နှစ်ပေါင်းများစွာကြိုးပမ်းခဲ့ကြရသည့် လွတ် လပ်ရေးမဆုံးရှုံးအောင် ဝိုင်းဝန်းထိန်းသိမ်းကြရမည်ဟု နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဝန်ကြီးချုပ်၊ ဒု-ဗိုလ် ချုပ်မှူးကြီးစိုးဝင်းမှ အောက်တိုဘာ ၂၂ ရက်မွန်းလွဲ ၂ နာရီကကျင်းပသည့် (၇၇)နှစ် မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ၏ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးတွင် မှာကြားခဲ့ခြင်းဖြစ်သည်။
(၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားအား နိုင်ငံတော်အဆင့်နှင့်အညီ အမျိုးသားရေးဦးတည်ချက်(၅)ရပ်ဖြင့် ခမ်းနားစွာကျင်းပသွားမည်ဖြစ်ကာ အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံသည် လွတ်လွတ်လပ်လပ်နှင့် နိုင်ငံသားအားလုံးက ကိုယ်တိုင်စီမံလုပ်ကိုင်ဆုံးဖြတ်နိုင်ခွင့်ရှိခြင်း၊ အနှောင်အဖွဲ့ကင်းပြီး မိမိကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိသည်ဟု ပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့်အ ချုပ်အခြာအာဏာပိုင်ဆိုင်မှုအခွင့်အရေးများကို ဆုံးရှုံးမသွားစေရန် နှစ်ပေါင်းများစွာကြိုးပမ်းခဲ့ရသောလွတ်လပ်ရေးကို မဆုံးရှုံးအောင်ဝိုင်းဝန်းထိန်းသိမ်းကြရမည်ဟု မှာကြားသည်။
” လွတ်လပ်ရေးရဖို့အတွက် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြရပေမယ့် ပျက်ဆီးဆုံးရှုံးရန်ဟာ တစ်ရက်တစ်မနက်နှင့်ပင်ဆုံးရှုံးသွားနိုင်တဲ့ အခြေအနေတွေကို ကမ္ဘာ့နိုင်ငံတွေမှာ တွေ့မြင်ရပါတယ်”ဟု ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြော သည်။
ထို့ပြင် နိုင်ငံတော်အဆင့်ကျင်းပမည့် လွတ်လပ်ရေးနေ့အခမ်းအနား၌ ငွေကြေးသုံးစွဲမှုများအလေအလွင့်မရှိစေရေး၊ ပါဝင်သင့်ပါဝင်ထိုက်သူများပါရှိစေရေး၊ နိုင်ငံတော်အဆင့်အခမ်းအနားဖြစ်၍ လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ပြီး လွတ်လပ်ရေးအနှစ်အရသာကို အများပြည်သူများသိရှိနိုင်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
