လှိုင်မြို့နယ်အတွင်းရှိ ရထားလမ်းများတွင် မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် ကျူးကျော်နေထိုင်သူများကို ရှင်းလင်းသွားမည် ဖြစ်ကြောင်း လှိုင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောကြား သည်။
“အဲဒီမှာက ကျူးကျော်ဝင်နေတာတွေ ရှိတဲ့အတွက် ပတ်ဝန်းကျင်အတွက် အန္တရာယ်လေး ရှိလာတယ်။ နောက်ပြီး ကြားတာက မူးယစ်ဆေးဝါးတို့ မှောင်ရိပ်ခိုပြီးတော့ ရထားဘူတာ လမ်းတစ်လျှောက်ကို အကာအကွယ်ယူပြီး လုပ်တယ်လို့ ကြားတယ်။ နောက်ပြီး ရထားလမ်း အုတ်တံတိုင်းတွေကို ဖောက်ထားတယ်။ အဲဒီနေရာတွေကို ပြန်ပိတ်မယ်။ နောက်ပြီးတော့ ကျူးကျော်တွေ ရှင်းထုတ်မယ်။ မြန်မာ့မီးရထားနဲ့ ဆွေးနွေးထားပြီး အမြန်ဆုံး အကောင်အထည် ဖော်သွားမယ်” ဟု ဦးကျော်ကျော်ထွန်းက ပြောကြားသည်။
အဆိုပါ ရထားလမ်းတွင် ကျူးကျော်နေထိုင်သည့် အိမ်ထောင်စု ခုနစ်စုခန့်ရှိနိုင်ပြီး ကမာရွတ်ဘူတာနှင့် သီရိမြိုင်ဘူတာ အနီးတွင် နေထိုင်နေခြင်း လှိုင်မြို့နယ် ရဲတပ်ဖွဲ့ကိုလည်း အကြောင်းကြားထားကြောင်း ဦးကျော်ကျော်ထွန်းက ပြောကြားသည်။
ယခုကဲ့သို့ မီရးထားလမ်းပေါ်တွင် ကျူးကျော်နေထိုင်သူများကို ရှင်းလင်းရန်အတွက် ဇန်နဝါရီ ၂၈ ရက်တွင် မြန်မာ့မီးရထား၊ တိုင်း ၇ မှ တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စား လှယ် ဦးကျော်ကျော်ထွန်းတို့ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး အုတ်တံတိုင်းများ ပြင်ဆင်ခြင်း၊ လမ်းကူးတံတားများ ပြုပြင်ခြင်း ကိစ္စများ ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
