သြဂုတ် ၂၃ ရက်အထိ H1N1 သံသယ လူနာ ၁၃၈၆ ဦးအနက် ရောဂါပိုးတွေ့ရှိ သူ ၅၈၀ ဦး၊ သေဆုံးသူ ၁၀၂ ဦးအထိရှိပြီး ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ လူနာတစ်ဦးစီ ထပ်မံသေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာနမှ သိရသည်။
ဇန်နဝါရီမှ သြဂုတ် ၂၃ ရက်အထိ တုပ် ကွေးဆန်သော ရောဂါလက္ခဏာများ (Influenza-like illness - ILI) ဖြစ်ပွားသူ ၃၈၅ ဦးအနက် A (H1N1) ဖြစ်ပွားသူ ၉၃ ဦး၊ A (H3N2) ဖြစ်ပွားသူ ၁၆ ဦး၊ Influenza B ဖြစ်ပွားသူ ၁၁ ဦးရှိကြောင်းနှင့် လတ်တလော ပြင်းထန်အဆုတ်ရောင်ရောဂါ (Severe Acute Respiratory Infection - SARI) ဖြစ်ပွားသူ ၁၀၀၃ ဦးအနက် A (H1N1) ဖြစ်ပွားသူ ၃၉၆ ဦး၊ A (H3N2) ဖြစ်ပွားသူ ၃၂ ဦး၊ Influenza B ဖြစ်ပွားသူ ၃၃ ဦးရှိသည်။
“သြဂုတ်၂၃ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဓာတ်ခွဲစစ်ဆေးသူ ၁၃၈၆ ဦးရှိပြီး အတည်ပြုလူနာ ၅၈၀ ဦးရှိပါတယ်။ သေဆုံးသူ စုစုပေါင်း ၁၀၂ ဦးအထိရှိပါတယ်။ လက်ရှိအထိ သေဆုံးသူဦးရေ ရန်ကုန်မှာ ၆၆ ဦး၊ ဧရာဝတီမှာ ၁၃ ဦး၊ ပဲခူးမှာ ကိုးဦး၊ မကွေး၊ မွန်နဲ့စစ်ကိုင်းမှာ သုံးဦးစီ၊ ရခိုင်မှာ နှစ်ဦးနဲ့ ကချင်၊ ရှမ်းတောင်၊ တနင်္သာရီမှာ တစ်ဦးစီနဲ့ စုစုပေါင်း ၁၀၂ ဦးရှိပါပြီ” ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ရာသီတုပ်ကွေးရောဂါ ဓာတ်ခွဲအတည်ပြုဖြစ်ပွား၊ သေဆုံးသူဦးရေ စာရင်းအရ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှသြဂုတ်၂၃ ရက်အထိ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ရာသီတုပ်ကွေးရောဂါ ဓာတ်ခွဲအတည်ပြုဖြစ်ပွား၊ သေဆုံးသူဦးရေ စာရင်းအရ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ်၂၃ ရက်အထိ ရန်ကုန်တွင် ဓာတ်ခွဲစစ်ဆေးသူ ၆၁၇ ဦးအနက် အတည်ပြုလူနာ ၂၆၄ ဦး၊ သေဆုံး ၆၆ ဦး၊ ဧရာဝတီတွင် ဓာတ်ခွဲစစ်ဆေးသူ ၁၁၂ ဦး အနက် အတည်ပြုလူနာ ၅၅ ဦး၊ သေဆုံး ၁၃ ဦး၊ စစ်ကိုင်းတွင် ဓာတ်ခွဲစစ်ဆေးသူ ၂၄ ဦး အနက် အတည်ပြုလူနာ ၁၂ ဦး၊ သေဆုံး သုံး ဦး၊ မွန်တွင် ဓာတ်ခွဲစစ်ဆေးသူ ၂၁ ဦး အ နက်အတည်ပြုလူနာ ၁၁ ဦး၊ သေဆုံး သုံးဦး ရှိခဲ့ကြောင်း၊ ပဲခူးတွင် ဓာတ်ခွဲစစ်ဆေးသူ ၉၀ ဦးအနက် အတည်ပြုလူနာ ၃၅ ဦး၊ သေ ဆုံးသူကိုးဦး၊ နေပြည်တော်တွင် ဓာတ်ခွဲစစ် ဆေးသူ ၁၆၀ ဦးအနက် အတည်ပြုလူနာ ၆၉ ဦး၊ မကွေးတွင် ဓာတ်ခွဲစစ်ဆေးသူ ၄၄ ဦး အနက် အတည်ပြုလူနာ၂၇ ဦး၊ သေဆုံးသူ သုံးဦး၊ မန္တလေးတွင် ဓာတ်ခွဲစစ်ဆေးသူ ၂၆ ဦးအနက် အတည်ပြုလူနာ ကိုးဦး၊ ရခိုင်တွင် ဓာတ်ခွဲစစ်ဆေးသူ ၇၄ ဦးအနက် အတည်ပြု လူနာ ၃၀ ဦး သေဆုံးနှစ်ဦး၊ ရှမ်း(မြောက်) တွင် ဓာတ်ခွဲစစ်ဆေးသူ ၁၁ ဦးအနက် အ တည်ပြု လူနာလေးဦး၊ ရှမ်း (တောင်) တွင် ဓာတ်ခွဲစစ်ဆေးသူ ၁၄ ဦးအနက် အတည်ပြု လူနာ ကိုးဦး သေဆုံးသူတစ်ဦး ၊ ရှမ်း (အရှေ့)တွင် ဓာတ်ခွဲစစ်ဆေးသူ တစ်ဦးအနက် အတည်ပြုလူနာမရှိ၊ တနင်္သာရီတွင် ဓာတ်ခွဲ စစ်ဆေးသူ ရှစ်ဦးအနက် အတည်ပြုလူနာ လေးဦး၊ သေဆုံးသူတစ်ဦး၊ ကချင်တွင် ဓာတ် ခွဲ စစ်ဆေးသူ ၉၃ ဦးအနက်အတည်ပြုလူနာ ၃၁ ဦးသေဆုံးတစ်ဦး၊ ချင်းတွင်ဓာတ်ခွဲ စစ်ဆေးသူသုံးဦးနှင့် ကရင်တွင် ဓာတ်ခွဲစစ်ဆေးသူ ၇၉ ဦးအနက် အတည်ပြုလူနာ ၁၁ ဦးရှိကြောင်း ကြေညာထားသည်။
ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အလိုက် Seasonal Influenza ဓာတ်ခွဲအတည်ပြု သေဆုံးသူဦးရေ စာရင်းအရ ဒဂုံမြို့သစ် (တောင်ပိုင်း) တွင် ငါးဦး၊ လှိုင်သာယာတွင် ခြောက်ဦး၊ သင်္ဃန်းကျွန်းတွင် လေးဦး၊ ဒဂုံ (ဆိပ်ကမ်း) တွင်တစ်ဦး၊ သန်လျင်တွင် လေး ဦး၊ မြောက်ဥက္ကလာပတွင် လေးဦး၊ မင်္ဂလာဒုံ တွင် သုံးဦး၊ ဒဂုံ မြို့သစ် (မြောက်)တွင် နှစ်ဦး၊ ဒဂုံအရှေ့တွင် နှစ်ဦး၊ လှည်းကူးတွင် တစ်ဦး၊ မရမ်းကုန်းတွင် တစ်ဦး၊ မှော်ဘီတွင် လေးဦး၊ သာကေတတွင်လေးဦး၊ မင်္ဂလာတောင်ညွန့်တွင် နှစ်ဦး၊ ရွှေပြည်သာတွင် နှစ်ဦး၊ ရန်ကင်းတွင် နှစ်ဦး၊ သုံးခွတွင်နှစ်ဦး၊ ကြည်မြင်တိုင်တွင် တစ်ဦး၊ စမ်းချောင်းတွင် နှစ်ဦး၊ ထန်းတပင်တွင်နှစ်ဦး၊ လှိုင်တွင် တစ်ဦး၊ တွံတေးတွင်တစ်ဦး၊ တာမွေတွင် တစ်ဦး၊ ဒေါပုံ တွင် တစ်ဦး၊ ကွမ်းခြံကုန်းတွင် နှစ်ဦး၊ ဗိုလ်တထောင်တွင် တစ်ဦး၊ အလုံတွင်တစ်ဦး၊ ကော့မှူးတွင်နှစ်ဦး၊ ဆိပ်ကြီး ခနောင်တိုတွင်တစ်ဦး ဇူလိုင် ၃၁ ရက်အထိ စုစုပေါင်း ၆၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
