Top News

မန္တလေးတိုင်းရှိ တန်ခိုးကြီးဘုရားများ၏ သမိုင်းအချက် အလက်များနှင့် ဘုရားဖူးလမ်းညွှန်များကို တစ်စုတစ်စည်းတည်း လေ့လာကြည့်ရှုနိုင်
24htopnews | October 24, 2024 12:12 AM CST

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ တန်ခိုးကြီးဘုရားများ ၏ သမိုင်းအချက်အလက်များနှင့် ဘုရားဖူးလမ်းညွှန်များကို mandalaypagodadirectory.org Website ၌ ဝင်ရောက်၍ ကြည့်ရှုလေ့လာ ဖူးမြော်ကြည်ညိုနိုင်ကြောင်း သိရသည်။

အဆိုပါ mandalaypagodadirectory.org Website ၌ လက်ရှိတွင် မဟာမုနိဘုရားကြီး၊ ကျောက်တော်ကြီးဘုရား၊ ကုသိုလ်တော်ဘုရား၊ အောင်တော်မူဘုရား၊ ရွှေကျီးမြင်ဘုရား၊ မန္တလေးတောင်တော်ရှိ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၊ ကျောက်ဆည်မြို့နယ်ရှိ မဟာရွှေသိမ်တော်မြတ်စွာဘုရား၊ ပြင်ဦးလွင်မြို့နယ်ရှိ မဟာအံ့ထူးကံသာဘုရား၊ ပုဂံဒေသရှိ တုရင်တောင်စေတီတော်မြတ်ကြီး၊ မနူဟာဘုရားကြီး၊ လောကနန္ဒာစေတီတော်ကြီး၊ ထီးလိုမင်းလိုဘုရား၊ ဓမ္မရာဇကစေတီတော်ကြီး၊ ဗူးဘု ရားစေတီတော်ကြီး၊ အလိုတော်ပြည့်ဘုရား၊ ရွှေစည်းခုံဘုရား၊ အာနန္ဒာဘုရားတို့ကို လွယ်ကူစွာ ဖူးမြော်ကြည်ညိုလေ့လာနိုင်ကြောင်း သိရသည်။

အဆိုပါ Website အား မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် (Myanmar Institute of Informa tion Technology – MIIT)မှ ဆရာ၊ ဆရာမများနှင့် ကျော င်းသား၊ ကျောင်းသူများက ကူညီရေးသား ဆောင်ရွက်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

Pagoda Digital Directory သမိုင်းအချက်အလက်နှင့် ဘု ရားဖူးလမ်းညွှန်များ လေ့လာကြည့်ရှုနိုင်ရန်အတွက် မန္တ လေးတိုင်းဒေသကြီးအတွင်း ဘုရား၊ စေတီ၊ ပုထိုးများတွ င် လက်ရှိဆောင်ရွက်ထားရှိမှုအနေဖြင့် မန္တလေးမြို့တွင် (၁၇) လုံးနှင့် ပုဂံဒေသတွင် (၉) လုံး ဆောင်ရွက်ထားရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အထင်ကရ ဘုရား၊ စေတီ၊ ပုထိုး (၁၀)ဆူကို www.pago dadirectory.gov.mm မှတဆင့် ကြည်ညိုလေ့လာဖူး မြော်နိုင်ပြီဖြစ်ကြောင်းလည်း သိရသည်။


READ NEXT
Cancel OK