ဆန်တန်ချိန် ၅၀၀၀၀ နှင့်စားအုန်းဆီ တန်ချိန် ၁၂၀၀၀ တို့ကို လိုအပ်သည့်အချိန်တွင် ဖြန့်ချိနိုင်ရေးတအတွက် အရေးပေါ်ရိက္ခာအဖြစ် ဝယ်ယူခြင်းဖြစ်ကြောင်းနှင့် ား အုန်းဆီကို ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ ဖြန့်ဝေရန် ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။
စားအုန်းဆီတန်ချိန် ၁၂၀၀၀ ဝယ်ယူရေးအတွက် အသင်းအဖွဲ့များ၊လုပ်ငန်းရှင်များနှင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြောင်း၊ စားအုန်းဆီသိုလှောင်ရန် နိုင်ငံတော်အနေဖြင့် ဆီသိုလှောင်ကန်များမရှိသည့်အတွက် Jerry Can နှင့် ဝယ်ယူသိုလှောင်ထားရှိရန် စီစဉ်ထားကြောင်း၊ ဝယ်ယူထားသည့်စား အုန်းဆီများကို COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟို ကော်မတီ၏ညွှန်ကြားချက်အတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဖြန့်ဝေရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်က မေ ၁၂ ရက်က Video Conferencing စနစ်ဖြင့် ကျင်းပသည့် အရန်ရိက္ခာ စားအုန်းဆီတန် ချိန် ၁၂၀၀၀ ဝယ်ယူရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများနှင့် စားသုံးကုန်ပစ္စည်းများအား အရေးကြီးကုန်စည်အဖြစ် သတ်မှတ်လိုက်ပြီး စျေးကွက်အတွင်း စျေးနှုန်းမြင့်တင် ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းနှင့် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများကို တားမြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် ၂၁/ ၂၀၂၀၊ ၂၀၂၀ ပြည့်နှစ် မတ် ၃၀ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၂၀ မတ် ၃၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၆/ ၂၀၂၀ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အဆိုပါအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(က)အရ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများကို အရေးကြီးကုန်စည်များအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် အပိုဒ် ၁ ပါ ကုန်စည်များကို စျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးနှုန်းမြှင့်တင်ဖြန့်ဖြူခြင်း သို့မဟုတ် စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းကို ယခုအမိန့်ကြော်ငြာစာ ထုတ်ပြန်သည့်နေ့မှစ၍ တားမြစ်လိုက်ကြောင်း အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
