ကော့သောင်းမြို့တွင် ဖြစ်ပွားခဲ့သော စားသောက်ဆိုင်ဝန်ထမ်း မိန်းကလေး နှစ်ဦးအား ညှဉ်းပန်းနှိပ်စက်မှုမှ ကျူးလွန်သူနှစ်ဦး အပါအဝင် နောက်ထပ်ပါဝင် ပတ်သက်သူ နှစ်ဦးကိုလည်း ထပ်မံဖမ်းဆီးရမိထားကာ ကျူးလွန်သူများအား လူကုန်ကူးမှုဖြင့် အမှုဖွင့်ထားသလို ပရဟိတအသင်းများမှလည်း လိုက်ပါကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ရန်ကြီးအောင်လမ်းတွင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် မိန်းကလေးဝန်ထမ်း နှစ်ဦးအား ဆိုင်ရှင်ဖြစ်သူ ဒေါ်အေးနှင့် ဆိုင်အလုပ်သမားဖြစ်သူ မသဲသဲ (ခ) ပွင့်သစ်ကျော်တို့မှ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်သည် ဟုဆိုကာ ကော့သောင်းမြို့မ ရဲစခန်းမှ (ပ)၁၇၆၄/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၂၆/၃၄၂/၅၀၆/၁၁၄ တို့ဖြင့် ဖမ်းဆီးအရေးယူ ထားခဲ့ကြောင်း သိရသည်။
အဆိုပါ အမှုအား ယခုအခါ လူကုန်ကူးမှုမြောက်ကြောင်း ထပ်မံစစ်ဆေး တွေ့ရှိသည့်အတွက် လူကုန်ကူး တားဆီးနှိမ်နင်းရေးအဖွဲ့မှ ပါဝင်ကျူးလွန်သူ မသက်ခိုင်နှင့် ဘိုဘိုဟန်တို့နှစ်ဦးအား ထပ်မံဖမ်းဆီးကာ ကျူးလွန်သူ လေးဦးစလုံးကို ပုဒ်မ ၂၄၊၂၉၊၃၂ တို့ဖြင့် ထပ်မံအမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။
“ရန်ကုန်ကနေဒီဘက်ကို ကျွန်မတို့ဆင်းလာတယ်။ ပထမဆုံးရဲစခန်းကို သွားခဲ့တယ်။ အမှုဖြစ်စဉ်ကို စုံစမ်းခဲ့တယ်။ သူတို့ဖွင့်ထားတဲ့ ပုဒ်မတွေကို ကျွန်မတို့ ကြည့်လိုက်တဲ့အခါမှာ ရိုးရိုးသာမန်ပုဒ်မတွေပဲ ဖြစ်နေတဲ့အတွက် ဘယ်လိုဆက်လုပ်ရမလဲ စဉ်းစားခဲ့တယ်။ အရမ်း နှိပ်စက်ထားတာကိုလည်း တွေ့ထားရတယ်။ ဆေးရုံမှာလည်း ကျွန်မသွားတွေ့တယ်။ မိန်းကလေးတွေရဲ့ ပြောပြချက်အရ လူကုန်ကူးမှုတပ်ဖွဲ့မှ ရဲအုပ်အောင်ဇော်မိုးနှင့် သွားရောက်တွေ့ဆုံခဲ့တယ်။ အမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆရာတို့ဘက်က ဘယ်လိုကူညီပေးရမလဲဆိုတော့ ရဲအုပ်က ဆေးရုံကိုလိုက်လာတယ်။ ဖြစ်စဉ်ကိုမေးတဲ့အခါ ဒါကလူကုန်ကူးမှုလည်း မြောက်တယ်။ မတရားညှဉ်းပန်း နှိပ်စက်မှုလည်း ဖြစ်နေတယ်။ ဒါကြောင့် ကျွန်မတို့ လူကုန်ကူးမှုပုဒ်မ ၂၄ နှင့်ဖွင့်ပြီး ညတွင်းချင်းပဲ သွားရောက်ဖမ်းဆီး ခဲ့ပါတယ်။ ပြီးတော့ ဘာလုပ်ပေးထားသလဲ ဆိုတော့ တော်ဝင်ခရေကွန်ရက်ကနေ ရှေ့နေငှားပေးထားတယ်။ စားသောက်ဖို့ အသုံးစရိတ်တွေလည်း ပေးထားပါတယ်။ ဆေးရုံကဆင်းပြီး နောက်မှာ ၄ မိုင်မှာရှိတဲ့ စောင့်ရှောက်ရေးစခန်းမှာ ထိန်းသိမ်းစောင့်ရှောက် ထားပါတယ်။ ဒီအမှုကို ပြီးတဲ့အထိလည်း ရှေ့နေငှားထားပါတယ်။ အမှုပြီးသွားရင် မိန်းကလေးနှစ်ဦးကို သူ့ရဲ့အိမ်ဖြစ်တဲ့ ရန်ကုန်မှာရှိတဲ့ ဒဂုံဆိပ်ကမ်းအိမ်ကို ပြန်မယ်ဆိုရင် မိခင်နှင့် ကလေးအသင်းကလည်း ကူညီမယ်။ ရဲတပ်ဖွဲ့ကလည်း ကူညီချိတ်ဆက်ပြီး ပြန်ပို့ပေးမှာပါ” ဟု တော်ဝင်ခရေကွန်ရက်မှ အတွင်းရေးမှူး ဒေါ်သင်းသင်းစိုးက ပြောကြားသည်။
စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်သူ ဒေါ်အေး (၄၀ နှစ်) နှင့်ကျူးလွန်သူ သုံးဦးမှာ အမျိုးသမီး အလုပ်သမား နှစ်ဦးအား ထမင်းချက်၊ အဝတ်လျှော်သည့်အလုပ် လုပ်ကိုင်ရမည်ဟုပြောပြီး ခေါ်ယူလာကာ စားသောက်ဆိုင်တွင် အတင်းအဓမ္မ ပြည့်တန်ဆာ လုပ်ခိုင်းခြင်း၊ ဖမ်းဆီးချုပ်နှောင်ထားခြင်း၊ သံကြိုးဖြင့် ချည်နှောင်ကာ ခေါင်းတုံးတုံးခြင်း၊ ခန္ဓာကိုယ်အား ရေနွေးပူဖြင့်လောင်းခြင်း၊ ခန္ဓာကိုယ်အား သံပြားမီးကင်၍ ကပ်ခြင်း၊ ဦးခေါင်းအားခုံဖြင့် ရိုက်ခြင်း၊ ထမင်းမကျွေးဘဲထားခြင်း၊ သောက်ရေအဖြစ် အိမ်သာရေကိုတိုက်ခြင်း စသည့် လူမဆန်သည့် ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်အား ရဲတပ်ဖွဲ့မှ ဖမ်းဆီးအရေးယူထားကာ ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်နေကြောင်း ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးထွန်းဦးက ပြောကြားသည်။
ညှဉ်းပန်းနှိပ်စက်ခံရသည့် မိန်းကလေးနှစ်ဦးကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ ယာယီလက်ခံ စောင့်လျှောက်ရေး ဂေဟာတွင် ကူညီထားရှိ ပေးထားပြီး တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေထွန်းကလည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူကုန်ကူးမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများအတွက် စံပြအနေဖြင့် အရေးယူခံရသည်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တော်ဝင်ခရေကွန်ရက် အဖွဲ့ဝင်များက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
