Top News

အခြေခံဥပဒေအရ မဏ္ဍိုင်ကြီးသုံးရပ်သာရှိကြောင်း မန္တလေးတိုင်းဒေသကြီး မဏ္ဍိုင်ကြီးလေးရပ် တွေ့ဆုံပွဲတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြား
24htopnews | October 23, 2024 11:13 PM CST

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးစသည့် မဏ္ဍိုင်ကြီးသုံးရပ်နှင့် သတင်းမီဒီယာများအကြား ဆက်သွယ်ဆောင်ရွက်ရာတွင် အပြန်အလှန် လေးစားမှုရှိသော ဆက်ဆံမှုများ ပိုမိုကောင်းမွန်စေရန်နှင့် ဌာနဆိုင်ရာနှင့် အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်မှုများ အချိန်နှင့်တစ်ပြေးညီ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြုလုပ်သော မဏ္ဍိုင်ကြီးလေးရပ်တွေ့ဆုံဆွေးနွေးပွဲကို မန္တလေးမြို့ ၇၈ လမ်းပေါ်ရှိ Hotel Mandalay တွင် သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါမဏ္ဍိုင်လေးရပ်တွေ့ဆုံဆွေးနွေးပွဲကို မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ၏ အစီအစဉ်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ဌာနဆိုင်ရာပေါင်းစုံမှ တာဝန်ရှိသူများ တက်ရောက်ကာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်ကြီးသုံးရပ်မှ သတင်းအချက်အလက် ရယူခွင့်နှင့်ပတ်သက်၍ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရန် အားနည်းချက်အားသာချက်များ မေးမြန်းဖြေရှင်းမှုများ ပြုလုပ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဒီမိုကရေစီသွားနေတဲ့အချိန်မှာ freedom of press က အရေးအကြီးဆုံးပဲ။ အဲဒါမရဘဲနဲ့ democratic society ကိုသွားလို့ မရဘူးဆိုပြီးပြောထားတာ ရှိပါတယ်။အဲဒါမရှိရင် ဒီမိုကရေစီက မပြည့်စုံဘူးတဲ့။ reliable information ဖြစ်ရမယ်။ transparency ရှိရမယ်။ ကျွန်တော်တို့ အစိုးရက လုပ်တာလည်း ပြည်သူအတွက်ပဲ ဖြစ်ရမယ်။ ကိုယ့်အကျိုးစီးပွားမပါရဘူး။ reliable information ကို ပြည်သူကိုပေးရမယ်။ အဲဒီလိုပဲ သတင်းမီဒီယာသမားကလည်း ဘက်မလိုက်ရဘူး။ပြည်သူကိုသတင်းအနေနဲ့ပဲ အသိပေးရမယ်။  Fair ဖြစ်ရမယ်။ ဘက်မလိုက် မျှတမှုဖြစ်တဲ့အတွက် အပြန်အလှန်လေးစားရမယ်။ ပြောရရင် သတင်းဓာတ်ပုံရိုက်တဲ့အခါ ဥပဒေအရခွင့်တောင်းရတယ်။ ဒါကို ဘယ်သူလိုက်နာလဲ။ ကျွန်တော်ကိုယ်တိုင် မီဒီယာကို စတုတ္ထမဏ္ဍိုင်ဖြစ်စေချင်တယ်။ ဖြစ်ပြီလားလို့ ပြန်မေးခွန်းထုတ်ချင်တယ်။ အခြေခံဥပဒေမှာ မဏ္ဍိုင်သုံးရပ်ပဲရှိတယ်။ တရားစီရင်ရေးမဏ္ဍိုင်၊အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်ပေါ့။ စတုတ္ထမဏ္ဍိုင်လို့မရှိဘူး။ ဒါပေမဲ့ ဒါတွေကအရေးမကြီးပါဘူး။ အဓိကက ပြည်သူတွေ သတင်းအမှန် သိရမယ်” ဟု ပြောကြားသည်။

ထို့ပြင် သတင်းရယူရာတွင် ခွဲခြားဆက်ဆံ သတင်းရယူခွင့်ပြုနေသည်ဆိုသော ပြောကြားချက်များနှင့် ပတ်သက်၍လည်း သတင်းမီဒီယာများကို ဖိတ်ကြားရန်တာဝန်ရှိသည်မှာ ပြန်ကြားရေးတာဝန်ဖြစ်ကြောင်း၊ ယင်းဌာန အနေဖြင့်လည်း သူဆံ့သလောက်၊ ရနိုင်သလောက် ဖိတ်ကြားရသည့်အခါ မမျှတဘူးဆိုသော၊ ခွဲခြားဆက်ဆံသည်ဆိုသော ကြေညာချက်များ ထွက်လာကြောင်း၊ လူ့စည်းဘီလူးစည်းဆိုတာရှိကြောင်း၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တည်ဆဲဥပဒေကို လိုက်နာရမည်ဖြစ်ကြောင်း၊ သတင်းများ ချဲ့ကားရေးခြင်းမျိုး၊ ဘက်လိုက်မျှတမှု၊ အပြန်အလှန်လေးစားလိုက်နာမှု ရှိရမည်ဖြစ်ကြောင်း၊ ကျင့်ဝတ်ကို စောင့်ထိန်းရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က သတင်းမီဒီယာနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် “သတင်းမီဒီယာများ အနေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ မမေ့ပါနဲ့။ ကျွန်တော်တို့ဘက်ကတော့ အဆင်သင့်ပါ ” ဟု ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ထည့်သွင်းပြောကြားခဲ့သော်လည်း လက်ရှိတွင် အစိုးရဌာနများတွင် သတင်းရယူရာ၌ အခက်အခဲများ၊ သတင်းထုတ်ပြန်မှု အားနည်းမှုများရှိနေဆဲဖြစ်ကြောင်း သတင်းသမားများက ဆိုသည်။

 


READ NEXT
Cancel OK