မိတ္ထီလာမြို့နယ်အတွင်းနှင့် မိတ္တီလာစက်မှုဇုန်ရှိ စက်ရုံ ၇၄ ရုံအား ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်လုပ်ကိုင် ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးအစိုးရမှ ခွင့်ပြုချက်ပေးထားကြောင်း မိတ္ထီလာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
“စက်ရုံတွေမှာ လူတစ်ယောက်နဲ့ တစ်ယောက် ခြောက်ပေကွာမှာ ရှိရမယ်၊ စက်ရုံ တစ်ရုံထဲကို စဝင်ပြီဆိုတာနဲ့ လူဝင်ပေါက် တစ်ပေါက်ရှိရမယ်။ ဝင်တဲ့ ဝင်ပေါက်မှာ အပူချိန်တိုင်းတာပေးရမယ်၊ လက်ဆေးကန် ဘေစင်ထားပေးရမယ်၊ ဝန်ထမ်းအယောက် ၅၀ ရှိရင် ဘေစင် တစ်စင်ရှိရမယ်၊ လုံလောက်တဲ့ ဘေစင်အရေအတွက်ရှိ မရှိစစ်ရမယ်၊ သာမိုတိုင်းတဲ့ အပူချိန်တိုင်းတဲ့ စက်တွေရှိရမယ်၊ အလုပ်သမားတွေ ထမင်းစားနားတဲ့အခါမှာ ခြောက်ပေအကွာ ရှိရမယ်၊ ဝန်ထမ်းတစ်ယောက် ဖျားပြီ၊ နာပြီဆိုရင် သံသယရှိလာပြီဆိုရင် ဘယ်လို စီစဉ်ဆောင်ရွက်မလဲ၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး အထောက်အကူပစ္စည်း ဘာတွေရှိလဲ၊ ကြမ်းခင်းတွေ စက်ပစ္စည်းကိရိယာတွေကို ပိုးသတ်ဖို့ ဘယ်လိုရှိမလဲ။ အဲဒါမျိုးတွေ စစ်ဆေးပြီးတိုင်းကို ပြန်တင်ပြတယ်၊ အဲဒါတွေပြီးရင် အဲဒီလိုသတ်မှတ်ထားတဲ့ စံချိန်စံညွှန်းရှိ မရှိ ရှောင်တခင် စစ်ဆေးတာတွေ လုပ်ပါမယ်။ အဲဒီအဖွဲ့မှာကျန်းမာရေးဦးစီးပါမယ်။ လွှတ်တော်ကိုယ်စားလှယ် ပါတယ်၊ စည်ပင်နဲ့ ထွေအုပ် စတဲ့အဖွဲ့အစည်းတွေပါ ပါတယ်” ဟု မိတ္ထီလာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်က ပြောကြားပါသည်။
မိတ္ထီလာစက်မှုဇုန်အား မိတ္တီလာမြို့နှင့် ၁၀ မိုင်ခန့်အကွာအဝေးရှိ ကျွန်းဖိုပင်ကျေးရွာအနီးတွင် ၁၉၉၈ ခုနှစ်ခန့်တွင် စတင်တည်ထောင်ခဲ့ပြီး ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးတွင် အလျား တစ်မိုင်၊ အနံ မိုင်ဝက်ခန့် အတွင်းတွင် သကြားစက်ရုံ၊ ရေသန့်စက်ရုံ၊ ရက်ကန်းစက်ရုံ၊ ၀ါစက်ရုံ၊ သံရည်ကျိုစက်ရုံ၊ စည်သွတ်စက်ရုံ၊ အထည်ချုပ်စက်ရုံ စသော စက်ရုံ ၂၉၀ ကျော်ရှိကြောင်း သိရှိရကာ ChengZhang အထည်ချုပ်စက်ရုံနှင့် Shun Hua အထည်ချုပ်စက်ရုံတို့တွင် အလုပ်သမားဦးရေ ၁၅၀၀ ကျော်ဖြင့် စက်မှုဇုန်အတွင်း လုပ်သားအင်အား အများဆုံးဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
