ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ မရမ်းစမ်းအပိုင်းရှိ မလတ်တောင်ပြိုကျမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး Dead Body အလောင်း ရှာဖွေမှုအား သြဂုတ် ၁၈ ရက် ကတည်းက ရပ်ဆိုင်းထားလိုက်ပြီဟု တာဝန်ရှိသူများ၏ ပြောကြားချက်များအရ သိရသည်။
“ရှာဖွေရေးကိစ္စကို သြဂုတ် ၁၈ ရက်အထိ လုပ်ဆောင်ခဲ့ပါတယ်။ နောက်ဆုံး Dead Body ၆၉ လောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း Dead Body တွေ ထပ်ရှာမတွေ့တော့ဘူး။ အဲဒီတော့ ဝန်ကြီးချုပ်ကြီးကလည်း နောက်ဆုံးအခြေအနေ လာကြည့်သွားတယ်။ အဲဒါနဲ့ သြဂုတ် ၁၉ ရက်မှာ နယ်မြေခံပေါင်မြို့နယ် မီးသတ်ဦးစီးဌာနက နောက်ဆုံးရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီးတော့ Dead Body ရှာဖွေမှုကို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်” ဟုမြေပြိုမှုဖြစ်စဉ်၌ သေဆုံးခဲ့သူများအား ရှာဖွေပေးခဲ့သည့် မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးရဲဇော်လင်းက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “Dead Body ၆၉ လောင်း ရှာဖွေတွေ့ရှိခဲ့ပြီးတဲ့နောက်မှာ နှစ်ရက်ဆက်တိုက်ကို ယန္တရားတွေရဲ့ အကူအညီနဲ့ ရှာဖွေမှုတွေ လုပ်ခဲ့ပါသေးတယ်။ နောက်ထပ်ရှာဖွေတွေ ့ရှိခြင်း မရှိတော့တဲ့အတွက် ရှာဖွေကယ်ဆယ်မှုကို ၁၁ ရက်မြောက်နေ့ ဖြစ်တဲ့ သြဂုတ် ၁၉ ရက် တနင်္လာနေ့မှာ ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
မလတ်တောင် ပြိုကျမှုကြောင့် သေဆုံးခဲ့ကြသူများအား ရှာဖွေမှုကို သြဂုတ် ၁၈ ရက်မှာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ရှာဖွေကယ်ဆယ်ရေးကတော့ ပြီးစီးသွားပြီဖြစ်သည့်အတွက် ရှာဖွေမှုများအား ရပ်ဆိုင်းကြောင်း ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မိကွန်ချမ်းက ပြောကြားသည်။
“ရှာဖွေရေးကို ရပ်ဆိုင်းလိုက်တဲ့အတွက် မိသားစုဝင်တွေဆီကဘာ Complaint မှ မတက်လာဘူး။ ဆက်ရှာလို့လည်း မလွယ်တော့ဘူး။ ဘာ့ကြောင့်လဲဆိုတော့ ရက်တွေကလည်း ကြာလာတာရယ်၊ နောက်အဆောက်အအုံတွေအောက်ကို ပြန်တူးဆွမယ်ဆိုရင် ရေရှည်ဖြစ်သွားလိမ့်မယ်။ အဲ့ဒါတွေကြောင့် အဆင်မပြေနိုင်ဘူး။ နောက် ပရဟိတ အဖွဲ့တွေကလည်း ပင်ပန်းနေကြပြီ။ ရက်ကလည်း ကြာသွားတာကို။ နောက် Dead Body ပြန်ရဖို့က မလွယ်တော့ဘူး” ဟု ပြောကြားသည်။
မွန်ပြည်နယ်တွင် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်ခဲ့သည့် သြဂုတ် ၉ ရက် နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့သော ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာရှိ မလတ်တောင် ပြိုကျမှုကြောင့် နေအိမ် ၂၇ လုံးခန့်နှင့် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမပေါ် ရပ်ထားသည့် ယာဉ်ကားမျိုးစုံ ၁၀ စီးခန့်မြေပြိုကျသည့် အရှိန်ဖြင့် လွှင့်စဉ်ကာ မြေကြီးများ ဖုံးလွှမ်းပျက်စီးခဲ့ကြောင်း၊ သြဂုတ် ၁၆ ရက် မွန်းလွဲပိုင်းအထိ သေဆုံးသူ ၆၉ ဦး၏ ရုပ်အလောင်းများ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
