ကချင်ပြည်နယ်၊ ဖားကန့်- လုံးခင်းရတနာနယ်မြေ၊ လုံးခင်းကျေးရွာအုပ်စု၊ ကထန်ကျေးရွာအနီး၊ မတ်စ်ကုမ္ပဏီ၏ လုပ်ကွက်ဟောင်းအတွင်း စျေးကွက်ဝင် ကျောက်စိမ်းအရိုင်းတုံးများ တစ်နေရာတည်းတွင် တွေ့ရှိမှုကြောင့် ချက်ချင်းသတင်းပျံ့နှံ့ကာ ရေမဆေးရှာဖွေသူအများအပြား အလုအယက် လာရောက်တူးဖော်နေကြောင်း သတင်းရရှိသည်။
“အရင်နေ့တွေကတည်းက သိတဲ့သူ အနည်းစုကတော့ သူတို့ဟာသူတို့ ကြိတ်တူးနေကြတာ။ ဒီနေ့ နေ့လယ်ပိုင်းက သတင်းပေါက်ကြားသွားတယ်လို့ သိတယ်။ လိုင်းပေါ်လည်း တင်လိုက်ကြတာဆိုတော့ အခု လာရှာသူ တအားများသွားတာ။ ကျောက်က အရင်ကလုပ်ကွက်ဟောင်းနေရာထဲကဆိုတော့ ဒီလောက်ကျောက်ကြီးတွေ တနေရာတည်း စုနေတာ စဉ်းစားစရာပါ။ ကျောက်ကြောငနေ သဘာဝရှိနေတဲ့ ကျောက်တွေမဟုတ်ပါဘူး။ ကျောက်ကတော့ ကျောက်ကောင်းလုံးစွပ်တွေအထိ ပါတယ်” လို့ အဆိုပါနေရာမှာ ရေမဆေးကျောက် လာရောက်ရှာဖွေနေတဲ့ လူတစ်ဦးက ပြောသည်။
အဆိုပါနေရာ၌ တွေ့ရှိရသည့် ကျောက်စိမ်းအရိုင်းတုံးများမှာ ဆိုက်စုံရွယ်စုံ မျိုးစုံဖြစ်ပြီး များသောအားဖြင့် အရွယ်အစား ပိဿာချိန် (၃၀၀) ပိဿာအချိန်အထိ ကျောက်စိမ်းတုံးများ တွေ့ရှိရကြောင်း လာရောက်တူးဖော် ရှာဖွေနေကြသူများထံမှ သိရသည်။
ဖားကန့်-လုံးခင်း ရတနာနယ်မြေ၌ COVID-19 ရောဂါဖြစ်ပွါးနေတာကြောင့် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီများ (၄) လအကြာအထိ ရပ်နားထားလျက်ရှိသည်။ တူးဖော်ရေးကုမ္ပဏီများအား မှီခိုအားထားလျက်ရှိသည့် ရေမဆေးရှာဖွေသူ အများအပြား ကျောက်စိမ်းရှာဖွေဖို့ အခက်အခဲ ရှိနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
