Top News

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် မိုးကြိုးပစ်ခံရသဖြင့် စေတီတစ်ဆူ၏ အထက်ပိုင်းပျက်စီးပြီး လူတစ်ဦး သေဆုံးခဲ့
24htopnews | October 23, 2024 11:12 PM CST

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် သြဂုတ် ၂၃ ရက် နံနက်ပိုင်းက မိုးကြိုးပစ်ခံရသဖြင့် စေတီတစ်ဆူ၏ အထက်ပိုင်း ပျက်စီးခဲ့ပြီး သြဂုတ် ၂၂ ရက်က မိုးကြိုးပစ်ခံရသဖြင့် လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းသို့ စေတီထီးတော် ပျက်စီးခြင်းနှင့် ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူ ဦးအောင်ကျော်ဝင်းက “စေတီအထက်ပိုင်းက လုံးဝပျက်စီးသွားတယ်။ ထီးတော်လည်း ပါသွားတယ်။ အဲဒီနေ့က မိုးကလည်းရွာတယ်။ မိုးရွာနေတဲ့ အချိန်မှာ မိုးကြိုးပစ်ချလိုက်တာပါ။ အထက်ပစ္စည်းယံလို့ ပြောမလာ။ အဲဒီနေရာကနေ ကျိုးကျသွားတယ်။ တခြားလူတွေကို ထိခိုက်တာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ တောင်ညိုမှာ စေတီလေးဆူရှိတယ်။ အလတ်စားစေတီ ထိမှန်သွားတာပါ။ အဲဒီစေတီက အမြင့်ဆုံးတောင်ကမူမှာ တည်ထားတာပါ၊ နောက်ပြီး ၂၂ ရက်နေ့ကလည်း အမျိုးသမီးတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးသွားတာ ရှိပါတယ်” ဟု ပြောကြားသည်။

အဆိုပါ သေဆုံးသူ အမျိုးသမီးမှာ ပေါက်တောမြို့နယ်၊ ကြိုင်ရှီကျေးရွာနေ မလှဝင်း အသက် ၁၃ နှစ်ဖြစ်ပြီး သြဂုတ် ၂၂ ရက် ညနေ ၄ နာရီကျော် အချိန်ခန့်တွင် မိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မိုးရာသီ၊ အထူးသဖြင့် မိုးဦးရာသီတို့တွင် မိုးကြိုးပစ်ခံရသဖြင့် လူနှင့် ကျွဲ၊ နွား တိရစ္ဆာန်များလည်း သေဆုံးမှု ရှိကြောင်းနှင့် နှစ်စဉ်သေဆုံးမှုများရှိကြောင်း သိရသည်။          

 


READ NEXT
Cancel OK