နိုင်ငံတော်က ရယူဆောင်ရွက်သော ထောက်ပံ့ငွေများ (Grant Aid) နှင့် သက်သာသောချေးငွေ (concessional Loan) တို့ဖြင့် ဆောင်ရွက်နေသည့် ဖွံ့ဖြိိုးတိုးတက်ရေးစီမံကိန်းများကို အခွန်ကင်းလွတ်ခွင့် အပြည့်အဝခံစားခွင့်ရရှိနိုင်ရန်နှင့် အခွန်ကင်းလွတ်ခွင့် ရယူရာတွင် ရှင်းလင်းလွယ်ကူစွာ လိုက်နာဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ် သြဂုတ် ၂၃ ရက်၌ အမိန့်ကြော်ငြာစာအမှတ် ၆၉/၂၀၁၉ ဖြင့် အသိပေးထုတ်ပြန်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်က ရယူသည့် ထောက်ပံ့ငွေ (Grant Aid) ဖြင့် ဖော်ဆောင်သည့် စီမံကိန်းလုပ်ငန်းများတွင် မူလ သို့မဟုတ် တစ်ဆင့်ခံ ကန်ထရိုက်တာများအဖြစ် ပါဝင်ဆောင်ရွက်နေသော ကုမ္ပဏီများ၊ အကြံပေးများ၊ ဝန်ဆောင်မှုဆောင်ရွက်သူအားလုံးကို အခွန်ကင်းလွတ်ခွင့်ပြုလိုက်သည့် သတ်မှတ်ချက်များမှာ စီမံကိန်းလုပ်ငန်းတွင် လုပ်ကိုင်ကြသည့် မြန်မာနိုင်ငံသားမှအပဖြစ်သော ဝန်ထမ်းများ၏ လစာဝင်ငွေအပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့်၊ စီမံကိန်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သော သက်ဆိုင်ရာ ကုမ္ပဏီများ၏ ဝင်ငွေများအပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့်၊ စီမံကိန်းများတွင် အသုံးပြုရန် တင်သွင်းလာသည့် ကုန်စည်များ၊ စက်ပစ္စည်းများ၊ လိုအပ်သောဆက်စပ်ပစ္စည်းများအပေါ် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်၊ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကျသင့်မည့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်တို့ဖြစ်သည်။
နိုင်ငံတော်က ရယူသည့် သက်သာသော ချေးငွေ (concessional Loan) ဖြင့်ဖော်ဆောင်သည့် စီမံကိန်းလုပ်ငန်းများတွင် ကန်ထရိုက်တာများအဖြစ် ပါဝင်ဆောင်ရွက်နေသော ကုမ္ပဏီများ၊ အကြံပေးများ၊ ဝန်ဆောင်မှု ဆောင်ရွက်သူအားလုံးကို အခွန်ကင်းလွတ်ခွင့်ပြုလိုက်သည့် သတ်မှတ်ချက်များမှာ နိုင်ငံတော်က ရယူသည့် ချေးငွေအတွက် အတိုးပေးငွေအပေါ် ဝင်ငွေခွန်၊ စီမံကိန်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သော တစ်ဆင့်ခံကန်ထရိုက်တာများမဟုတ်သည့် မူလကန်ထရိုက်တာများက ဆောင်ရွက်သည့် ကုမ္ပဏီများ၏ဝင်ငွေများအပေါ် ဝင်ငွေခွန်၊ သက်သာသော ချေးငွေရယူခြင်းဆိုင်ရာ သဘောတူစာချုပ်တွင် ဖော်ပြပြီးစီမံ ကိန်းလုပ်ငန်း၌ လုပ်ကိုင်ကြသည့် မြန်မာနိုင်ငံသားမှအပဖြစ်သော ဝန်ထမ်းများ၏ လစာဝင်ငွေအပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုနိုင်ကြောင်း သိရသည်။
နိုင်ငံတော်ကရယူသည့် သက်သာသော ချေးငွေ (Grant Aid) ဖြင့်ဖော်ဆောင်သည့် စီမံကိန်းလုပ်ငန်းများတွင် ကုန်သွယ်လုပ်ငန်းခွန်နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများအနေဖြင့် မိမိတို့ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအတွက် ကျသင့်သော ကုန်သွယ်လုပ်ငန်းခွန်ပမာဏကို ဘတ်ဂျက်တွင် ကြိုတင်လျာထားတောင်းခံ၍ ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ ပေးဆောင်ရမည်ဖြစ်သည်။
နိုင်ငံတော်က ရယူသည့် ထောက်ပံ့ငွေ (Grant Aid) သို့မဟုတ် သက်သာသောချေးငွေ (concessional Loan) ဖြင့် ဆောင်ရွက်သော စီမံကိန်းလုပ်ငန်းများသည် အခွန်ကင်းလွတ်ခွင့်ရယူရာတွင် စနစ်တကျဖြစ်စေရေးအတွက် ပြည်တွင်းအခွန်များဦးစီးဌာန၏ သက်သေခံလက်မှတ် ရရှိစေရန် ကိစ္စရပ် တစ်ခုချင်းအလိုက် သတ်မှတ်ထားသည့် အထောက်အထားများနှင့်အတူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှတစ်ဆင့် ပြည်တွင်းအခွန်များဦးစီးဌာနသို့ လျှောက်ထားရမည် ဖြစ်သည်။
ဆောင်ရွက်သည့် စီမံကိန်းသည် နိုင်ငံတော်က ရယူသည့် ထောက်ပံ့ငွေ (Grant Aid) သို့မဟုတ် သက်သာသော ချေးငွေ (concessional Loan) နှစ်ရပ်စလုံးဖြင့် ဆောင်ရွက်သည့်စီမံကိန်းဖြစ်ပါက သက်သာသောချေးငွေ (concessional Loan) ဖြင့် ဆောင်ရွက်သည့် စီမံကိန်းကဲ့သို့ သတ်မှတ်၍ ဆောင်ရွက်ရန်ဖြစ်ပြီး သက်သာသောချေးငွေ (concessional Loan) ဖြင့် ဆောင်ရွက်ရာတွင် ရရှိသည့် ကင်းလွတ်ခွင့်များကိုသာ ခံစားရမည်ဖြစ်သည်။
နိုင်ငံတော်က ရယူသည့် ထောက်ပံ့ငွေ (Grand Acod) သို့မဟုတ် သက်သာသောချေးငွေ (concessional Loan) ဖြင့် ဆောင်ရွက်သော စီမံကိန်းမဟုတ်ဘဲ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့ အစည်းများက ဆောင်ရွက်နေသည့် စီမံကိန်းများ သို့မဟုတ် အဆိုပါအဖွဲ့အစည်းများ၏ အကူအညီဖြင့် ကုမ္ပဏီများဆောင်ရွက်နေသည့် အစီအစဉ်များသည် ယခုအမိန့်ကြော်ငြာစာနှင့် သက်ဆိုင်ခြင်းမရှိကြောင်း သိရသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ် မေ ၂၁ ရက် ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၃၈\၂၀၁၈) ကို ယခုအမိန့် ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်ပြီး ဤအမိန့်ကြော်ငြာစာသည် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁ ရက်မှစ၍ အကျိုးသက်ရောက်မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
