ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး -မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ သိန္နီရေပူအမြဲတမ်း စစ်ဆေးရေးဂိတ်အား သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက လက်နက်ကိုင်အဖွဲ့များက လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှုမှာ သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၃ နာရီကျော် အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရေပူဂိတ်လုံခြုံရေး အဖွဲ့များနှင့် နံနက် ၅ နာရီကျော်သည်အထိ နှစ်ဖက် အပြန်အလှန် ပစ်ခတ်ခဲ့ကြကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ပစ်ခတ်မှုများကြောင့် ရေပူအမြဲတမ်း စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် ပိန်းဆာ ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ရေပူဂိတ်ကို အဝေးကနေပြီးတော့ လက်နက်ကြီးနဲ့ ပစ်တာပေါ့။ ဒီဘက်ကလည်း ပြန်ပစ်တာပေါ့။ ဂိတ်မှာတော့ လုံခြုံရေး ယူထားတဲ့ ရဲတွေရှိတယ်။ ပြည်သူ့စစ်တွေရှိတယ်။ တပ်မတော်ကလည်း လမ်းတစ်လျှောက်တော့ လုံခြုံရေး ယူထားတာပေါ။ မနက်လောက်ရောက်တော့ အဝေးကနေ ပြန်ပစ်တာပေါ့။ ပစ်ခတ်မှုကြောင့် ပြည်သူ့စစ်တစ်ယောက် သေဆုံးပြီး တစ်ဦးဒဏ်ရာရပါတယ်” ဟု သိန္နီမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ရေပူအမြဲတမ်း စစ်ဆေးရေးဂိတ်ကို သြဂုတ်လ ၁၅ ရက်နေ့က ဖြစ်ပွားသော ဂုတ််တွင်းတံတား အပါအဝင် အခြားနေရာများ၌ ပစ်ခတ်မှုဖြစ်စဉ်များ အပြီးတွင် စစ်ဆေးရေးအဖွဲ့စုံမှ ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုများ ခေတ္တရပ်နားထားသဖြင့် ဝန်ထမ်းများမရှိဘဲ လုုံခြုံရေးများသာ ရှိနေကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းတွင် ဖြစ်ပွားသော ပစ်ခတ်မှု ဖြစ်စဉ်များကြောင့် လားရှိုး - သိန္နီလမ်းပိုင်းတွင် နံနက်ပိုင်း အချိန်၌ ယာဉ်အသွားအလာများ ရပ်တန့်သွားခဲ့ပြီး နေ့လယ်ပိုင်းတွင် ပုံမှန်အတိုင်း ပြန်လည် သွားလာနေပြီ ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
