နေလှန်းဆားကြမ်းစျေးနှုန်းများ ဆက်တိုက်ကျဆင်းနေပြီး ဧရာဝတီတိုင်းဒေသကြီးရှိ ဆားတောင်သူအားလုံးမှာ ထုတ်လုပ်မှု ကုန်ကျစရိတ်၏ ထက်ဝက်ခန့်သာရရှိသော ဆားကြမ်းစျေးနှုန်းဖြင့် ရောင်းချနေရခြင်း၊ ရာသီအဖျက်ကြောင့် ဆားကြမ်းအထွက် လျော့ကျခြင်းများကြောင့် အရှုံးဖြင့် ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။
မြေသားနေလှန်းဆားကွင်း ဆားကြမ်းတစ်ပိဿာလျှင် ပျမ်းမျှထုတ်လုပ်မှု ကုန်ကျစရိတ် ကျပ် ၆၀၊ ပလတ်စတစ်နေလှန်းဆား ကွင်းဆားကြမ်းတစ်ပိဿာလျှင် ပျမ်းမျှထုတ်လုပ်မှုကုန်ကျစရိတ်ကျပ် ၇၀ ခန့် သွင်းအားစုကုန်ကျနေချိန်တွင် ဆားကြမ်းစျေးနှုန်းများမှာ ပျမ်းမျှ ၄၇ ကျပ်ခန့်သာ စျေးနှုန်းရရှိနေကြောင်း၊ ထို့ပြင် လာနီညာရာသီဥတုဖြစ်ပြီး မိုးအဖျက်များလည်းရှိခြင်းကြောင့် ဆားကြမ်းထွက်ရှိနှုန်းမှာ ရာခိုင်နှုန်း ၃၀ မှ ၄၀ အောက်သို့ လျော့ကျနိုင်သောကြောင့် ဆားတောင်သူများအနေဖြင့် အခက်အခဲများစွာကို ရင်ဆိုင်နေရကြောင်း သိရသည်။
“ကျန်ခဲ့တဲ့ ၁၉ ရက်လောက်က အစ်ကိုတို့ ဒီအလယ်ကျွန်းဘက်မှာ မိုးနည်းနည်းရွာသွားတယ်။ ဒီနှစ်ကလည်း လာနီညာရာသီဥတုဆိုတော့ မိုးတစ်ကြိမ်ရွာသွားတယ်။ နောက်မတ်လနဲ့ ဧပြီလဆန်းမှာလည်း မိုးရှိတယ်လို့ မိုးလေဝသဌာနတွေ ကြေညာချက်တွေ ခန့်မှန်းချက်တွေ ထုတ်ထားတယ်ပေါ့။ ဒါကရာသီဥတုနဲ့ ပတ်သက်တဲ့အပိုင်း လုပ်ရတဲ့ရာသီဥတုကလည်း လာနီညာဖြစ်တဲ့အတွက် အခုဒီနှစ်မှာ လုပ်ရတာက အပူရှိန်အားနည်းတယ်။ လိုချင်တဲ့အပူချိန်မပြည့်မီဘူးပေါ့။ နောက်ခုနက ဆားကြမ်းစျေး၊ ဆားကြမ်းစျေးမှာလည်း အခုအစ်ကိုတို့ထုတ်နေတဲ့ ပလတ်စတစ်ဆားအသန့်ပေါ့။ ပလတ်စတစ်ဆားအသန့်တောင် တောစျေးကို ၄၇ ကျပ်ပဲရှိတယ်။ ၄ရကျပ်မှာ အစ်ကိုတို့က ဝယ်တဲ့ကုန်သည်ကို လှေထဲကိုချပေးရတယ်။ ချခက သုံးကျပ်ခွဲ သုံးကျပ်ရှိတယ်။ အစ်ကိုတို့ တကယ်ရတာက ဆားပေါ်မှာ တကယ်ရတဲ့စျေးက ၄၄ ကျပ်ပဲရှိတယ်။ ဒါက လက်ရှိအခြေအနေ နောင်ရက်ကျ ဘယ်လိုပြောင်းလဲဦးမယ် မသိဘူး။ နောက်လုပ်သားကိစ္စမှာ အစ်ကိုတို့လုပ်ငန်းတွေက လုပ်သားအခက်အခဲရှိတယ်။ အခြေခံကျွမ်းကျင်လုပ် သားအခက်အခဲလေးတွေ အမြောက်အမြားရှိတယ်။ ကျွမ်းကျင်လုပ်သားကို