၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ UEC ၏ ဆောင်ရွက်ချက်များအပေါ် ဆန့်ကျင်ကြောင်း ရေးမြို့ သီရိနန္ဒာရပ်ကွက်ရှိ အဏ္ဏဝါဘောလုံးကွင်းအတွင်းတွင် ယနေ့ (ဇန်နဝါရီ ၂၉ ရက်) နံနက်ပိုင်းက ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သိရသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီး၌ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မဲစာရင်းမှားယွင်းမှုများ၊ မဲဆန္ဒနယ်အတွင်းမရှိဘဲ မဲစာရင်းပါဝင်လာမှုများ၊ မှတ်ပုံတင်မရှိဘဲ မဲစာရင်းတွေပါဝင်ပြီး မဲပေးခဲ့မှုများ၊ ရွေးကောက်ပွဲကော်မရှင်၏ဝင်ရောက်စွက်ဖက်များ စသည်ဖြင့် လက်မခံနိုင်လောက်သည့် အခြေအနေများ ဖြစ်ပေါ်ခဲ့ကြောင်း အဆိုပါ ဆန္ဒထုတ်ဖေါ်ပွဲအား ဦးဆောင်သူ ဦးထွန်းအေး က ဆန္ဒထုတ်ဖေါ်ပွဲတွင် ပြောကြားခဲ့သည်။
"အဲဒီအချက်တွေကြောင့် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲသည် နိုင်ငံ၏ အနာဂတ်အရေး၊ နိုင်ငံ၏ ဂုဏ်သိက္ခာကို ကျဆင်းနိုင်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အား ဆန့်ကျင်တဲ့ ရည်ရွယ်ချက်နဲ့ ဆန္ဒဖေါ်ထုတ်တာဖြစ်ပါတယ်" ဟု ဦးထွန်းအေး က ဆက်လက်ပြောကြားသည်။
အဆိုပါ ဆန္ဒထုတ်ဖေါ်ပွဲတွင် ပူးပေါင်းပါဝင်ခဲ့သူ မဲဆန္ဒရှင်ပြည်သူတချို့မှ စာချွန်တော်လက်ခံမှု အမြန်ဆုံးကြားနာဆုံးဖြတ်ပေးရေး … ဒို့အရေး ၊ ပြည်ထောင်စုလွှတ်တော်အတွင်း တရားဥပဒေစိုးမိုးရေး … ဒို့အရေး စသည့် ကြွေးကြော်သံများအပါအဝင် ကြွေးကြော်သံ (၁၂) ချက်အားကြွေးကြော်ကာ ဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ၌ မွန်ပြည်နယ် ရေးမြို့နယ်အတွင်း မဲမသမာမှုဖြစ်နိုင်သည့် မဲဆန္ဒရှင်စာရင်း (၆၀၂၄၃) ဦးစိစစ်တွေ့ရှိထားကြောင်း တပ်မတော် သတင်းအမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၂) နေရာ၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေအမှတ် (၁) နှင့် (၂)၊ မဲဆန္ဒနယ် (၅) နေရာလုံးတွင် မွန်ညီညွတ်ရေးပါတီ (MUP) မှ ကိုယ်စားလှယ်များမှ အနိုင်ရရှိခဲ့သည်။
Photo Credit - Kyaw Thuya Facebook Account
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
