လက်ရှိအစိုးရသက်တမ်း ငါးနှစ်အတွင်း ပြည်တွင်းဘဏ် လေးဘဏ်၊ နိုင်ငံခြားဘဏ် ဘဏ်ခွဲရှစ်ဘဏ်၊ နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံး ခြောက်ရုံး ဖွင့်လှစ်ခွင့်ပြုထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။
လက်ရှိအစိုးရ လက်ထက်တွင် ဖွင့်လှစ်ခွင့်ပြုခဲ့သော ပြည်တွင်းဘဏ်များမှာ Glory Farmer ဖွံ့ဖြိုးရေးဘဏ်၊ သတ္တုဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ခရီးသွားဘဏ်၊ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်-မန္တလေး တို့ဖြစ်သည်။
လက်ရှိအစိုးရ လက်ထက်တွင် ဖွင့်လှစ်ခွင့်ပြုခဲ့သော နိုင်ငံခြားဘဏ် ဘဏ်ခွဲများမှာ BIDV Bank (ဗီယက်နမ်)၊ Shinhan Bank (တောင်ကိုရီးယား)၊ E. Sun Commercial Bank Limited (ထိုင်ဝမ်)၊ State Bank of India (အိန္ဒိယ)၊ Mega International Commercial Bank (ထိုင်ဝမ်)၊ The Korea Development Bank (တောင်ကိုရီးယား)၊ Cathy United Bank (ထိုင်ဝမ်)၊ Bank of China (Hong Kong) (ဟောင်ကောင်) တို့ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် မတ်လတွင် ပုဂ္ဂလိကဘဏ် ၂၇ ဘဏ်မှ ဖွင့်လှစ်ထားသော ဘဏ်ခွဲအရေအတွက် ၁၉၄၀ ဘဏ်ရှိပြီး ၄၅ လအတွင်း ဘဏ်ခွဲအရေအတွက် ၆၃၄ ဘဏ် တိုးတက်လာကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည့် Quarterly Financial Statistics Bulletin (2019 Volume IV) အရ သိရသည်။
၂၀၁၆ ခုနှစ် ဇွန်လစာရင်းများအရ မြန်မာနိုင်ငံတွင် နိုင်ငံပိုင်ဘဏ်လေးဘဏ်မှ ဘဏ်ခွဲ ၅၁၅ ဘဏ်၊ အေတီအမ်စက် ၆၂ ခု၊ ပုဂ္ဂလိကဘဏ် ၂၄ ဘဏ်မှ ဘဏ်ခွဲ ၁၃၀၆ ဘဏ်၊ အေတီအမ်စက် ၁၅၈၆ ခု၊ နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၀ ခု၊ နိုင်ငံခြားဘဏ္ဍာရေး ကုမ္ပဏီ ၁၅ ခု၊ နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံး ၄၅ ခု ဖွင့်လှစ်ထားခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ် မတ်လစာရင်းများအရ မြန်မာနိုင်ငံတွင် နိုင်ငံပိုင်ဘဏ် လေးဘဏ်မှ ဘဏ်ခွဲ ၅၁၇ ဘဏ်၊ အေတီအမ်စက် ၉၃ ခု၊ ပုဂ္ဂလိကဘဏ် ၂၇ ဘဏ်မှ ဘဏ်ခွဲ ၁၉၄၀ ဘဏ်၊ အေတီအမ်စက် ၂၈၉၄ ခု၊ နိုင်ငံခြား ဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်၊ နိုင်ငံခြားဘဏ္ဍာ ရေးကုမ္ပဏီ ၂၉ ခု၊ နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံး ၄၅ ခု၊ နိုင်ငံခြား ဘဏ္ဍာရေးကုမ္ပဏီ ကိုယ်စားလှယ်ရုံး ခြောက်ခု ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
