Top News

လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရန် လူမှုဖူလုံရေးကြေး ပေးသွင်းရန် ကာလကို သုံးလအထိ တိုးမြှင့်လိုက်ပြီး စစ်ဆေးမှုခံယူရန် ယာယီရပ်နားခဲ့သောစက်ရုံများမှ  အလုပ်သမားများအား လုပ်ခလစာ၏ ရာခိုင်နှုန်း ၄၀ ကူညီထောက်ပံ့မည်
24htopnews | October 24, 2024 4:13 AM CST

လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရန် လူမှုဖူလုံရေးကြေးပေးသွင်းရန် ကာလသုံးလအထိ တိုးမြှင့်လိုက်ပြီး စစ်ဆေးမှုခံယူ ရန်ယာယီရပ်နားခဲ့သော စက်ရုံများမှအလုပ်သမားမျာအား လုပ်ခလစာ ရာခိုင်နှုန်း ၄၀ ထောက်ပ့ံကူညီမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ သိရသည်။

COVID-19 ကြောင့် အကြပ်အတည်း အခက်အခဲများ ကြုံတွေ့နေရသည့် လုပ်ငန်းရှင်များအတွက် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပုဒ်မ ၁၀၀ ကို ကျင့်သုံး၍ လုပ်ငန်းဌာနများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပြောင်းလဲလာသည့် လူမှုရေးလိုအပ်ချက်များကို ထောက်ရှု၍ “အလုပ်ရှင်၊ အလုပ်သမားထည့်ဝင်ကြေးများကို ဥပဒေပုဒ်မ ၁၈၊ နည်းဥပဒေပုဒ်မ ၆၄ တို့အရ သက်ဆိုင်ရာလကုန်ဆုံးပြီးနောက် လဆန်း ၁၅ ရက်အတွင်း ပေးသွင်းရမည့်အစား သက်ဆိုင်ရာလ ကုန်ဆုံးပြီး သုံးလထက် နောက်မကျစေဘဲပေးသွင်းရန်” ဟူ၍ အမိန့်ကြေငြာစာအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မတ် ၂၀ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထား ပြီးဖြစ်သည်။

ထို့ပြင် ဧပြီ ၂၀ ရက်မှ မေ ၁၅ ရက်အတွင်း လုပ်ငန်းခွင်စစ်ဆေးမှုခံယူရန် ယာယီရပ်နားခဲ့ရသော လူမှုဖူလုံရေးအကျုံးဝင် မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားများအတွက် ရပ်နားထားသည့် ရက်များအလိုက် ထည့်ဝင်ကြေး ပေးသွင်းထားသည့် လုပ်ခလစာ၏ ၄၀ ရာခိုင်နှုန်းကို ထောက်ပံ့ကူညီမည်ဖြစ်ကြောင်း ကြေညာထားသည်။

ယင်းအကျိုးခံစားခွင့်မှာ COVID-19 သက်ရောက်မှုကြောင့် လုပ်ငန်းလည်ပတ်နိုင်ခြင်းမရှိသော စက်ရုံအလုပ်ရုံ၊ လုပ်ငန်းများမှ အလုပ်သမားများအပြင် စစ်ဆေးမှုခံယူပြီး လည်ပတ်နေသော စက်ရုံအလုပ်ရုံ၊ လုပ်ငန်းများတွင် ဒေသန္တရအမိန့်သို့မဟုတ် လမ်းပန်းဆက်သွယ်ရေး ယာယီပိတ်ထားခြင်း သို့မဟုတ် အကြောင်းအမျိုးမျိုးကြောင့် Self – isolation ဝင်ရခြင်း စသည်တို့ကြောင့် လုပ်ငန်းခွင်သို့အချိန်မီ မဝင်ရောက်နိုင်သော အလုပ်သမားများလည်း ခံစားခွင့်ရှိကြောင်း သိရသည်။

လူမှုဖူလုံရေး ကြေးအားလျှောက်ထားရာတွင် သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံး များတွင်သာမက Online  Web Portal (https://www.ssbmyanmar.org) သို့ ဝင်ရောက်၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်၊ အကြံပြုချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိအားစစ်ဆေး လျက်ရှိရာ ဧပြီလကုန်အထိ စက်ရုံပေါင်း ၃၀၀၀ ကျော် စစ်ဆေးပြီးစီးခဲ့ပြီးဖြစ်သည်။

 


READ NEXT
Cancel OK