COVID-19 ကြောင့် မြိတ်ကျွန်းစုအတွင်းရှိ ကင်းမွန်စျေးကွက်များစွာ ထိခိုက်ခဲ့ပြီး နိုင်ငံအနေဖြင့် စျေးကွက် ဖန်တီးထားနိုင်ခြင်း မရှိသည့်အတွက် ရေရှည်ရပ်တည်ရန် မလွယ်ကူတော့ကြောင်း သိရသည်။
COVID-19 ဖြစ်လာသည်မှာ သုံးလကျော်လာပြီးနောက် မြိတ်ကျွန်းစုထွက် ရေထွက်ကုန်များစွာမှာလည်း စျေးကွက်ထိခိုက်မှု များစွာဖြစ်နေခဲ့ရာ မကြာမီ ရာသီသိမ်းတော့မည့် ကင်းမွန်စျေးကွက်မှာလည်း ထိခိုက်မှုများကြောင့် ကြိုတင်ရပ်နားထားရသည့် လှေများလည်း ရှိလာနေကြောင်း သိရသည်။
ထိုင်းနှင့် တရုတ်စျေးကိုသာ အဓိက အားထားလာရသည့် ကင်းမွန်စျေးကွက်မှာ ထိုင်းနိုင်ငံမှ ဝယ်ယူမှု ရပ်နားလိုက်သည့်အတွက် တရုတ်ဝယ်လက်များကိုသာ အားထားပြီး ရောင်းချနေရကြောင်း သိရသည်။
“ကိုရိုနာဗိုင်းရပ်စ် မဖြစ်ခင်တုန်းက ဘိတ်မှာ ကင်းမွန်လာဝယ်တာက တရုတ်စျေးကွက်နှင့် ယိုးဒယားစျေးကွက်ပဲ ရှိတယ်။ ယိုးဒယားကတော့ စျေးကောင်းတယ်။ တရုတ်ထက် အများကြီး စျေးပိုပေးနိုင်တယ်။ ဒါပေမဲ့ ရောဂါစဖြစ်တော့ တရုတ်က ပိတ်လိုက်တယ်။ ထိုင်းက နည်းနည်းပို့လို့ ရတယ်။အခုကျတော့ တရုတ်က ပြန်အဆင်ပြေသွားတယ်။ ယိုးဒယားက အကုန်ပိတ်လိုက်တော့ ဘယ်သူမှ မဝယ်နိုင်တော့ဘူး။ ကျွန်တော်တို့က ယိုးဒယားကိုပဲ ပို့လာတော့ အခုပို့မယ်နေရာ မရှိဘူးဖြစ်နေတယ်။ စျေးကွက် ပိတ်သွားတာပေါ့။ အခုကျတော့ တရုတ်နှင့်ပဲညှိပြီး တရုတ်ကို ပြန်ရောင်းတာရောင်း၊ Cold Store ထဲမှာ သိမ်းတာသိမ်းပေါ့။ အဲဒီလိုလုပ်နေရတယ်။ တရုတ်ကို တိုက်ရိုက်တော့ မပို့နိုင်ဘူး။ ကျွန်တော်တို့မှာ စျေးကွက်မရှိဘူး။ ဒီမှာ တရုတ်ပြည်က လာဝယ်နေတဲ့ ပြုတ်ခြောက်လုပ်ငန်းတွေကို ပြန်ရောင်းရတယ်။ သူတို့ပေးတဲ့စျေးကိုပဲ ရောင်းပေးနေရတယ်။ ရေရှည်ပိတ်ထားရင် အခြေခံလူတန်းစားတွေ အတော်လေးကို ထိခိုက်မယ် ကင်းမွန်ဝယ်တဲ့ လှေတွေရှိတယ်။ ကားသမားတွေရှိတယ်။ လှေသားတွေရှိတယ်။ ဟိုဘက်ကမ်းမှာလည်း မြန်မာအလုပ်သမားတွေ အများကြီးရှိတယ်။ အလုပ်လက်မဲ့ ဖြစ်သွားမယ်။ ကျွန်တော်တို့ကတော့ ယိုးဒယားမပို့နိုင်ပေမဲ့ ကိုယ့်အလုပ်သမားတွေအတွက် အလုပ်ရှိနေအောင် တရုတ်ကို ရောင်းတာ ရောင်း၊ အအေးခန်းထဲမှာ သိုတဲ့ဟာသိုပြီး တောင့်ခံနေပါတယ်။ ကျွန်တော်တို့မှာ စျေးကွက်မရှိတာ အဓိကပြဿနာပါ။ ကုန်ကြမ်းချည်းပဲ ပို့နေရတယ်။ အစိုးရအနေနဲ့ ပါဝင်လာပြီး လမ်းကြောင်းတစ်ခုခု