၄၅ လအတွင်း တိုးတက်မှုအနေဖြင့် နိုင်ငံပိုင်ဘဏ် ဘဏ်ခွဲ နှစ်ဘဏ်၊ အေတီအမ် စက် ၃၁ ခု၊ ပုဂ္ဂလိကဘဏ် သုံးဘဏ်၊ ဘဏ် ခွဲ ၆၃၄ ဘဏ်၊ အေတီအမ်စက် ၁၅၈၈ ခု၊ နိုင်ငံခြားဘဏ်ဘဏ်ခွဲ သုံးဘဏ်၊ နိုင်ငံခြား ဘဏ္ဍာရေးကုမ္ပဏီ ၁၄ ခု၊ နိုင်ငံခြားဘဏ္ဍာ ရေးကုမ္ပဏီကိုယ်စားလှယ်ရုံး ခြောက်ခု တိုးတက်ခဲ့ပြီး နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံး မှာ ထပ်မံတိုးတက်မလာဘဲ ၂၀၁၆ ခုနှစ် ဇွန် လအတိုင်း ၄၅ ခုသာ ဆက်ရှိခဲ့သည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာ၌ နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များတွင် အပ်ငွေ ကျပ် ၄၉၃၅၀ ဘီလျံကျော်ရှိပြီး ယခင်သုံးလနှင့် နှိုင်းယှဉ်ပါက နိုင်ငံပိုင်ဘဏ်များတွင် အပ် ငွေရရှိမှု ကျပ် ၆၃၁ ဘီလျံကျော်၊ ပုဂ္ဂလိက ဘဏ်များတွင် အပ်ငွေရရှိမှု ကျပ် ၈၅၄ ဘီလျံ ကျော် မြင့်တက်ခဲ့သည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ပြည်တွင်း ဘဏ်များက ထုတ်ချေးထားသော ချေးငွေ ပမာဏ ကျပ် ၂၉၆၉၅ ဘီလျံကျော်ရှိပြီး နိုင်ငံပိုင်ဘဏ်များက ကျပ် ၅၂၇၀ ဘီလျံကျော်၊ ပုဂ္ဂလိကဘဏ်များက ကျပ် ၂၄၄၂၄ ဘီလျံကျော် ထုတ်ချေးထားသည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် နိုင်ငံခြားဘဏ် ဘဏ်ခွဲများတွင် အပ်ငွေ ကျပ် ၄၀၂၂ ဘီလျံကျော်ရှိပြီး ချေးငွေ ၂၀၃၆ ဘီလျံကျော် ထုတ်ချေးထားပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာ နှင့်နှိုင်းယှဉ်ပါက အပ်ငွေ ကျပ် ၂၅၈ ဘီလျံ ကျော် ကျဆင်းကာ ချေးငွေ ကျပ် ၁၇၅ ဘီ လျံမြင့်တက်ခဲ့သည်။
ဘဏ်စနစ်တစ်ခုလုံး လုံခြုံခိုင်မာမှုရှိ စေရန် ဘဏ်များက နိုင်ငံတော်ဗဟိုဘဏ်၏ ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာနသို့ အစီရင်ခံစာများ ပေးပို့ရကြောင်း သိရသည်။ နေ့စဉ်ပေးပို့ရသည့် အစီရင်ခံစာများမှာ မ တည်ရင်းနှီးငွေ၊ အပ်ငွေ၊ ချေးငွေ၊ ငွေလွှဲ ဆောင်ရွက်မှု၊ ဝင်ငွေနှင့် အသုံးစရိတ်၊ အစိုးရ ငွေချေးသက်သေခံ လက်မှတ်များ ပိုင်ဆိုင်မှု၊ ငွေဝင်/ငွေထွက်စာရင်း၊ အစမ်းရှင်းတမ်း အခြေအနေနှင့် နေ့စဉ်ထိန်းသိမ်းရမည့် နိုင်ငံခြားငွေကြေး အခြေအနေတို့ဖြစ်သည်။ အပတ်စဉ် ပေးပို့ရမည့် အစီရင်ခံစာမှာ ငွေကြေးလွယ်ကူမှု အချိုးဖြစ်သည်။ လစဉ်ပေးပို့ရမည့် အစီရင်ခံစာများမှာ ဝင်ငွေနှင့် အသုံးစရိတ် အခြေအနေ၊ လက်ကျန်ရှင်းတမ်း၊ မတည်ငွေရင်း လုံလောက်မှု အချိုးနှင့် ရရန်ပိုင်ခွင့် အမျိုးအစား ခွဲခြားခြင်းနှင့် လျာထားခြင်းစာရင်း၊ သုံးလတစ်ကြိမ် ပေးပို့ရမည့် အစီရင်ခံစာများမှာ ပမာဏကြီးမားသော ကြွေးမြီများစာရင်း၊ ကဏ္ဍအလိုက် ထုတ်ချေးထားသော ငွေစာရင်းနှင့် အာမခံ အမျိုးအစားအလိုက် ချေးငွေစာရင်း၊ နှစ်စဉ်ပေးပို့ရသော အစီရင်ခံစာများမှာ ဘဏ်၏ နှစ်ချုပ်အစီရင်ခံစာနှင့် ပြင်ပစာရင်းစစ် အစီရင်ခံစာ တို့ဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ် ဘဏ်ခွဲဖွင့်လှစ်ခွင့်ကို ၂၀၁၄ ခုနှစ်တွင် ဘဏ်ခွဲ ကိုးဘဏ်၊ ၂၀၁၆ ခုနှစ်တွင် ဘဏ်ခွဲ လေး ဘဏ်၊ ယခု ၂၀၂၀ ပြည့်နှစ်တွင် ဘဏ်ခွဲ လေး ဘဏ်၊ နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ် သုံးဘဏ်၊ စုစုပေါင်း နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၇ ဘဏ်၊ နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ် သုံးဘဏ် ခွင့်ပြုပြီးဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
