
လက်ရှိဘဏ္ဍာနှစ် ခြောက်လခွဲတွင် မြန်မာနိုင်ငံ၏ စုစုပေါင်း ကုန်သွယ်မှုသည် ယခင်နှစ် ကာလတူထက် ရာခိုင်နှုန်း ၃၀ ခန့် လျော့ခဲ့ပြီး ပို့ကုန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံ နှင့် သွင်းကုန်ဒေါ်လာ သုံးဘီလျံခန့်အထိ လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
လက်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၆ ရက်အထိ ခြောက်လခွဲကျော်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၆ ဒသမ ၇၁၂ ဘီလျံသာ ကုန်သွယ်မှု ဆောင်ရွက်ထားသည်။
ယခင်နှစ် ကာလတူတွင်မူ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၁ ဒသမ ၂၅၂ ဘီလျံအထိ ကုန်သွယ်မှု ဆောင်ရွက်ထားသည့်အတွက် လက်ရှိဘဏ္ဍာနှစ် ခြောက်လခွဲတွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုသည် ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၄ ဒသမ ၅၃၉ ဘီလျံအထိ လျော့ကျခဲ့သည်။ ရာခိုင်နှုန်းအားဖြင့် ၂၇ ရာခိုင်နှုန်းကျော် လျော့ကျခဲ့သည်။
အဆိုပါ ကာလအတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှာ ဒေါ်လာ ၈ ဒသမ ၃၁၆ ဘီလျံသာရှိပြီး ယခင်နှစ် ကာလတူထက် ပို့ကုန်တင်ပို့မှု ဒေါ်လာ ၁ ဒသမ ၆၆၃ ဘီလျံအထိ လျော့ကျခဲ့သည်။
သွင်းကုန်တင်ပို့မှုမှာ ဒေါ်လာ ၈ ဒသမ ၃၉၆ ဘီလျံသာရှိပြီး ယခင်နှစ် ကာလတူထက် သွင်းကုန်တင်သွင်းမှု ဒေါ်လာ ၂ ဒသမ ၈၇၆ ဘီလျံအထိ လျော့ကျခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော CMP ၊ အခြားသောပို့ကုန်များကို တင်ပို့နေခြင်း ဖြစ်သည်။
အဆိုပါကာလအတွင်း လယ်ယာထွက်ပစ္စည်း တင်ပို့မှု ဒေါ်လာ သုံးဘီလျံကျော်၊ တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှု ဒေါ်လာ ၁၆ သန်းကျော်၊ ရေထွက်ပစ္စည်းတင်ပို့မှု ဒေါ်လာ ၄၇၅ သန်းကျော်၊ သတ္တုတွင်းထွက်ပစ္စည်း တင်ပို့မှု ဒေါ်လာ ၅၆၄ သန်းကျော်၊ သစ်တောထွက်ပစ္စည်း တင်ပို့မှု ဒေါ်လာ ၇၃ သန်းကျော်၊ စက်မှုကုန်ချော CMP တင်ပို့မှု ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော်၊ အခြားသော ပို့ကုန်တင်ပို့မှု ဒေါ်လာ ၂၄၂ သန်းကျော် အသီးသီး တင်ပို့ထားသည်။
ယင်းအနက် စက်မှုကုန်ချော CMP တင်ပို့မှုမှာ ဒေါ်လာ ၁ ဒသမ ၇ ဘီလျံကျော်အထိ အဓိက အများဆုံး လျော့ကျခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၌ CMP စနစ်ဖြင့် အဓိက လုပ်ကိုင်သော လုပ်ငန်းများမှာ အထည်ချုပ်လုပ်ငန်း ဖြစ်ကြောင်း သိရသည်။
သွင်းကုန် တင်သွင်းမှုတွင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်း စသည်တို့ကို အဓိက တင်သွင်းနေခြင်း ဖြစ်သည်။
အဆိုပါကာလအတွင်း ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းတင်သွင်းမှု ဒေါ်လာ သုံးဘီလျံနီးပါးရှိပြီး၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတင်သွင်းမှု ဒေါ်လာ ၂ ဒသမ ၈ ဘီလျံကျော်၊ လူသုံးကုန်ပစ္စည်း တင်သွင်းမှု ဒေါ်လာ ၁ ဒသမ ၇ ဘီလျံကျော်၊ CMP ကုန်ကြမ်းတင်သွင်းမှု ဒေါ်လာသန်း ၈၃၀ ကျော် အသီးသီး တင်သွင်းထားသည်။
သွင်းကုန်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းတင်သွင်းမှု အဓိက လျော့ကျခဲ့ကာ ဒေါ်လာ ၁ ဒသမ ၄ ဘီလျံကျော်အထိ လျော့ကျခဲ့သည်။ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း တင်သွင်းမှု ဒေါ်လာ တစ်ဘီလျံခန့် လျော့ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်