
ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့် တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်လောင်းများအနက် ရွေးကောက်ပွဲ ကုန်ကျစရိတ် စာရင်းတင်သွင်းရမည့် ဒီဇင်ဘာ ၁၀ ရက်အထိ လာရောက် တင်သွင်းခြင်း မရှိသည့် ကိုယ်စားလှယ်လောင်း ခုနစ်ဦး ရှိကြောင်း သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံမှ သိရသည်။
“ကရင်၊ ဗမာ၊ ပအိုဝ်း တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်လောင်း ၁၉ ဦးရှိတဲ့အနက် က ကရင်တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်လောင်း တစ်ဦးကတော့ ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်း တင်သွင်းရမယ့် သတ်မှတ်ကာလအတွင်းမှာ လာရောက်တင်သွင်းခဲ့ခြင်း မရှိဘူး။ သူက ပါတီတစ်ခုကပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံကို အစီရင်ခံစာတင်ပြပြီး ဖြစ်သလို ရုံးရဲ့ ကြေညာသင်ပုန်းမှာလည်း ကပ်ထား ကြေညာထားပြီး ဖြစ်ပါတယ်” ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းအရေးမှူး ဦးဟိဏ်းလင်းထက်က ပြောကြားသည်။
ထို့အတူ မော်လမြိုင်ခရိုင်အတွင်းရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များ၌ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံခဲ့သည့် ကိုယ်စားလှယ်လောင်း ၁၂၉ ယောက် ရှိသည့်အနက် ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်း လာရောက် တင်သွင်းသည့် ကိုယ်စားလှယ်လောင်းပေါင်း ၁၂၇ ဦးရှိပြီး ကုန်ကျစရိတ်စာရင်း တင်သွင်းခြင်းမရှိသည့် ကိုယ်စားလှယ်လောင်း နှစ်ဦးရှိကြောင်း မော်လမြိုင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထင်ကျော်က ပြောကြားသည်။
ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းတင်သွင်းခြင်းမရှိတဲ့ ကိုယ်စားလှယ်လောင်း နှစ်ယောက် ကျိုက်မရောမြို့နယ် ပြည်သူ့ လွှတ်တော်တစ်သီးပုဂ္ဂလကိုယ်စားလှယ် လောင်း ဦးအုန်းဖေနဲ့ရေးမြို့နယ် အမျိုးသား လွှတ်တော်မဲဆန္ဒနယ်အမှတ် (၆) က တစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးဗညားအောင် ခိုင် တို့ဖြစ်ပါတယ်။ ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းရမယ့် သတ်မှတ်ကာလကျော် လွန်သွားတဲ့အတွက်ကို ကိုယ်စားလှယ် လောင်းတွေအနေနဲ့ ၁၅ ရက်အတွင်း အယူ ခံတင်သွင်းလို့ရပါတယ်။ ဒီအကြောင်းအရာ နဲ့ပတ်သက်လို့လည်း သက်ဆိုင်ရာပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အစီရင် ခံစာတင်ပြထားပြီးဖြစ်ပါတယ်။ ရုံးမှာလည်း ကပ်ထားကြေညာထားပေးပါတယ်” ဟု ဦးထင်ကျော်က ဆက်လက်ပြောကြားသည်။
အလားတူ သထုံခရိုင်အတွင်း ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များ၌ ဝင်ရောက် ယှဉ်ပြိုင်အရွေးချယ်ခံခဲ့ကြသည့် ကိုယ်စားလှယ်လောင်း ၁၀၈ ယောက် ရှိသည့်အနက် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းလာ ရောက်တင်သွင်းသည့် ကိုယ်စားလှယ်လောင်း ပေါင်း ၁၀၄ ဦးရှိပြီး ကုန်ကျစရိတ်စာရင်းတင် သွင်းခြင်းမရှိသည့် ကိုယ်စားလှယ်လောင်း လေးဦးရှိကြောင်းနှင့် ၎င်းင်းတို့မှာ နိုင်ငံရေးပါ တီများမှဖြစ်ကြောင်း သထုံခရိုင်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသက် နိုင်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်း လာရောက်တင်သွင်း ခြင်းမရှိတဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံကို အစီခံစာတင်ပြရပါတယ်။ ဒီအပေါ်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပဲ ဆုံးဖြတ်ပြီးတော့ ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။
“ရွေးကောက်ပွဲကုန်ကျစရိတ်နဲ့ ပတ်သက်ပြီးတော့ ဥပဒေအရ ကျပ်သိန်း တစ်ရာအထက် ပိုမသုံးရဘူးလို့ သတ်မှတ်ထားပါတယ်။ စာရင်းလာတင်တဲ့ အထဲမှာလည်း ဘယ်သူမှ ကျပ်သိန်း တစ်ရာ မပြည့်ကြပါဘူး။ တင်ပြတဲ့ ငွေကြေးပမာဏကလည်း ကိုယ်စားလှယ်တစ်ဦးနဲ့ တစ်ဦးလည်း မတူကြပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့လည်း အများမြင်သာတဲ့နေရာမှာ ကပ်ထားကြေညာထားတယ်” ဟု ဦးသက်နိုင်ဦးက ဆက်လက် ပြောကြားသည်။
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ကြသည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲအပြီး ရွေးကောက် တင်မြှောက်ခံရသည့် ကိုယ်စားလှယ်လောင်းများစာရင်း ကပ်ထားကြေညာပြီးသည့်နေ့မှ တစ်လအတွင်း ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းအား သက်ဆိုင်ရာ ပြည်နယ် နှင့် ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ တင်ပြရမည်ဟု ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ သိရသည်။
ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းအား သတ်မှတ်ကာလအတွင်း တင်သွင်းခြင်းမရှိသည့် ကိုယ်စားလှယ်လောင်းအား အရည်အချင်း ပျက်ယွင်းသူအဖြစ် သတ်မှတ်ကြေညာခံရမည် ဖြစ်ကြောင်း၊ ယင်းသို့ ကြေညာခံရသည့် ကိုယ်စားလှယ်လောင်း အနေဖြင့်လည်း ကြော်ငြာကပ်သည့်နေ့မှ ၁၅ ရက်အတွင်း မိမိအား အရည်အချင်း ပျက်ယွင်းသူဟု မသတ်မှတ်သင့်ကြောင်း အကျိုးအကြောင်း ဖော်ပြ၍ ကော်မရှင်သို့ လျှောက်ထားနိုင်သေးကြောင်းကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်များအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်