Top News

ထားဝယ်ပညာရေးကောလိပ်၌ ကျောင်းသူကျောင်းသား ၄၀၀ ခန့်ဖြင့် ဖဲကြိုးစိမ်းလှုပ်ရှားမှု ပြုလုပ်
24htopnews | October 23, 2024 11:13 PM CST

  ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂ များ အဝေးသင်တက်ရာတွင် လစာအဖြတ်ခံရခြင်း၊ လုံလောက်သောခွင့်မရရှိမှုစသောအ ချက်သုံးချက်ပါဝင်သည့် တောင်းဆိုချက်များ ဖြင့် ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ထားဝယ်ပညာရေး ကောလိပ်တွင် သြဂုတ် ၂၃ ရက် နံနက်က ကျောင်းသား ၄၀၀ ခန့် ပါဝင်လှုပ်ရှားမှုပြုလုပ် ခဲ့ကြောင်း သိရသည်။

          ထားဝယ်ပညာရေးကောလိပ်တွင် ပြုလုပ်သည့် ဖဲကြိုးစိမ်းလှုပ်ရှားမှုကို နံနက် ၈ နာ ရီခွဲမှ ၉ နာရီခွဲအထိပြုလုပ်ခဲ့ပြီး ကျောင်းသား ကျောင်းသူများက ဖဲကြိုးစိမ်းများတပ်ဆင်ပေး ခြင်းနှင့် တောင်းဆိုချက်များပါဝင်သည့်လက်ကမ်းစာစောင်များကို ဖြန့်ဝေသည့်လှုပ်ရှားမှု များဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          “အခုဖဲကြိုးစိမ်းသဘောနဲ့ သွားတာက အနုနည်းနဲ့ ဆိုတဲ့သဘောပေါ့။ အရင်တုန်းက လိုလှုပ်ရှားဆန္ဒပြတာမဟုတ်ဘူး။ အရင်ဆုံး ပဏာမသဘောအနေနဲ့ ကမ်ပိန်းပုံစံနဲ့ သွား တာပါ။ ဘာလို ့အခုလိုလုပ်ရလဲဆိုရင်တော့ ကျွန်တော်တို့ ပညာရေးကောလိပ်မှာ အခု ၀ိဇ္ဇာ၊ သိပ္ပံ B.A Education ၊B.SC Education တက်ဖို ့ဟာကို ဝန်ကြီးတွေအနေနဲ ့ဟိုတစ်ခါတုန်းက ဖဲကြိုးစိမ်းကော်မတီနဲ့ တွေ့တဲ့ အချိန်မှာ သေသေချာချာမပြောလိုက်ဘူး။ဘယ်အချိန်ဖွင့်မယ်၊ လူကိုဘယ်လိုကန့်သတ်မယ်၊ ပြီးတော့သူ့ရဲ့ ဘွဲ့အရည်အသွေးတွေ အာမခံမှုတွေ တိကျတဲ့မူဝါဒတွေ မပေးဘူး။ ဒါကြောင့် ဒါကိုအချက်သုံးချက်နဲ့ လုပ်တယ်။ကျွန်တော်တို ့ပညာရေးကောလိပ်ဆင်းတွေ အဝေးသင်တက်တဲ့အချိန်မှာ လစာဖြတ်တာ တွေ ရှိနေတယ်။ ကျောင်းအုပ်တွေကနေပေါ့။အဲဒါကို လုံလောက်တဲ့ခွင့်တွေ ပေးဖို့ပေါ့။ကျွန်တော်တို ့အစည်းအဝေးသွားတုန်းက အခြေ ခံပညာရေးဦးစီးဌာနကို ဒီကိစ္စပြောတာကို သူတို့က သေသေချာချာလုပ်ပေးမယ်လို့ မပြောဘူး။ ကျွန်တော်တို့ဘက်ကနေ ခွင့်တွေ အဖြတ်ခံနေရတာတွေ သေချာတင်ပြပေမဲ့ အခြေခံပညာဘက်ကနေ သေသေချာချာ မ လုပ်ပေးဘူး။ ဒါကြောင့်အခုလိုပြန်ပြီးလှုပ်ရှား တာပါ”ဟု တနသာင်္ရီတိုင်းဒေသကြီးအခြေခံပ ညာဆရာများ သမဂ္ဂဖြစ်မြောက်ရေးဦးဆောင် ကော်မတီအဖွဲ့ဝင်ဖြစ်သူ ကိုဝေယံစိုးက ပြော ကြားသည်။

          ထားဝယ်ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂမှ ဦးဆောင်ပြုလုပ်သည့်ဖဲကြိုးစိမ်း လှုပ်ရှားမှု၌ ပညာဆက်လက်သင်ကြားခွင့်အ ပါအဝင် ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများဖိနှိပ်မှုကင်းစွာနှင့် လွတ်လပ်စွာရပ် တည်ခွင့်ရရှိရေး၊ ပညာရေးကောလိပ်ကျောင်း ဆင်းများ အဝေးသင်တက္ကသိုလ်တက်ရာတွင် လစာဖြတ်မှုမရှိဘဲ လုံလောက်သောခွင့်ရက် ရရှိစေရေး၊B.A (edu) နှင့် B.Sc (edu) နှင့် ပတ်သက်၍ဘွဲ့အရည်အသွေး၊လူဦးရေမည် မျှကန့်သတ်ခေါ်ယူမည်နှင့် မည်သို ့ရွေးချယ် ခေါ်ယူမည့် တိကျသောမူဝါဒများကို ပွင့်လင်းစွာထုတ်ပြန်ပေးရန်အတွက် တောင်းဆိုမှုများ ဖြင့်ဖဲကြိုးစိမ်းလှုပ်ရှားမှုရက်သတ္တပတ် ပဥ္စမ မြောက်နေ့အဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

          ဖဲကြိုးစိမ်းလှုပ်ရှားမှုကို တစ်နိုင်ငံလုံးရှိ ပညာရေးကောလိပ်များ၌ လုပ်ဆောင်သွား မည်ဖြစ်ပြီး ပြီးခဲ့သည့်ရက်များအတွင်းက တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့မှပညာရေး ကောလိပ်များ၌ လှုပ်ရှားခဲ့ပြီးဖြစ်ကာ သြဂုတ်၂၃ရက်တွင် ထားဝယ်၊ ဘားအံ၊ ကျောက်ဖြူ နှင့် လားရှိုးမြို့များမှ ပညာရေးကောလိပ်များ၌ ဖဲကြိုးစိမ်းလှုပ်ရှားမှု တစ်ပြိုင်နက်လုပ်ဆောင် ခဲ့ကြောင်း၊ ထားဝယ်ပညာရေးကောလိပ်၌ပြု လုပ်ခဲ့သည့် ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ထားဝယ် ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂမှ ဦး စီးလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကောလိပ်အတွင်း တက်ရောက်နေသော ကျောင်းသား၄၀၀ ခန့် အနက်အများစု ပါဝင်လှုပ်ရှားခဲ့သည်ဟု သိရ သည်။                                      


READ NEXT
Cancel OK