Top News

ရှမ်းပြည်နယ်မှ ကယားပြည်သို့အဝင် လွိုင်ကော်မြို့နယ် ပီကင်းကောခူ  စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတိုးမြင့်ထား
24htopnews | October 24, 2024 1:12 AM CST

ရှမ်းပြည်နယ်မှ ကယားပြည်သို့အဝင် လွိုင်ကော်မြို့နယ် ပီကင်းကောခူ စစ်ဆေးရေးဂိတ်တွင် ဇန်နဝါရီလ ၂၇ ရက်နေ့မှစတင်၍ လုံခြုံရေးတိုးမြင့်စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

လွိုင်ကော်မြို့နှင့် ရှစ်မိုင်ခန့်ဝေးသော ပီကင်းကောခူဂိတ်တွင် ဖြတ်သန်းသွားလာခွင့်ကို အင်အားဖြည့် စစ်ဆေးမှုများပိုမိုပြုလုပ်လာသည့်အပေါ် အနီးအနားကျေးရွာများမှလည်း စိုးရိမ်လျက်ရှိကြကြောင်းသိရသည်။

''မလိုလားအပ်တဲ့ပြဿနာတွေမဖြစ်အောင်ပေါ့။ ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့တွေရှိတယ်။ ဒီအဖွဲ့တွေကို ဂိတ်တွေမှာ တာဝန်ပေးထားတဲ့သဘောပါ။ ဂျူတီချတာက ပုံမှန်ဂိတ်တွေမှာ မြို့နယ်မှုးတွေ။ ပြည်နယ်အဆင့် ဌာနဆိုင်ရာကပါ ဂိတ်မှာ ဂျူတီချထားတာလေ။ COVID နဲ့ပက်သက်လို့။ ခုလည်း ဒီသဘောပါပဲ။ ဆန္ဒပြဖို့ဘာညာမဟူတ်ပါဘူး။ ကားကြီးတွေနဲ့စုပြုံလွိုင်ကော်ထဲကထွက်သွားမှာ COVID ညွှန်ကြားချက်နဲ့ မညီဘူးပေါ့။ ဒါလေးတွေကိုဖြန်ဖြေ ပေးဖို့ရအောင်။ ဒိလိုလေ ၂၉ ရက်နေ့မှာ သတင်းတွေက ကြားနေတာကိုး ဒါကြောင့်မို့။ မြို့နယ်တိုင်းပါပဲ။ မြို့နယ်တိုင်း Alert လုပ်ထားတာပေါ့။ ကျွန်တော်တို့ကလည်းတစ်ခုခုဆို သတိထားရမယ့် အနေအထား'ဖြစ်နေတာကိုး” ဟု လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှုး ဦးရန်နိုင်ဝင်းကပြောကြားသည်။

ရှမ်းပြည်နယ်ဘက်နှင့် ကယားပြည်နယ်ဘက်တွင် ဆန္ဒထုတ်ဖော်မှုများပြုလုပ်ပါက နယ်စပ်ဂိတ်အားဖြတ်၍ သွားလာမည်ကို မလိုလားသောကြောင့် လုံခြုံရေးတိုးမြင့်သည်ဟုလည်း ကောလာဟလများ ထွက်ပေါ်နေသည်ဟု အနီးအနားကျေးရွာသားများထံမှ သိရသည်။


READ NEXT
Cancel OK