ရှာပေးမယ်။ ကျွန်တော်တို့လည်း ကြိုးစားမယ်။ အကုန်လုံးဝိုင်းလုပ်ပြီး ပြည်တွင်းမှာ ကုန်ချောထုတ်နိုင်ရင်တော့ အဆင်ပြေမယ်။ ကုန်ချောထုတ်ပြီး သိမ်းထားလို့ရတယ်။ ကုန်ကြမ်းကျတော့ မရောင်းလို့လည်းမရဘူး။ ပျက်စီးနိုင်တယ်။ အဲဒါက အဓိကပြဿနာ ဖြစ်နေတယ်”ဟု ကင်းမွန်တင်ပို့နေသူ ကိုအောင်မြင့်မြတ်က ပြောကြားသည်။
ကင်းမွန်စျေးနှုန်းများမှာ ထက်ဝက်ခန့် ကျဆင်းနေသော်လည်း တရုတ်မှပေးသည့် စျေးနှုန်းအတိုင်းသာ ထိုးရောင်းနေရကြောင်း သိရသည်။ ပြည်တွင်းစျေးကွက် မရှိသည့်အပြင် စီမံဆောင်ရွက်ထားမှုများလည်း မရှိသည့်အတွက် ရာသီချိန်မတိုင်မီ လှေများလည်း ကမ်းသို့ဝင်ကာ လုပ်ငန်းရပ်နားနေကြကြောင်း သိရသည်။
“ကင်းမွန်က အရင်တုန်းက တစ်ဗန်း (၁၁ ပိဿာဝင် ဗန်းတစ်ဗန်း )ကို ကျပ် ကိုးသောင်း၊ ငါးသောင်း၊ လေးသောင်းဆိုပြီး ရှိတယ်။ အခုလက်ရှိက လေးသောင်း၊ နှစ်သောင်းနဲ့ တစ်သောင်းဆိုတဲ့အဆင့်ကို ရောက်သွားပြီ။ ကျွန်တော်တို့က တရုတ်စျေးကွက်ကို အားကိုးရတယ်။ ထိုင်းစျေးကွက်ကို အားကိုးနေရတယ်။ ပြည်တွင်းမှာ စျေးကွက်ကို ထိန်းပေးတဲ့ ရေလုပ်ငန်းနှင့် ပတ်သက်တဲ့ အဖွဲ့အစည်းတွေ မရှိဘူး။ အဲဒီလိုမရှိတော့ လုပ်ငန်းရှင်တွေက ကိုယ့်နည်းကိုယ့်ဟန်နှင့်ပဲ ဖြေရှင်းနေရတယ်။ နောက်ဆက်တွဲ ပြဿနာ ဘယ်လောက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်နေရုံမှတစ်ပါး မရှိဘူး။ ကျွန်တော်တို့လည်းဝင်ပြီး တာဝန်ယူပေး မနိုင်ဘူး။ ကိုယ့်ပြည်တွင်းမှာ ဒီလိုဖြစ်လာရင်ကြိုတင်ပြီး ဘာတွေလုပ်ထားမလဲဆိုတဲ့ အစီအစဉ်တွေ မရှိဘူး ဖြစ်လာရင်တော့ ရေလုပ်ငန်းလုပ်နေတဲ့သူတွေ ခါးစည်းခံရမှာပဲ”ဟု မြိတ်ခရိုင် ကင်းမွန်လုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးဌေးလှိုင်က ပြောကြားသည်။
နှစ်စဉ် သီတင်းကျွတ်ကာလမှ မိုးရာသီမတိုင်မီ လုပ်ငန်းလုပ်ကိုင်ကြသော ကင်းမွန်လှေများမှာ ယခုနှစ်တွင် သင်္ကြန်ကာလကတည်းက လုပ်ငန်းရပ်နားလိုက်သည့်လှေများ ရှိနေကြောင်း၊ကင်းမွန်ရာသီအတွင်း စျေးကွက်လည်း မရှိသည့်အတွက် လုပ်ငန်းရှင်များမှာ လှေထွက်စရိတ်ပင် မကာမိသည့်အနေထား ဖြစ်ခဲ့ပြီး လုပ်ငန်းရပ်နားရသည့် မိုးရာသီတွင်လည်း လှေသားများဖြစ်သည့် တံငါသည်များအဖို့ စားဝတ်နေရေး အခက်အခဲများစွာ ရှိလာနိုင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
