COVAX အဖွဲ့ထံမှ ခွဲတမ်းဖြင့် ရရှိမည့် COVID-19 ကာကွယ်ဆေးများ မြန်မာနိုင်ငံသို့ မတ်လအတွင်း ရောက်ရှိမည်ဖြစ်ပြီး လက်ရှိအဖွဲ့ဝင် နိုင်ငံပေါင်း ၄၆ နိုင်ငံကို COVAX ကာကွယ်ဆေးများ ဖြန့်ဖြူးနေပြီ ဖြစ်ကြောင်း သိရသည်။
COVAX အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ အနက် မြန်မာနိုင်ငံသည် ဖွွံ့ဖြိုးမှု အလယ်အလတ်နှင့် ဖွံ့ဖြိုးမှုလိုအပ်သည့် တိုင်းပြည် ၉၂ နိုင်ငံတွင် ပါဝင်ကြောင်း၊ လက်ရှိ COVAX အဖွဲ့က တိုင်းပြည် ၄၆ နိုင်ငံကို Pfizer ကာကွယ်ဆေးများ ဖြန့်ဖြူးလျက်ရှိပြီး ယင်းတို့အနက် ဖွံ့ဖြိုးပြီးတိုင်းပြည် ၃၆ နိုင်ငံနှင့် ဖွံ့ဖြိုးမှု အလယ်အလတ်ရှိသည့် တိုင်းပြည် ခြောက်နိုင်ငံ ပါဝင်ကြောင်းနှင့် မြန်မာနိုင်ငံသို့ ယခုနှစ် မတ်လအတွင်း ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
COVID-19 ကာကွယ်ဆေး ရရှိရေးအတွက် ရန်ပုံငွေ ထည့်ဝင်ထားသည့် COVAX Facility အဖွဲ့၏ ကာကွယ်ဆေးများ ယခုနှစ်စမှ ရက် ၁၀၀ အတွင်း ရရှိမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။
“Covax အဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့အတွက်ကြောင့်မို့ Covax အဖွဲ့ဝင် နိုင်ငံတွေကနေရမယ့် ကာကွယ်ဆေးသည် ဘယ်ကာကွယ်ဆေးဖြစ်မလဲ ဆိုတာတော့ အခုလောလောဆယ်အရတော့ WHO ကနေ သူတို့ရဲ့ အရေးပေါ် အသုံးပြုခွင့် List ထဲမှာ ပါဝင်တဲ့ ကာကွယ်ဆေးသည် Pfizer နဲ့ BioNTech က ထုတ်တဲ့ ကာကွယ်ဆေးပဲ ဖြစ်ပါတယ်။ Oxford ကာကွယ်ဆေးတွေ ဒါတွေကိုလည်း အရေးပေါ် အသုံးပြုခွင့် List ထဲ ပါဝင်ဖို့အတွက် အထောက်အထား အချက်အလက်တွေ လာတင်ဖို့အတွက် WHO က ဖိတ်ခေါ်ထားတာ ရှိပါတယ်။ WHO ရဲ့ ညွှန်ကြားရေးမှူးချုပ်က ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောထားတဲ့ မိန့်ခွန်းမှာလည်းပဲ ၂၀၂၁ ရက် ၁၀၀ စီမံကိန်းဆိုတာ ရှိပါတယ်။ ရက် ၁၀၀ ဆိုတာ ဒီ ၂၀၂၁ ရက် ၁၀၀ အတွင်းပေါ့။ ရက် ၁၀၀ အတွင်းကို ရှင်းရှင်းပြောရရင် ဧပြီ ၁၀ ရက် အထိပေါ့နော်။ ရက် ၁၀၀ အတွင်းမှာပဲ Covax အဖွဲ့ဝင်နိုင်ငံတွေကို ကာကွယ်ဆေးတွေ ပေးပို့ဖို့ လုပ်သွားမယ်လို့ ပြောထားတာ ရှိပါတယ်။ တိတိကျကျ ပြောမယ်ဆိုရင် ရက် ၁၀၀ ပေမယ့်လို့ ဧပြီ ၁၀ ရက်အထိ မရောက်ပါဘူး။ ဧပြီ ၇ ရက်နေ့ ကမ္ဘာ့ကျန်းမာရေးနေ့ မတိုင်ခင်မှာ ဆေးထိုးနှံမှုတွေ လုပ်ဆောင်သွားမယ်ဆိုတာ Media Conference မှာ ပြောထားပြီး ဖြစ်ပါတယ်။ ဒါဆိုရင် ၂၀၂၁ သုံးလပိုင်း ရက် ၁၀၀ အတွင်းမှာတော့ ကာကွယ်ဆေးတွေ ရောက်ရှိမှာ ဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အရည်အသွေး ပြည့်ဝသော ကာကွယ်ဆေးများ ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံနိုင်ရေးအတွက် ရန်ပုံငွေများ အဓိက ထောက်ပံ့ပေးနေသည့် Gavi, The Vaccine Alliance အဖွဲ့အနေဖြင့် COVAX Facility မှတစ်ဆင့် ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် COVID-19 ကာကွယ်ဆေး ရရှိစေရေး ပံ့ပိုးမည့် အစီအစဉ်များ ချမှတ်ဆောင်ရွက် ခဲ့ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် Gavi, The Vaccine Alliance အဖွဲ့၏ အရှေ့တောင် အာရှဒေသနှင့် အရှေ့ပစိဖိတ် ဒေသဆိုင်ရာ ဘုတ်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေပြီး ဘုတ်အဖွဲ့ဝင်များ အစည်းအဝေးတွင် မြန်မာနိုင်ငံအတွက် COVID-19 ကာကွယ်ဆေးရရှိရေး အလေးထား ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန် ဆေးကုမ္ပဏီ Pfizer နှင့် တွဲဖက်ဂျာမန်ဆေးကုမ္ပဏီ BioNTech တို့က ၎င်းတို့၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသည် ဗြိတိန်နှင့် တောင်အာဖရိကတွင် ပေါ်ပေါက်ခဲ့သော ဗိုင်းရပ်စ် မျိုးကွဲသစ်များကို ထိရောက်စွာ ကာကွယ်ပေးနိုင်သည်ဟု ဇန်နဝါရီ ၂၈ ရက်၌ ထုတ်ပြန်ခဲ့သည်။
စမ်းသပ်မှုအရ မူလဗိုင်းရပ်စ်နှင့် နှိုင်းယှဉ်လျှင် အနည်းငယ် ကွဲပြားခြားနားမှုများ ရှိသော်လည်း ယင်းဗိုင်းရပ်စ် မျိုးကွဲသစ်များသည် ကာကွယ်ဆေး၏ ထိရောက်မှုကို သိသိသာသာ လျှော့ချပေးနိုင်အောင် လုပ်ဆောင်နိုင်ဖွယ် မရှိကြောင်း Pfizer နှင့် BioNTech ဆေးကုမ္ပဏီနှစ်ခုက ပူးတွဲထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဗိုင်းရပ်စ်မျိုးကွဲသစ်များကို တိုက်ဖျက်ရန် ကာကွယ်ဆေး အသစ်တစ်ရပ် ထုတ်လုပ်စရာ မလိုကြောင်း စစ်ဆေးတွေ့ရှိချက်များက ဖော်ပြနေပြီး အကယ်၍ ဗိုင်းရပ်စ်မျိုးကွဲသစ်များက လက်ရှိ ကာကွယ်ဆေးကို အောင်နိုင်သည့် သက်သေ အထောက်အထား ရှိလာခဲ့လျှင် တုံ့ပြန်လုပ်ဆောင် သွားမည်ဟု Pfizer နှင့် BioNTech တို့က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
