COVID-19 ဖြစ်ပွားနေစဉ်ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ ကျန်းမာရေးစီမံချက် ၆၈ ခု၏ သတင်းအချက်အလက်စနစ်များ ပိုမိုကောင်းမွန်စေရေးနှင့် ပြည့်စုံစေရေးအတွက် ပြန်လည်ဆန်းစစ်သုံးသပ်ခြင်းနှင့် မွမ်းမံပြင်ဆင်ခြင်းများ ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ညွှန်ကြားခဲ့ကြောင်း သိရသည်။
COVID-19 ကူးစက်မှုအခြေအနေကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဆောင်ရွက်နေသော စီမံချက်လုပ်ငန်း ၇၀ သည် အပြည့်အဝဆောင်ရွက်နိုင်ခြင်းမရှိသေးဘဲ ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်နိုင်ရန် အစီအစဉ်များ ချမှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်သူ့ကျန်းမာရေးပညာရှင်များ၊ ကုသရေးပိုင်းဆိုင်ရာမှ ပညာရှင်များသည် ရရှိသော ဘဏ္ဍာရန်ပုံငွေ၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာများနှင့် လူ့စွမ်းအားအရင်းအမြစ်များကို ထိရောက်အကျိုးရှိစွာ အသုံးပြု၍ COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများကို အမျိုးသားရေးအသွင်ဖြင့် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
တစ်ချိန်တည်း၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အခြားကူးစက်တတ်သောရောဂါများ၊ မကူးစက်တတ်သော ရောဂါအမျိုးမျိုးနှင့်စပ်လျဉ်း၍ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများ၊ စီမံခန့်ခွဲ အုပ်ချုပ်ရေးလုပ်ငန်းများနှင့် စီမံချက်လုပ်ငန်းများကိုလည်း လစ်ဟာမှုမရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုကာလတွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေကြောင့် အထက်ပါ ပြည်သူ့ကျန်းမာရေး စီမံချက်လုပ်ငန်းများကို ပုံမှန်အခြေအနေအတိုင်း အပြည့်အဝ ဆောင်ရွက်၍မရသော်လည်း ဝန်ကြီးဌာနရှိ ကျန်းမာရေးစီမံချက်လုပ်ငန်း ၇၀ အနေဖြင့် မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် စီမံချက်ဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို ပြန်လည်သုံးသပ်ဆန်းစစ်၍ ပိုမိုတိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျန်းမာရေးစီမံချက် အမျိုးအစားအလိုက် လုပ်ငန်းအားလုံးကို ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်နိုင်ရန် အစီအစဉ်များ ချမှတ်ပြီး COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်သည့်အခြေအနေတစ်ခုသို့ ရောက်ရှိလာပါက ဆောင်ရွက်နိုင်သည့် နေရာဒေသများတွင် တတ်နိုင်သမျှ အဆိုပါလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပြန်လည်ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ဖော်ပြထားသည်။
ဧပြီ ၂၉ ရက်အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဦးစီးဌာနအသီးသီးက ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးစီမံချက်များမှာ မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေးစီမံချက်၊ ကျား/ မရေးရာကဏ္ဍဆိုင်ရာ စီမံချက်၊ ကလေးကျန်းမာရေးဖွံ့ဖြိုးရေး စီမံချက်၊ အမျိုးသမီးနှင့် ကလေးကျန်းမာရေးစီမံချက်၊ ဆယ်ကျော်သက်လူငယ် ကျန်းမာရေးစီမံချက်၊ ကျောင်းကျန်းမာရေး စီမံချက်၊ ရေ၊ မိလ္လာင်္နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးစီမံချက်၊ လုပ်ငန်းခွင်ကျန်းမာရေးစီမံချက်၊ အဆိပ်အတောက်ဆိုင်ရာ စီမံချက်၊ ပတ်ဝန်းကျင်ကျန်းမာရေး စီမံချက်၊ အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသန စီမံချက်၊ ပဏာမကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးဝန်ထမ်းများ၏ စီမံခန့်ခွဲမှုစွမ်းရည် မြှင့်တင်ရေးစီမံချက်၊ သက်ကြီးရွယ်အိုကျန်းမာရေး စောင့်ရှောက်မှုစီမံချက်၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေး လုပ်ငန်းစီမံချက်၊ ကျန်းမာရေးဆိုင်ရာ ဆက်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး စီမံချက်၊ ကျန်းမာရေးအသိပညာဆိုင်ရာ ဆက်သွယ်ခြင်းလုပ်ငန်းစီမံချက်၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းစီမံချက်၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်မှု ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းလုပ်ငန်းစီမံချက်၊ ရေချိုခရုမှတစ်ဆင့် ကူးစက်တတ်သော သံပြားကောင်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစီမံချက် စသည့် စီမံချက်လုပ်ငန်းပေါင်း ၇၀ ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
