Top News

မန္တလေးတိုင်းတရားလွှတ်တော်အပါအဝင် မန္တလေးမြို့နေရာအနှံ့တွင်  ရဲတပ်ဖွဲ့အင်အားအများပြားဖြင့် လုံခြုံရေးရယူထား
24htopnews | October 24, 2024 1:12 AM CST

မန္တလေးတိုင်းတရားလွှတ်တော်အပါအဝင် မြို့နေရာအနှံ့တွင်  ရဲတပ်ဖွဲ့အင်အားအများပြားဖြင့် လုံခြုံရေးရယူထားကြောင်း သတင်းရရှိသည်။

မန္တလေးဒေသကြီးတွင် နေထိုင်သော ဦးဇော်ဝိတ်က နိုင်ငံတော်သမ္မတအပါအဝင် အကြီးအကဲလေးဦး၊ မကွေးတိုင်းဒေသကြီးတွင် နေထိုင်သော သရေစည်သူဦးစိုးမောင်က UEC ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၁၅ ဦး၊ ပြည်ခိုင်ဖြိုးပါတီ(၎င်း၏ တာဝန်ပေးအပ်ခြင်းခံရသူ ဦးလှသိန်း၊ ဗဟိုအလုပ်မှုဆောင်) က UEC ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ၁၅ ဦးတို့အား အာဏာပိုင်မေးစာချွန်တော် ထုတ်ဆင့်ပေးပါရန် လျှောက်ထားလာမှုများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး သုံးဦးရှေ့၌ ဇန်နဝါရီ ၂၉ ရက်တွင် Video Conferencing စနစ်ဖြင့် ကြားနာမည်ဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်ထားသည်။

 အဆိုပါ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး အမျိုးသားရေးလှုပ်ရှားသူများက အင်အားပြဆန္ဒထုတ်ဖော်ခြင်းများရှိမည်ဟု သတင်းကြားသိရသဖြင့် လုံခြုံရေးရယူထားခြင်းဖြစ်သည်ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သိရသည်။

"ရဲအင်အားလုံခြုံရေးက တစ်မြို့လုံးရယူထားတာပါ။ နေပြည်တော်မှာ ဦးဇော်ဝိတ်တိုင်ကြားထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားရေးအဖွဲ့တွေ လှုပ်ရှားမှုပြုလုပ်မယ်လို့ ကြားသိရတဲ့အတွက် လုံခြုံရေးရယူထားတာပါ။ မန္တလေးမြို့အေးချမ်းရေးအတွက် ကြိုတင်လုံခြုံရေး ရယူထားခြင်းဖြစ်ပါတယ်" ဟု ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမောင်မောင်အေးက ပြောကြားခဲ့သည်။

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀၊ ၆၈လမ်းနှင့် ၆၉ လမ်းကြားရှိ မန္တလေးတိုင်းတရားလွှတ်‌တော်တွင် နံနက် ၁၀ နာရီခွဲခန့်မှစတင်၍ ရဲတပ်ဖွဲ့အင်အားအများပြားဖြင့် လုံခြုံရေးရယူထားသလို တစ်ခြားနေရာများတွင်လည်း လုံခြုံရေးရယူထားသည်ဟု သိရသည်။

 


READ NEXT
Cancel OK