နိုင်ငံတော်သမ္မတပါ လေးဦးနှင့် UEC ဥက္ကဋ္ဌပါ ၁၅ ဦးတို့အား အာဏာပိုင်ပေးစာချွန်တော် ထုတ်ဆင့်ပေးပါရန် လျှောက်ထားမှု သုံးမှုအား လက်ခံရန် သင့် မသင့်ကို ယနေ့ (ဇန်နဝါရီ ၂၉ ရက်)တွင် Video Conferencing စနစ်ဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ကြားနာခဲ့ကြောင်း သိရသည်။
အဆိုပါ Video Conferencing စနစ်ဖြင့် ကြားနာမှုကို သဘာပတိအဖြစ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က ဆောင်ရွက်ခဲ့ပြီး အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးအောင်ဇော်သိန်းနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးဝင်းတို့က ဆောင်ရွက်ခဲ့ကြကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ သတင်း ထုတ်ပြန်မှုအရ သိရသည်။
အထက်ပါ အမှုသုံးမှုနှင့်ပတ်သက်၍ လိုက်ပါဆောင်ရွက်ကြသည့် ရှေ့နေများက ကနဦးလက်ခံရေးလျှောက်လဲပေးခြင်းများကို ပြုလုပ်ခဲ့ပြီးအမိန့်တစ်စုံတစ်ရာ ချမှတ်ခြင်းမျိုးမရှိသေးကြောင်း သိရသည်။
ယင်း တရားမအထွေထွေလျှောက်ထားမှု(စာချွန်တော်) သုံးမှုအား စီရင်ချက် ချမှတ်ရန်သီးသန့်ထားကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် လျှောက်ထားခဲ့သည့်အမှုများမှာ အမှုအမှတ် ၁၉၈/၂၀၂၀ ဖြင့် မန္တလေးတိုင်းဒေသကြီးတွင်နေထိုင်သည့် ရှေ့နေဦးဇော်ဝိတ်က နိုင်ငံတော်သမ္မတဦးဝင်မြင့်ပါ လေးဦးအား အာဏာပိုင်မေးစာချွန်တော်ထုတ်ဆင့်ပေးရန်ဖြစ်ပြီး ၄င်းကိုယ်တိုင် လျှောက်ထားသူ ရှေ့နေအဖြစ် ဆောင်ရွက်ကြောင်း သိရသည်။
ထို့ပြင် အမှုအမှတ် ၁၉၉/၂၀၂၀ ဖြင့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ သရေစည်သူ ဦးစိုးမောင်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းပါ ၁၅ ဦးအား လျှောက်ထားမှုခြင်းဖြစ်ပြီး ယင်းအမှုနှင့်ပတ်သက်၍ လျှောက်ထားသူ ရှေ့နေမှာ ဦးဇော်ဝိတ်နှင့် ဒေါ်ခင်ခင်ဌေး ဆိုသူဖြစ်ကြောင်းသိရသည်။
ထို့အတူ အမှုအမှတ် ၂၀၃/၂၀၂၀ ဖြင့် ပြည်ခိုင်ဖြိုးပါတီ(ယင်းပါတီ၏တာဝန်ပေးအပ်ခြင်းခံရသူ ပါတီဗဟိုအလုပ်အမှုဆောင်ဦးလှသိန်း)က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌအပါအဝင်အဖွဲ့ဝင် ၁၅ ဦးတို့အား အာဏာပိုင်မေးစာချွန်တော်ထုတ်ဆင့်ပေးရန်လျှောက်ထားခဲ့ခြင်းဖြစ်ပြီး အမှုနှင့်ပတ်သက်၍ လျှောက်ထားသူရှေ့နေမှာ ဒေါ်မို့မို့စိန်ဖြစ်ကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
