ချင်းတောင်နှင့် ချင်းတောင်ခြေတို့တွင် မိုးရွာသွန်းမှုများကြောင့် တောင်ကျချောင်းများ ရေများခဲ့ပြီး ကားလမ်းများ ရေကျော်ခဲ့ကာ အနိမ့်ပိုင်းများတွင် ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ် တီးတိန်မြို့နယ် ထေးဇန် ကျေးရွာတွင်လည်း မြေပြိုမှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
“ရေတွေက မြို့ကြီးကုန်းချောင်းလို့ခေါ်တဲ့ ဆီကလာတာ။ ဒီချောင်းက ချင်းတောင်ပေါ်က လာတဲဇီးချောင်းက လာတာပဲ ။ မြို့ကြီးကုန်းနားလေးကြတော့ အနိမ့်ပိုင်းတွေကနေစပြီး ရေကျော်လာပြီးတော့ ကားလမ်းတွေပေါ် ရေကျော်လာတာ။ ဇင်းကလင်းချောင်းနဲ့ အတူတူပဲ။ တောင်ကျချောင်းရေပဲ။ ခဏနေရင် ရေကျသွားတာပဲ။ တစ်ခါတလေလည်း တစ်ရက်လောက်ကြာတယ်” ဟု ဇင်းကလင်းကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။
သြဂုတ် ၂၄ နံနက်ပိုင်းက ဇင်းကလင်းကျေးရွာ အလယ်တန်းကျောင်းရှေ့နှင့် မြို့ကြီးကုန်းရွာအဝင် လမ်းထိပ်အထိ ကလေး-ဂန့်ဂေါ ကားလမ်းပေါ်တွင် ရေကျော်ခဲ့ပြီး ဆိုင်ကယ်များ၊ ယာဉ်ငယ်များ၊ ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များ လုံခြုံဘေးကင်းစွာ သွားလာနိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့များ၊ ယာဉ်ထိန်းရဲများမှ လမ်းပြပေးခြင်း၊ ဆိုင်ကယ်များ ကူညီတွန်းပေးခဲ့သည်ဟု သိရသည်။
“ရေဝင်တာတွေတော့ ရှိတယ်။ ဇင်းကလင်းချောင်းဘေးက အိမ်ကရပ်ကွက်က ကြိုဖျက်ပေးလိုက်တာပါ။ အိမ်က ရေများလာရင် ပါနိုင်ခြေရှိတာပေါ့။ ကြိုရွှေ့ပေးလိုက်တာပေါ့။ ဆေးရုံက သူနာပြုအဆောင်က ရေဝင်ရုံပါပဲ။ ဥပုသ်ချောင်းရေ ပြန်ကျသွားရင်တော့ ပြန်ကျသွားမှာ။ ရွာဖက်တွေမှာတော့ ဇင်းကလင်းကျေးရွာ အနီးမှာတော့ လမ်းပေါ်ရေကျော်တာ အဲဒီရေတွေက တဖြည်းဖြည်း မနက်ကစာရင်တော့ ကျသွားပြီ။ အသွားအလာ ပြတ်တောက်မှုမရှိအောင် ယာဉ်ထိန်းနဲ့ မီးသတ်နဲ့က လမ်းပြပေးနေတာပေါ့။ သူတို့က ဝိုင်းကူပေးတာပေါ့။ ထိုမာရွာဖက်က အနိမ့်ပိုင်းမှာရှိတဲ့ အိမ်တွေရေဝင်တာရှိတယ်။ မင်္ဂလာဥယျာဉ် ရပ်ကွက်ထဲက အိမ်တွေ ရေဝင်တာရှိတယ်။ ဥပုသ်ချောင်း