Top News

COVID-19 လူနာသစ် ၃၆၃ ဦး တွေ့ရှိသဖြင့် အတည်ပြုလူနာ ၁၃၉၅၁၅ ဦး ရှိလာပြီး သေဆုံးသူ ၁၂ ဦး ထပ်တိုး
24htopnews | October 24, 2024 1:12 AM CST

COVID-19 လူနာသစ် ၃၆၃ ဦးတွေ့ရှိသဖြင့် ဓာတ်ခွဲအတည်ပြုလူနာ ၁၃၉၅၁၅ ဦး ရှိလာပြီး သေဆုံးသူ ၁၂ ဦး ထပ်တိုးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇန်နဝါရီ ၂၉ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

ဇန်နဝါရီ ၂၈ ရက် ည ၈ နာရီမှ ဇန်နဝါရီ ၂၉ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၈၂၁၇ ခုအား စစ်ဆေးပြီးစီးခဲ့ရာတွင် အဆိုပါ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃၆၃ ဦး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဓာတ်ခွဲအတည်ပြု လူနာများအနက် ၅၀၈ ဦး ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီး စုစုပေါင်း ဆေးရုံးဆင်းခွင့်ရသူ ၁၂၄၀၆၄ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

COVID-19 အတည်ပြု လူနာများအနက် ထပ်တိုးသေဆုံးလူနာ ၁၂ ဦးရှိပြီး ၎င်းတို့အနက် ရောဂါအခံရှိသူ ၁၁ ဦး ပါဝင်ကြောင်း သိရကာ လက်ရှိအချိန်တွင် သေဆုံးသူ စုစုပေါင်း ၃၁၁၅ ဦး ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ဓာတ်ခွဲနမူနာ ၂၃၅၇၇၄၃ ခု စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ဓာတ်ခွဲအတည်ပြု လူနာပေါင်း ၁၃၉၅၁၅ ဦးတွေ့ရှိခဲ့ပြီး ဆေးရုံဆင်းခွင့်ရသူ ၁၂၄၀၆၄ ဦးရှိကာ သေဆုံးလူနာ ၃၁၁၅ ဦး ရှိလာပြီဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အသွားအလာ ကန့်သတ်ထားရှိရာ နေရာများမှ ဓာတ်ခွဲအတည်ပြု လူနာများနှင့် အနီးကပ် ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့သူ (၄၃၃) ဦးအား ၎င်းတို့၏ နေအိမ်များတွင် အသွားအလာ ကန့်သတ်ထားရှိ၍ စောင့်ကြပ်ကြည်ရှုနေကြောင်း သိရသည်။


READ NEXT
Cancel OK