရေယာဉ်များတွင် VMS (Vessel Monitoring System) စက် တပ်ဆင်ပြီး သုတေသနပြုလုပ်နေကြောင်းသိရသည်။

ငါးလုပ်ငန်းဦးစီးဌာန၊ ဒေသခံများနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) တို့မှ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး ပင်လယ်ပြင်တွင် နှစ်အလိုက် ငါးဖမ်းဆီးရရှိမှုနှုန်း၊ အရေအတွက် စသည့် သိပ္ပံနည်းကျ အချက်အလက်များရယူနိုင်ရန်အတွက် ထိုစက်များကိုတပ်ဆင် သုတေသနပြုလုပ်နေ ခြင်းဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေး အဖွဲ့ (မြန်မာနိုင်ငံအစီအစဉ် )မှ Marine Conversation Managerဦးသောင်းထွတ်၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ အခုသုံးနေတာက VMS (Vessel Monitoring System) အမျိုးအစားပဲပေါ့။ ဒါပေမယ့် အခုသုံးနေတဲ့ VMS က ကားတွေမှာတပ်တဲ့ဟာမျိုး PTS System ပေါ့။ အမေရိကမှာရှိတဲ့ ကုမ္ပဏီတစ်ခုက နည်းပညာထောက်ပ့ံပေးတာပေါ့။ ကျိန ္တလီ ကမ်းနီးဧရိယာက ရေလုပ်ငန်းကျေးရွာမှာ ဆိုရင် ကျော့ပိုက်လှေ ၁၀ စင်းမှာ ၁၀ လုံး၊ ၂၀၁၆ အောက်တိုဘာကနေပြီးတော့ အခု ၂၀၁၉ အထိတပ်ထားတယ်။ သုံးနှစ် လေ့ လာခဲ့တယ်။ အဲဒီလှေတွေမှာ စက်တပ်တဲ့အပြင်ကိုအဲဒီလှေတွေမှာ ရှိနေတဲ့ တစ်နေ့ရတဲ့ ငါးအမျိုးအစားတွေ ငါးမျိုးစိတ်လိုက် ဖမ်းဆီးရရှိမှုတွေ အဲဒါတွေကို ကျွန်တော်တို့က လေ့လာတယ်။ သူတို့တွေရဲ့ ရှာဖွေဖမ်းဆီးမှု အလေ့အထတွေ၊ ပင်လယ်ပြင်မှာ နေ့စဉ် လိုက် ဖမ်းဆီးရရှိတဲ့ နှုန်းတွေပေါ့ ။ပင်လယ် ပြင်မှာ ငါးတွေဘယ်လောက်ရှိနေတယ်။နှစ် အလိုက် တက်လာသလားကျသွားသလား။အဲဒါကိုတိုင်းတာဖို့အတွက် ဒီသိပ္ပံနည်းကျ အချက်အလက်တွေယူတယ် ရေလုပ်သား တွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ သုတေသနလုပ် နေတာပေါ့။ စီမံကိန်းကပထမ သုံးနှစ်တော့ ပြီးသွားပြီ။အခုနောက်ဒုတိယသုံးနှစ်လောက် ဆက်သွားဖို့ လုပ်နေတယ် ” ဟု ဦးသောင်းထွတ်က ပြောကြားသည်။

ရှားပါးငါးမျိုးစိ်တ်များဖြစ်သည့် ငါးမန်း၊ ငါးလိပ်ကျောက်များကို သုတေသနပြုလုပ်ရန် အခြား ငါးဖမ်းဧရိယာရှိ ငါးဖမ်းလှေများတွင်လည်း တပ်ဆင်ပေးပြီး သုတေသနပြု လုပ်မည်ဖြစ်ကြောင်းသိရသည်။

“ပထမတော့ ကျိန ္တလီ ငါးလုပ်ငန်းပူး ပေါင်း စီမံခန့်ခွဲတဲ့ဧရိယာမှာ ၁၀ လုံးတပ် တယ်။ ၂၀၁၉ မှာတော့ ဂျိတ္တောနဲ့ကျောက် ဖြူမှာ ရှားပါးမျိုးစိတ်တွေဖြစ်တဲ့ ငါးမန်း၊ ငါး လိပ်ကျောက်တွေ သုတေသနအတွက် ၁၅ အလုံးတပ်တယ်ပေါ့။ အဲဒါကတော့ ငါးလုပ် ငန်းပူးပေါင်း စီမံခန့်ခွဲတဲ့ ဧရိယာရယ်လို့ တော့ မဟုတ်ဘူးပေါ့။ ထိန်းသိမ်းရေးဧရိယာထဲမှာ ရယ် နောက်တစ်ခုက ရှားပါးမျိုးစိတ်တွေဖြစ် တဲ့ ငါးမန်း၊ ငါးလိပ်ကျောက်တွေ အဲဒါတွေ လေ့လာဖို့စသုံးတာပေါ့။ ရခိုင်ပြည်နယ်မှာ ဆိုရင် စုစုပေါင်း ၂၅ လုံးပေါ့။ ခုနကပြောတဲ့ နေရာတွေအပြင် ကျိန္တလီနဲ့တစ်ဆက်တည်း ဂွမြို့နယ်နဲ့ တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမှာလည်း ဒါတွေကို စလုပ်နေ ပါပြီ” ဟု ဦးသောင်းထွတ်က ဆက်လက်ပြောကြားသည်။

ကျိန္တလီကမ်းခြေတွင် ကမ်းခြေအရှည် ၂၄ မိုင်၊ကမ်းနီးပင်လယ်ရေပြင် ၁၀ မိုင်၊ စုစုပေါင်း ရေပြင်ဧရိယာမှာ ၂၈၀ စတုရန်းမိုင် ( ၁၇၉၂၀၀ ဧက) အား ကျိန္တလီဒေသ ကမ်းနီး ရေလုပ်ငန်း ပူးပေါင်း စီမံခန့်ခွဲမှုဧရိယာ အဖြစ် ၂၀၁၈ သြဂုတ်လတွင် ပြည်ထောင်စုအဆင့်မှ အသိအမှတ်ပြုကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထိုဧရိယာအတွင်း ငါးထိန်းသိမ်းရေးဇုန်၊ ရာသီအလိုက်ငါးမဖမ်းရဇုန်၊ ပိုက်ကွက်ကန့်သတ်ငါးဖမ်းဇုန်၊ ပင်လယ်လိပ် ထိန်းသိမ်းရေးဇုန်စသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသခံများက ပူးပေါင်းစီမံဆောင် ရွက်နေကြောင်းသိရသည်။

 


READ NEXT
Cancel OK