မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် အတွင်းရှိ ဂိုဒေါင်တစ်ခုတွင် CCTV ကင်မရာ အပူလွန်ကဲရာမှတဆင့် မီးလောင်ကျွမ်းမှုတစ်ခု မေလ ၁၂ ရက် ည ၇ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ ၆၀×၆၂ လမ်းကြား၊ ၃၆ လမ်းရှိ တော်ဝင်သဇင် ဖူဂျီဆပ်ပြာ -E-9 Gold ဆပ်ပြာနှင့် ဘားမမ်း သွားတိုက်တံ ထားရှိရာ ”60×40”နံကပ် (1) ထပ်ဂိုဒေါင်တစ်လုံး မီးလောင်နေကြောင်း သတင်းအရ မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်၊ တိုင်းမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး၊ လက်ထောက်ညွန်ကြားရေးမှူး ဦးထက်အောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးညွန့်ဝင်းအောင် ဦးစီး၍ သန္တေတပ်ဖွဲ့ဝင် (၂၀) ဦး၊ အရန်တပ်ဖွဲ့ဝင် (၇၀) ဦး၊ အုပ်ချုပ်ယာဉ်(၃)စီး၊ မီးငြိမ်းသတ်ယာဉ်(၁၀)စီး၊ ရေသယ်ယာဉ် (၅) စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီအချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်ရသည့် အကြောင်းအရင်းမှာ ဂိုဒေါင်အတွင်း တပ်ဆင်ထားသော CCTV ကင်မရာ အပူလွန်ကဲရာမှ အောက်ခြေရှိ Berman သွားတိုက်တံများ ထည့်ထားသော ဂျပ်ဖာများပေါ်သို့ မီးပွားများ ကျရောက်ခဲ့ရာမှ ”60×40”နံကပ်(1)ထပ်ဂိုဒေါင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဂိုဒေါင်မှူးအား ပ ၃၅၆၂၀၂၀၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