အချိန်မီပေးရတယ်။ အချိန်တန်တော့ သူတို့ကရောက်မလာဘူး။ အဲဒီလို အခက်အခဲလေးတွေရှိတယ်။ လုပ်သားခက သူတို့ကို အိမ်ရယ် သောက်သုံးရေစီစဉ်ပေးထားတယ်။ လုပ်သားခက နေ့စားလုပ်ရတဲ့လုပ်ငန်းဆိုရင် လေးထောင်ပေးတယ်။ ပုတ်ပြတ်လုပ်ရတဲ့လုပ်ငန်းဆိုရင် ဆားတစ်ပိဿာကို အစ်ကိုတို့ ဆားလှမ်းကွက်ပေါ့။ ကျုံးကွက်ထဲကနေပြီးတော့ သိုလှောင်ဂိုထောင်ထဲ ရောက်တဲ့အထိ ၁၀ နှုန်းလောက်ရှိတယ်။ လက်ရှိဖြစ်နေတဲ့ စျေးနှုန်းနဲ့ဆိုရင် ရှုံးမယ်။ ဆားကြမ်းတစ်ပိဿာကိုဆိုရင် ပလတ်စတစ်ဆားဆိုရင် ထုတ်လုပ်စရိတ်က ၇၀ ဝန်းကျင်ရှိတယ်။ မြေကြီးဆားဆိုရင်တော့ ၆၀ လောက်ရှိတယ်။ မြေကြီးကွင်းပေါ်မှာ လှမ်းတဲ့ဆားဆိုရင် ထုတ်လုပ်စရိတ်က ဆားကြမ်း တစ်ပိဿာကို ၆၀ လောက်ရှိပြီး ပလတ်စတစ် ကွင်းပေါ်မှာ လှမ်းတဲ့ဆားဆိုရင် ထုတ်လုပ်စရိတ်က ၇၀ လောက်ရှိတယ်။ အခုလက်ရှိ အစ်ကိုတို့ ရောင်းရတာက ဆားကြမ်းစျေးက ၄၇ ကျပ်ရတာ မှန်သော်ငြားလည်း အလုပ်သမားခနှုတ်ပြီးလို့ရှိရင် ၄၄ ကျပ်လောက်ပဲရတယ်။ ဒီအတိုင်းသွားမယ်ဆိုရင် အစ်ကိုတို့ ရှုံးတယ်။ နောက်ဆက်ပြီး ၂ လပိုင်း ၃ လပိုင်း ရောက်လာလို့ ဒီဆားတွေဆက်ထွက်လာလို့ စျေးထပ်ကျမယ်ဆိုရင် ထပ်ရှုံးမယ်၊ ရှုံးနေတာကို ဘာလို့လုပ်နေရလဲဆိုရင် အစ်ကိုတို့လုပ်ငန်းတွေက ရပ်ပစ်လိုက်လို့မရဘူး။ ရပ်ပစ်လိုက်ရင် ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းအားလုံးက နောက်နှစ်ကျရင် အသစ်ကနေ ပြန်လုပ်ရတယ်။ ဒါကြောင့်မို့ ပိုပြီးတော့ ကုန်ကျစရိတ်များတယ်။ ရှုံးတယ် ဆားတစ်ပိဿာကို ၂၅ ကျပ်လောက် အနည်းဆုံးရှုံးနေတာ။ ဆားကြမ်းအထွက်ကလည်း ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းထိ လျော့ကျနိုင်တယ်” ဟု ငပုတောမြို့နယ် သက္ကယ်သောင်ဆားတိုက်နယ်မှ ဆားတောင်သူ ဦးအောင်မျိုးထွဋ်က ဆိုသည်။
ဆားကြမ်းစျေးနှုန်းများကို ထိန်းညှိနိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် လယ်သမားများအတွက် အခြေခံစပါးစျေးနှုန်းများ သတ်မှတ်ပေးသကဲ့သို့ အခြေခံဆားကြမ်းစျေးနှုန်းများ သတ်မှတ်ပေးရန် လိုအပ်နေကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
