Top News

၂၀၂၀ ရွေးကောက်ပွဲကို ဥပဒေနှင့်အညီဆောင်ရွက်ပေးရန် ကော့သောင်းခရိုင် ခမောက်ကြီးမြို့တွင် လူကိုးဦး ဆန္ဒထုတ်ဖော်
24htopnews | October 24, 2024 1:12 AM CST

၂၀၂၀ ရွေးကောက်ပွဲအား ဥပဒေနှင့်အညီဆောင်ရွက်ပေးရန် ခမောက်ကြီးမြို့တွင် လူကိုးဦးက ဇန်နဝါရီ ၂၉ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့တွင် ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းက ဦးစံလင်းမြင့် (၅၀ နှစ်) ဦး ဆောင်ပြီး ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တရားဥပဒေနှင့်အညီ ဆောင်ရွက်ပေးစေလိုကြောင်း ရည်ရွယ်ချက်ဖြင့် ဆန္ဒထုတ်ဖော် ခဲ့သည်ဟု သိရသည်။

ခမောက်ကြီးမြို့ အမှတ် (၁) ရပ်ကွက် မြို့တော်ခန်းမနေရာတွင် လူကိုးဦးက နိုင်ငံတော်အလံကိုင်ဆောင်ကာ “စာချွန်တော်လက်ခံဖို့နှင့် အမြန်ဆုံးကြားနာစစ်ဆေးပေးရေး ဒို့အရေး”၊ “ပြည်ထောင်စုလွှတ်တော်အတွင်း တရားဥပဒေစိုးမိုးရေး  ဒို့အရေး” စသည့်ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြောင်း သိရသည်။

“၂၉ ရက်နေ့ နံနက်ပိုင်းမှာ ဆန္ဒထုတ်ဖော်တာပါ။ ဒါပေမဲ့ အချိန်ငါးမိနစ်ပဲ ကြာပါတယ်။ ၈ နာရီ ၁၀ မိနစ်ကနေ ၈ နာရီ ၁၅ မိနစ် အထိပါပဲ။ အေးအေးချမ်းချမ်းပါပဲ။ ဝန်းရံတဲ့သူတွေလည်း မရှိပါဘူး။ ဆိုင်းဘုတ်စာသားမှာ ပါတဲ့အတိုင်းပါပဲ။ ဒါပါပဲ။ တခြားဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းကမှ မဟုတ်ဘူး။ သိပ်အများကြီးလည်း မပြောကြဘူး။ ဆန္ဒထုတ်ဖော်တာက ငါးမိနစ်ပါပဲ။ ခမောက်ကြီးအမှတ်(၁) ရပ်ကွက်က လူတွေဖြစ်တယ်။ ကော့သောင်းက လူတွေမဟုတ်ဘူး။ စာလာတင်တာကလူ ဦးရေ ၂၀ ရေးထားတယ်။ ဆန္ဒထုတ်ဖော်တာက ကိုးယောက်ပဲရှိတယ်” ဟု ကော့သောင်းခရိုင်ရဲတပ်ဖွဲဲ့မှူး ဒုရဲမှူးကြီးကျော်ရွှေဝင်းက ပြောကြားသည်။

ဆန္ဒထုတ်ဖော်သူများမှာ အဖြူရောင်စက္ကူပေါ်တွင် ပြည်ထောင်စုတရားသူကြီးချုပ် နိုင်ငံတော်ကို ကယ်တင်ပေးပါ။ အေးချမ်းစွာ ဆန္ဒထုတ်ဖော်နေပါသည်။ တရားရေးကဏ္ဍမှ အမှန်တရားဖော်ထုတ်မှုကို ကြိုဆိုပါတယ်၊ ပြည်သူ့ခံစားချက်ကိုအလေးထားပါစသည့် စာတန်းများ ရေးထားကာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့ ရည်ရွယ်ချက်က စာသားမှာပါတဲ့အတိုင်းပါပဲ။ တခြားပြောစရာလည်း မရှိပါဘူး။ ဆိုင်းဘုတ်နဲ့ စာသားမှာပါတဲ့အတိုင်းပါပဲ” ဟု ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ခဲ့သည့် ဦးစံလင်းမြင့်က ပြောကြားသည်။

ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ခဲ့သူမှာ ဒေသခံမဟုတ်ဘဲ ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့မှ လာရောက်နေထိုင်သူဖြစ်ကြောင်း ဆန္ဒထုတ်ဖော်မှုကို လာရောက်ဝန်းရံသူမရှိခဲ့ကြောင်း ကော့သောင်းဒေသခံများက ပြောကြားသည်။

 


READ NEXT
Cancel OK