ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေကြီး (က+ဂ)ရပ်ကွက်၊ ရွှေဟင်္သာလမ်း စျေးအတွင်းရှိ သက်တမ်းရင့် သစ်ပင်တစ်ပင် လဲကျမှု မေလ ၁၃ ရက် နံနက် ၈ နာရီက ဖြစ်ပွားခဲ့ပြီး လမ်းဘေးစျေးဆိုင် ခုနစ်ဆိုင် ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ပင်မှာ ရေတမာပင် အမျိုးအစားဖြစ်ပြီး သစ်ပင်အောက်ခြေရှိ အမြစ်များဆွေးကာ ဖြည်းဖြည်းချင်း လဲကျခဲ့ခြင်း ဖြစ်ကြောင်း၊ လဲကျချိန်တွင် စျေးသည်များ စျေးအတွင်း စျေးရောင်းချနေသည့်အတွက် စျေးပစ္စည်းများ ထိခိုက်မှု ရှိခဲ့ကြောင်း သိရသည်။
“စတဲ့အချိန်မှာ ကျွန်တော်က ဘေးမှာရပ်နေတာ။ စျေးသည်တစ်ယောက်ကအော်လို့ အားလုံးဖယ်လိုက်တဲ့ အချိန်မှာ လဲကျသွားတယ်။ လဲကျတော့ ပစ္စည်းတွေချပြီး အကုန်ထွက်ပြေးကြတယ်။ အောက်ကအမြစ်တွေ ဆွေးပြီးတော့ လမ်းမဘက်ကို လဲကျတာပါ။ စျေးသည်တွေရဲ့ စျေးဗန်း စျေးပစ္စည်းတွေတော့ ဆုံးရှုံးမှုရှိတယ်။ မီးကြိုးတွေ ပျက်စီးသွားတယ်။ လူတွေတော့ ထိခိုက်မှု မရှိပါဘူး” စျေးအုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူ ကိုကြည်လှိုင်က ပြောကြားသည်။
သစ်ပင်လဲကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိသော်လည်း စျေးအတွင်းရှိ ဓာတ်ကြိုးများ၊ စျေးရောင်းချနေသည့် စျေးသည်များ၏ စျေးပစ္စည်းများ၊ စျေးဝယ်သူတစ်ဦး၏ စက်ဘီးတစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရပ်ကွက်တာဝန်ရှိသူများက အဆိုပါစျေးလမ်းကို ပိတ်ဆို့ထားပြီး ရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
