Top News

နန်နင်းမြို့တွင် ကျင်းပသည့် စိုက်ပျိုးရေးသုတေသနလုပ်ငန်းများနှင့် ပတ်သက်သည့် ကွန်ဖရင့်သို့ မြန်မာကောင်စစ် ဝန်ချုပ်နှင့်အတူ မန္တလေး၊ စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကိုယ်စားလှယ် (၉) ဦး တက်ရောက်
24htopnews | October 24, 2024 12:12 AM CST

တရုတ်နှင့် အာဆီယံနိုင်ငံများအကြား စိုက်ပျိုးရေးသုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားရန် ရည်ရွယ်ကျင်းပသည့် (၅) ကြိမ်မြောက် ကွန်ဖရင့်သို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့်အတူ မန္တလေးတိုင်း ဒေသကြီး၊ စိုက်ပျိုးရေးသိပ္ပံကျောင်းတို့မှ ကိုယ်စားလှယ် (၉) ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

The 5th International Conference on Deepening ASEAN Cooperation of Agricultural Science and Techno logy ကွန်ဖရင့်ကို နန်နင်းမြို့ Guangxi Wharton International Hotel ၌ အောက်တိုဘာ (၂၂)ရက်က ကျင်းပခဲ့ရာ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းမှ ပါဝင်တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကွန်ဖရင့်ကို Guangxi Academy of Agricultural Sciences (GXAAS)က ကြီးမှူး၍ တရုတ်နှင့် အာဆီယံနိုင်ငံများအကြား စိုက်ပျိုးရေးသုတေသနလုပ်ငန်းများ၊ ခေတ်မီ စိုက်ပျိုးရေး နည်းစနစ်များ၊ မျိုးကောင်း မျိုးသန့်ထုတ်လုပ် မှု၊ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော စိုက်ပျိုး ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းတွင် ဒစ်ဂျစ်တယ်နည်း ပညာများ အသုံးပြုရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသ ည်။

ကွန်ဖရင့်သို့ မြန်မာနိုင်ငံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊စိုက်ပျိုးရေး သုတေသနဌာနနှင့်မန္တလေး တိုင်းဒေသကြီး၊ စိုက်ပျိုးရေးသိပ္ပံကျောင်းတို့မှ ကိုယ်စားလှ ယ် (၉) ဦး ပါဝင် တက်ရောက်ခဲ့ကြပြီး တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ စိုက်ပျိုးရေးနှင့် ပတ်သက်သ ည့် ဌာနများ၊ အဖွဲ့အစည်းများ၊ တက္ကသိုလ်များမှ ကျွမ်းကျ င်ပညာရှင်များလည်း တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


READ NEXT
Cancel OK