မဲလိမ်မဲခိုးသည့် UEC အလိုမရှိကြောင်းနှင့် တပ်မတော်ကို ထောက်ခံကြောင်း နိုင်ငံတော်အလံများ ကိုင်ဆောင်ကာ ဇန်နဝါရီ ၂၉ ရက်၊ ညနေ ၃ နာရီခွဲခန့်တွင် ဗဟန်းမြို့နယ်အတွင်း လှည့်လည် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြသူများသည် ဦးထောင်ဘိုအဝိုင်းမှ ဦးထောင်ဘိုလမ်းအတိုင်း ရွှေတိဂုံဘုရား မြောက်ဘက်မုခ်မှ ရေတာရှည်လမ်းဟောင်း၊ ယင်းမှတဆင့် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားရှေ့ ကြားတောရလမ်း တစ်လျှောက် လမ်းလျှောက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
“မဲလိမ်မဲခိုးအစိုးရ အလိုမရှိ၊ မဲလိမ်မဲခိုး UEC အလိုမရှိ၊ ရွေးကောက်ပွဲရလဒ် အလိုမရှိ၊ တပ်မတော်အား ထောက်ခံရေး ဒို့အရေး” စသည့်ကြွေးကြော်သံများဖြင့် အော်ဟစ်ဆန္ဒပြခဲ့ကြပြီး နိုင်ငံတော်သီးချင်း၊ ဇာတိမာန်သီချင်းများ သီဆိုကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။
မူလက ဦးထောင်ဘိုအဝိုင်းအနီ သကေင်္တ စားသောက်ဆိုင်ရှေ့ ပလက်ဖောင်းပေါ်တွင် အမျိုးသား တစ်ဦးထဲသာ အသံချဲ့စက် တင်ထားသောကားပေါ်မှ ဟောပြောမှုများ ပြုလုပ်ကာ ဆန္ဒထုတ်ဖော်ခဲ့ပြီး လာရောက်ဝန်းရံသည့် လူရာဂဏန်းခန့်က လမ်းတစ်ဖက်ခြမ်း ပလက်ဖောင်းပေါ်၊ ကားလမ်းလည်ခေါင် တို့မှနေ၍ အော်ဟစ် ထောက်ခံခဲ့ကြောင်း သိရသည်။
အဆိုပါ ဝန်းရံသူများထဲမှ အမျိုးသမီး ၁၅ ဦးခန့်က အလံများကိုင်ဆောင်၍ ပေါ်ထွက်လာကာ ဆန္ဒပြခဲ့ပြီး အနောက်မှ ဝန်းရံသူ အများအပြားကလည်း လိုက်ပါဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
ယင်းဆန္ဒထုတ်ဖော်မှုအား သက်ဆိုင်ရာထံ ခွင့်ပြုချက် တင်ထားခြင်း မရှိကြောင်း သိရသည်။
ထိုကဲ့သို့ ဆန္ဒထုတ်ဖော်ပွဲများကို ယခုရက်ပိုင်းတွင် နေ့စဉ်ပြုလုပ်လာကြပြီး ဇန်နဝါရီ ၂၅ ရက်တွင် တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်း အနီးတွင်လည်းကောင်း၊ ဇန်နဝါရီ ၂၆ ရက်က သမ္မတရုပ်ရှင်ရုံရှေ့မှ မဟာဗန္ဓုပန်းခြံရှေ့ထိ လည်းကောင်း၊ ဇန်နဝါရီ ၂၇ ရက်တွင်လည်း ရန်ကုန်မြို့ရှိ ဒဂုံမြို့နယ် အမျိုးသား ကဇာတ်ရုံရှေ့၊ ဇန်နဝါရီ ၂၈ ရက်တွင် အလုံမြို့နယ် သခင်မြပန်းခြံရှေ့တို့တွင် အလားတူ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ထားသည်။
ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် ငြိမ်းစုစီဥပဒေအရ ကြိုတင်စာတင်၍ ရဲတပ်ဖွဲ့မှ ခွင့်ပြုထားသော သတ်မှတ် အချက်အလက်၊ လူဦးရေအတိုင်းသာ ပြုလုပ်ရမည် ဖြစ်သော်လည်း တာမွေမြို့နယ်နှင့် ဒဂုံမြို့နယ်တို့တွင် ပြုလုပ်ခဲ့သော ဆန္ဒထုတ်ဖော်ပွဲများတွင် လာရောက်ဝန်းရံသူ အရေအတွက် များပြားကာ ခွင့်ပြုချက်မရှိဘဲ ဝန်းရံသူများက နိုင်ငံတော်အလံများ ကိုင်ဆောင်ရာမှ ရဲတပ်ဖွဲ့နှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