ရေတက်လာတာပေါ့။ သူတို့ကတော့ ကြုံနေကျပါလို့ ပြောပါတယ်။ ဥပုသ်ချောင်းရေက မြန်တယ်။ သူ့ဟာသူ ကျသွားတယ်။ ပင်လုံဖက်မှာလည်း ဥပုသ်ချောင်းရေ ဝင်တာရှိတယ်။ အနောက်မြောက်ဖက်ဒေသမှာတော့ ပြည်တော်သာ တံတားက ရေကျော်တယ်ဆိုလို့ လမ်းလွှဲကနေ သွားခိုင်းထားတယ်။ ကျေးလက်လမ်းက ကြီးကြပ်ပေးနေပါတယ်။ သူတို့ဆောက်တဲ့ တံတားပါ။ မိုးရွာလို့ ရေရိုးရိုးဝင်တာပါပဲ။ ထိုမာဖက်က ဇီးချောင်းရေပေါ့။ ဇီးချောင်းက လမ်းကြောင်းပျောက်ပြီးတော့ မြစ်ထိမပေါက်ဘူး ဖြစ်နေတယ်။ မြစ်ထိပေါက်ဖို့က ပေ ၁၇၀၀၀ လောက်လိုသေးတယ်။ ကျွန်တော်တို့က တင်ထားတယ်။ အရင်နှစ်က ရေလဲဦးပေါက်ခုံဖက် ရေကျော်တို့ ရေမြစ်ဖြိုးက တွက်ချက်ပြီး တင်ထားပါတယ်။ စိုးရိမ်စရာ အခြေအနေ မရှိပါဘူး” ဟု ကလေးမြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ ဒုဦးစီးမှူး ဦးတိုးကျော်သူက ပြောကြားသည်။
ချင်းပြည်နယ် တီးတိန်မြို့နယ် ထေးဇန်ကျေးရွာတွင်လည်း မိုးဆက်တိုက်ရွာသွန်းပြီးနောက် သြဂုတ် ၂၃ ရက်မှစတင်၍ မြေပြိုမှု ဖြစ်ပွားခဲ့သည်ဟု သိရသည် ။
“အရင်ကတည်းက ၂၀၁၅ ကတည်းက ပြိုပြီးသားနေရာမှာ နည်းနည်းပြန်စားတာပေါ့။ ရွာရဲ့ အောက်ဖက်နေရာမှာ ကားလမ်းနဲ့ဆိုရင် ၂ ဖာလုံနဲ့ ၃ ဖာလုံကြားမှာ ဝေးတယ်။ မိုးဆက်ရွာရင်တော့ ပြိုနိုင်မယ့် အခြေအနေတော့ရှိတယ်။ စာသင်ကျောင်းနဲ့ဆို ပေ ၃၀၀၊ ၄၀၀ လောက်ဝေးမယ်လို့ ခန့်မှန်းထားတယ်။ အတိအကျတော့ မသိဘူး။ မြေပြိုတာ အက်ကြောင်းတွေကတော့ နည်းနည်းတော့ရှိတယ်။ အရင်က မနေ့က အက်ကွဲတဲ့ဟာတွေက အပေါ်ပိုင်းမှာ အက်ကွဲတဲ့ဟာတွေက အခုကုန်ပါသွားပြီ။ မိုးဆက်ရွာတယ် ဆိုရင်တော့ ပြိုဦးမှာ။ မိုးမရွာတော့ဘူး ဆိုရင်တော့ လန့်စရာ မလိုပါဘူး။ အဲဒီနေရာတော့ ဘာမှလုပ်မထားဘူး” ဟု ထေးဇန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်ခန့်မုန်က ပြောကြားသည်။
အဆိုပါ ထေးဇန်ကျေးရွာသည် ကလေး -ဖလမ်း-ဟားခါး လမ်းပေါ်တွင် တည်ရှိပြီး ကလေးမြို့ မှ ၂၇ မိုင် ဝန်းကျင်ခန့် ကွာဝေးကာ အိမ်ခြေ ၁၀၀ ကျော်ရှိသည့် ကျေးရွာဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
