ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီက ဦးစီး၍ တောင်းဆိုချက် သုံးချက်ဖြင့် လုပ်ဆောင်နေသည့် ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ထောက်ခံကြိုဆိုကြောင်း သြဂုတ် ၂၄ ရက်က အခြေခံပညာ ပညာရေး လုပ်သားများ ဗဟိုအလုပ်အမှုဆောင် ကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။
ထုတ်ပြန်ချက်တွင် ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီက ဦးစီး၍ B.A (Edu), B.Sc (Edu) နှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန်၊ အခြေခံပညာမှ အဝေးသင် တက်ရောက်ရာတွင် ခွင့်ရက်လုံလောက်စွာ ရရှိရန်၊ ပညာရေး ကောလိပ်ကျောင်းသားများ သမဂ္ဂအပေါ် ဖိနှိပ်မှုရပ်တန့်ပေးရန် စသည့်တောင်းဆိုချက် သုံးချက်နှင့်အတူ ပညာရေးကောလိပ် အသီးသီးတွင် ဖဲကြိုးစိမ်းလှုပ်ရှားမှု ရက်သတ္တပတ် ကန်ပိန်းများ ပြုလုပ်လျက်ရှိကြောင်း ဖော်ပြထားသည်။
အခြေခံပညာကဏ္ဍတွင် ဆရာ၊ ဆရာမများ ပညာဆက်လက်သင်ယူခွင့်နှင့် ပတ်သက်၍ တန်းတူညီမျှသော အခွင့်အရေးများ၊ ရသင့်ရထိုက်သော အခွင့်အရေးများ ဆုံးရှုံးနေသည်ကို အခြေခံပညာ ပညာရေးလုပ်သားများ သမဂ္ဂအနေဖြင့် ထဲထဲဝင်ဝင် သိရှိစာနာ နားလည်သည့်အပြင် ပညာရေးဝန်ထမ်းများ အခွင့်အရေး၊ ကျောင်းသား ကျောင်းသူများ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ဖွဲ့စည်းထားသော သမဂ္ဂအသီးသီးပေါ်တွင်လည်း ဘက်စုံဖိနှိပ်ချုပ်ချယ်မှုများ ရှိနေသည်ကို ခံစားနားလည်မိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
ထို့ကြောင့် ဖဲကြိုးစိမ်းလှုပ်ရှားမှုကော်မတီက ဦးစီးဆောင်ရွက်နေသည့် ဖဲကြိုးစိမ်း လှုပ်ရှားမှု ရက်သတ္တပတ် ကန်ပိန်းများအား အခြေခံပညာ ပညာရေးလုပ်သား သမဂ္ဂများ ဗဟိအလုပ်မှုဆောင် ကော်မတီအနေဖြင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်ကြေညာထားသည်။
ဖဲကြိုးစိမ်းလှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် သတ်မှတ်ထားသည့် သြဂုတ် ၁၉ ရက်မှ စတင်ကာ သြဂုတ် ၂၃ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်းရှိ ပညာရေးကောလိပ် ၁၁ ခုတွင် တစ်ရက်လျှင် နှစ်ကျောင်းနှုန်းဖြင့် ဖဲကြိုးစိမ်းလှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။
နိုင်ငံတစ်ဝန်းရှိ ပညာရေးကောလိပ်များတွင် ဖဲကြိုးစိမ်းလှုပ်ရှားမှု ရက်သတ္တပတ်အတွင်း လှုပ်ရှားမှုများ ဆက်တိုက် လုပ်ဆောင်သွားမည်ဖြစ်ပြီး တောင်းဆိုချက်သုံးချက် မရရှိပါက ပိုမိုပြင်းထန်သည့် လှုပ်ရှားမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
