Top News

ညောင်တုန်း-မအူပင် ရေနံနှင့် သဘာဝဓာတ်ငွေ့မြေ နေရာတွင် သဘာဝဓာတ်ငွေ့ ကုဗပေ သုံးသန်းကျော် နေ့စဉ်ထွက်ရှိနိုင်သည့် ဓာတ်ငွေ့သိုက်တစ်ခု တူးဖော်ရရှိ
24htopnews | October 23, 2024 11:12 PM CST

ညောင်တုန်း-မအူပင် ရေနံနှင့် သဘာဝဓာတ်ငွေ့မြေနေရာတွင် နေ့စဉ်သဘာဝဓာတ် ငွေ့ ကုဗပေ သုံးသိန်းကျော် ထွက်ရှိနိုင်သည့် ဓာတ်ငွေ့သိုက်တစ်ခုကို မအူပင်တောင်စမ်းတွင်းဒေသ၌ သြဂုတ် ၁၈ ရက်က တူးဖော်ရရှိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သတင်းရရှိသည်။

မအူပင်တောင်စမ်းတွင်း ဒေသတွင် သဘာဝဓာတ်ငွေ့သိုက် ရှာဖွေတူးဖော်နေသည့် တွင်းသုံးတွင်းထိရှိပြီး တွင်းအမှတ် ၂၂ အား ပေ ၇၀၀၀ ကျော်ထိ တူးဖော်ထားပြီးဖြစ်ကြောင်း၊ တွင်းအမှတ် ၂၀ ကိုမူ ပေ ၈၀၀၀ ကျော်ထိ တူးဖော်ထားခဲ့ကြောင်း၊ လက်ရှိ သဘာဝဓာတ်ငွေ့သိုက် တွေ့ရှိသည့် တွင်းအမှတ် ၂၃ မှာ တွင်းတူးနေစဉ် ထူးခြားမှုများရှိ၍ ပေ ၉၅၀၀ ကျော်အထိ တူးဖော်ပြီးချိန်တွင် နေ့စဉ်သဘာဝဓာတ်ငွေ့ ကုဗပေ သုံးသန်းကျော်ခန့် ထွက်ရှိမည့် သဘာဝဓာတ်ငွေ့သိုက်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“မအူပင်တောင် ရေနံစမ်းတွင်းပေါ့။ ဒါနဲ့ဆို သူတို့တူးတာ သုံးတွင်းမြောက်ရှိနေပြီ။ တွင်းအမှတ် ၂၂ ဆိုရင် ပေ ၇၀၀၀ ကျော်တယ်။ တွင်းအမှတ် ၂၀ ဆိုရင် ပေ ၈၀၀၀ ကျော်တယ်၊ အခုနောက်ဆုံးတွင်းက ၁၈ ရက်ကမှစပြီး တော့ ၁၈ ရက်မှာတွေ့တဲ့ တွင်းကတော့ တွင်းအမှတ် ၂၃ ပေါ့။ ပေ ၉၅၀၀ လောက်ရှိပါတယ်။ အဲဒီတွင်းတွေ ဆိုလို့ရှိရင် စီးပွားဖြစ် ထုတ်လုပ်နိုင်ဖို့အတွက် အဆင်သင့်ဖြစ်ထားပြီ ဖြစ်တဲ့အတွက် အောင်းထားတာပေါ့။ တွင်းကို အဲဒီအနေအထား ရှိပါတယ်။ လောလောဆယ်ဆို သုံးတွင်းပေါ့။ စီးပွားဖြစ် ထုတ်လုပ်နိုင်မယ့် အခြေအနေ ရောက်မယ်ဆိုရင်တော့ ဖွင့်ပြီးတော့ ထုတ်မှာပါ။ အဲဒီအနေအထား ရှိပါတယ်။ ကုဗပေ သုံးသန်းကျော်လောက် ရှိပါတယ်။ အခု နောက်ဆုံးတွင်းက တွင်းအမှတ် ၂၃ ပေါ့။ အခုလ ၁၈ ရက်ကမှ စပြီးတော့ တွေ့တာပါ။ စီးပွားဖြစ် ထုတ်လုပ်နိုင်တဲ့ အနေအထား ရှိပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ဆိုသည်။

ညောင်တုန်း-မအူပင် ရေနံနှင့် သဘာဝဓာတ်ငွေ့မြေမှ နေ့စဉ်သဘာဝဓာတ်ငွေ့ ကုဗ ပေ ၃၅ သန်းနှင့် လေဆီ ၃၀၅ စည်ခန့်ကို ထုတ်လုပ်နေလျက်ရှိပြီး ပြည်တွင်းစက်ရုံများကို အဓိကထား ဖြန့်ဖြူးပေးနေလျက်ရှိကြောင်း သိရသည်။          

 

 


READ NEXT
Cancel OK