
ရန်ကုန်ဆိပ်ကမ်းများသို့ ယခုနှစ် ဖေဖော်ဝါရီနှင့် မတ်လအတွင်းက သင်္ဘောဝင်ရောက်မှုနည်းပါးခဲ့ပြီး လာမည့်မေလအတွင်း သင်္ဘောလိုင်းအလိုက် စုစုပေါင်းကုန်သေတ္တာတင်သင်္ဘော ၂၄ စင်းပြေးဆွဲရန် လျာထားကြောင်း သိရသည်။
ပို့ကုန်များ အချိန်မီတင်ပို့နိုင်ရန် ရန်ကုန်ဆိပ်ကမ်းသို့ ယခုနှစ်မေလအတွင်း သင်္ဘောလိုင်းအလိုက် စုစုပေါင်း ကုန်သေတ္တာ တင်သင်္ဘော ၂၄ စင်းပြေးဆွဲရန် လျာထားပြီး စျေးကွက်လိုအပ်ချက်အရ အထူးခရီးစဉ်များ ဖြည့်စွက်ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတင်းရရှိသည်။
အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု၊ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများနှင့် ကုန်စည်စီးဆင်းမှုများ အဆင်ပြေချောမွေ့စေရေးအတွက် ကုန်သေတ္တာတင်သင်္ဘောများ ပိုမိုဝင်ရောက်နိုင်ရန်နှင့် ပို့ကုန်အတွက် ကုန်သေတ္တာလိုအပ်ချက်များ ဖြေရှင်းနိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် ဦးဆောင်ညွှန်ကြာရေးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ COVID-19 ဖြစ်ပွားချိန်မှစ၍ ရန်ကုန်ဆိပ်ကမ်း၏ ကုန်သေတ္တာတင် သင်္ဘောဝင်ရောက်မှု ကျဆင်းခဲ့သည့်အခြေအနေ၊ ပို့ကုန်အတွက် ကုန်သေတ္တာလိုအပ်ချက် မြင့်တက်လာရသည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုတွင် ရေကြောင်းဖြင့် ကုန်သွယ်မှု၏အရေးပါပုံနှင့် သင်္ဘောစီးရေ တိုးမြှင့်ဝင်ရောက်လာစေရေးနှင့် ကုန်သေတ္တာလိုအပ်ချက် လျော့ချနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး၊ အထွေထွေမန်နေဂျာ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကမ္ဘာ့စျေးကွက်နှင့် အထူးသဖြင့် အာရှနှင့် အရှေ့တောင်အာရှစျေးကွက်တွင် ဆက်လက်ဖြစ်ပေါ်နေသည့် ကုန်သေတ္တာလိုအပ်ချက်မြင့်တက်နေမှုနှင့်အတူ မြန်မာနိုင်ငံတွင် လက်ရှိကာလအတွင်း ပို့ကုန်များအချိန်မီ တင်ပို့နိုင်ရန်အတွက် ကုန်သေတ္တာနှင့် အေအေးခန်းကုန်သေတ္တာ လိုအပ်ချက်ရှိမှုအခြေအနေနနှင့် ဆိပ်ကမ်းလုပ်ငန်းများ ပုံမှန်အတိုင်း ဘေးကင်းလုံခြုံစွာဖြင့် လည်ပတ်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ကုန်သေတ္တာတင်ဆိပ်ကမ်းတံတားအသီးသီးမှ လက်ရှိကာလတွင် နေ့စဉ်ဆိပ်ကမ်းလုပ်ငန်းများလည်ပတ်မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ သင်္ဘောလိုင်းများမှလည်း လက်ရှိကာလတွင် အချို့သော သဘောင်္များကို ယာယီသဘော လျော့ချ/ရပ်ဆိုင်းခဲ့မှုအခြေအနေ၊ ယခုနှစ်မေလအတွင်း သင်္ဘောလိုင်းအလိုက် စုစုပေါင်း ကုန်သေတ္တာတင်သင်္ဘော ၂၄ စီး ပြေးဆွဲရန် လျာထားကြောင်း သိရသည်။
ရန်ကုန်မြစ်အတွင်း ရေလမ်းကြောင်း အသစ်ရှာဖွေတွေ့ရှိမှုကြောင့် ရေစူးကန့်သတ်ချက် တိုးမြှင့်ခွင့်ပြုခဲ့သည့် ငါးလတာအတွင်း ရန်ကုန်အတွင်းဆိပ်ကမ်းနှင့် သီလဝါဆိပ်ကမ်းများသို့ တန်ချိန်သုံးသောင်းအထက် သင်္ဘော ၁၅၂ စီး ဝင်ရောက်ခဲ့ကြောင်း သိရသည်။
၂၀၂ဝပြည့်နှစ် အစောပိုင်းကာလအထိ ရန်ကုန်ဆိပ်ကမ်း၊ သီလဝါဆိပ်ကမ်းဒေသသို့ အလျား ၂၀၀ မီတာ၊ တန်ချိန် ၂၀၀၀၀၊ ရေစူး ၉ မီတာနှင့် ရန်ကုန်အတွင်း ဆိပ်ကမ်းဒေသရှိ ဆိပ်ကမ်းတံတားများသို့ အလျား ၁၆၇ မီတာ၊ တန်ချိန် ၁၅၀၀၀ နှင့် ရေစူး ၉မီ တာရှိသော ရေယာဉ်များကိုသာ ဝင်/ထွက် မောင်းနှင်ရန်ခွင့်ပြုခဲ့ကြောင်း သိရသည်။ ယင်းသို့ ရေစူးသတ်မှတ်ချက် တိုးမြှင့်ခွင့်ပြုခဲ့သည့် ၂၀၂ဝပြည့်နှစ်၊ ဇူလိုင်မှ နိုဝင်ဘာလအတွင်း ရန်ကုန်ဆိပ်ကမ်းဒေသရှိ ဆိပ်ကမ်းတံတားများသို့ ရေစူး ၉ မီတာအထက် ရေယာဉ်စုစုပေါင်း ကိုးစင်းဝင်ရောက်ခဲ့ပြီး အဆိုပါကာလအတွင်း တန်ချိန်အားဖြင့် Fross Tonnage (၁၅၀၀၀) မှ (၃၀၀၀၀) အထက်ရှိ ရေယာဉ်သုံးစီး ဝင်ရောက်ဆိုက်ကပ်၍ ကုန်တင်ကုန်ချလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်