မြန်မာနိုင်ငံအတွင်းသို့ ပြည်ပမှ ယဉ်ကျေးမှုများထိုးဖောက်ဝင်ရောက်လာနေခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ အောက်တိုဘာ ၂၃ ရက်နံနက်ပိုင်းကကျင်းပသည့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် အမှာစကားပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကျင်းပပြီးစီးခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးမှနေ၍ အမျိုးသားရေးအနှစ်သာရနှင့် အဓိပ္ပာယ်များစွာကို ဖော်ဆောင်နိုင်ခဲ့သဖြင့် မြန်မာလူမျိုးတိုင်းအတွက် ဂုဏ်ယူဝင့်ကြွားဖွယ်ဖြစ်သည်ဟု ပြောသည်။
” ကျွန်တော်တို့မြန်မာလူမျိုးတွေဟာ သမိုင်းအ ဆက်ဆက်မှာ ယဉ်ကျေးမှုအနုပညာရပ်တွေကို ဖျော်ဖြေရေးသက်သက်အဖြစ် ရှုမြင်ခံစားခဲ့ကြတာမဟုတ်ဘဲ လူမှုဖွံ့ဖြိုးမှုကို တိုက်ရိုက်အ ထောက်အကူပြုနိုင်တဲ့ အမျိုးသားရေး အမွေအနှစ်တွေအဖြစ် အလေးထားပြီး အမြတ်တနိုးထိန်းသိမ်းစောင့်ရှောက်ပြုစုပျိုးထောင်လာခဲ့ကြတာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။
ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများကျင်းပခြင်းကြောင့် မြန်မာ့ယဉ်ကျေးမှုအနုပညာရပ်များ၏ စွမ်းရည်နှင့်တန်ဖိုးကို မျိုးဆက်သစ်လူငယ်များအပါအဝင် တစ်မျိုးသားလုံး၏ ရင်ထဲ၌စွဲထင်ကိန်းအောင်းလာစေပြီး အမျိုးသားရေးကိုယ်ခံစွမ်းအားများကို တတ်နိုင်သည့်ဘက်မှမြှင့်တင်ပေးနိုင်ခဲ့ပြီဟု ပြောသည်။
နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားယဉ်ကျေးမှု၊ အမျိုးသားရေးစိတ်ဓာတ်နှင့် တန်ဖိုးထားမှုစနစ်များသည် ဒေသတစ်ခု၏ အချုပ်အနှောင်မဲ့တိုးတက်မှုအတွက် လွန်စွာအရေးပါသည့် အခြေခံအ ကြောင်းတရားများဖြစ်၍ ပြည်ပမှ ယဉ်ကျေးမှုများထိုးဖောက်ဝင်ရောက်လာနေမှုကို အမျိုးသားရေးအမြင်ဖြင့်ရှုမြင်ပြီး အန္တရာယ်ရှိသည်ကို သတိထားရမည်ဟု ပြောသည်။
” ဒါ့ကြောင့် အဲဒီအန္တရာယ်တွေကို ထိထိရောက်ရောက်ခုခံတွန်းလှန်နိုင်မယ့် မျက်နှာစာတစ်ခုဖြစ်တဲ့ ယဉ်ကျေးမှုနဲ့အနုပညာနယ်ပယ်က မြန်မာ့မူ၊ မြန်မာ့ဟန်၊ မြန်မာ့ယဉ်ကျေးမှု အနုပညာရပ်တွေကို ဆက်လက်ပြီး ရှင်သန်ဖွံ့ဖြိုးတိုးတက်စေဖို့ ကြိုးပမ်းဆောင်ရွက်ကြရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။
ထို့ပြင် မိမိနိုင်ငံ၊ မိမိလူမျိုး၏အနာဂတ်ကို အ မျိုးသားရေးအကျိုးစီးပွားဖြစ်ထွန်းနိုင်မှုလမ်း ကြောင်းမှန်ပေါ် တည့်မတ်မြဲမြံခိုင်မာစွာရပ် တည်နိုင်စေရန်၊ အမျိုးသားရေးကိုယ်ခံစွမ်းအားများမြင့်မားလာရေးအတွက် အနုပညာစွမ်းပကားဖြင့်ဆက်လက်ထိန်းသိမ်းကာကွယ်စောင့် ရှောက်သွားကြရန် နစက ဥက္ကဋ္ဌမှ အနုပညာရှင်ကြီးများနှင့် မျိုးဆက်သစ်အနုပညာရှင်များအားလုံးကို တိုက်တွန်းမှာကြားခဲ့သည်။








-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
