ဂျပန်နိုင်ငံမှ ပေးပို့လှူဒါန်းသော RBE ရထားတွဲများအနက် ၁၄ တွဲအား အင်းစိန်နှင့် နေပြည်တော် စက်ခေါင်းစက်ရုံများသို့ ပေးပို့ကာ ပြုပြင်မှုများပြုလုပ်ပြီး ရန်ကုန်မြို့ ပတ်ရထားလမ်းပိုင်းတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။
ရန်ကုန်မြို့ပတ်ရထားလမ်းတွင် အသုံးပြုနိုင်ရန်အတွက် ဂျပန်နိုင်ငံမှ ပေးပို့လှူဒါန်းသော တစ်ပတ်ရစ် BRE ရထားတွဲ ၂၁ တွဲမှာ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိခဲ့ပြီး ဖြစ်သည်။ အဆိုပါ BRE မီးရထားတွဲဆိုင်းများကို အင်းစိန်စက်ခေါင်းစက်ရုံနှင့် နေပြည်တော်သို့ ဆက်လက်ပေးပို့ကာ လိုအပ်သော ဘီးပိုင်းနှင့် တွဲဆိုင်းအပိုင်းတို့ကို ပြုပြင်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကာ လောလောဆယ် ၁၄ တွဲကို လိုအပ်သော ပြုပြင်မှုများပြုလုပ်ကာ အသုံးပြုနိုင်အောင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“အခုရောက်ရှိလာတဲ့ ရထားတွဲတွေကတော့ RBE တွဲတွေဖြစ်ပါတယ်။ ဂျပန်နိုင်ငံက ရန်ကုန်မြို့ပတ်ရထားလမ်းမှာ အသုံးပြုနိုင်ဖို့ တစ်ပတ်ရစ် USED တွဲတွေ ပေးပို့ခဲ့ပါတယ်။ ပထမအသုတ်အနေနဲ့ ရောက်ရှိလာခြင်းဖြစ်ပါတယ်။ ဆက်လက်ပေးပို့ဖို့ ရှိတယ်လို့သိရပါတယ်။ အရေအတွက်တော့ မသိသေးပါဘူး။ ကျွန်တော်တို့က ဂျပန်နိုင်ငံက ဝယ်ယူထားရာမှာ လောလောဆယ် အသုံးပြုနိုင်အောင်လို့ ယခု RBE တွဲတွေ လှူဒါန်းခဲ့တာဖြစ်ပါတယ်” ဟု မြန်မာ့မီးရထား (အောက်မြန်မာပြည်) အထွေထွေမန်နေဂျာ ဦးအောင်သူလတ်က ပြောကြားသည်။
အဆိုပါ RBE ရထားတွဲတင်သင်္ဘောသည် မေ ၈ ရက်က ရန်ကုန် သီလဝါဆိပ်ကမ်းသို့ရောက်ရှိခဲ့ကြောင်း၊ သို့သော်သင်္ဘောပေါ်မှ တင်ချမှုများကို မေ ၁၁ နှင့် ၁၂ ရက် က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ RBE ရထားတွဲများသည် တစ်တွဲလျှင် အင်ဂျင်နှစ်လုံးပါရှိပြီး တစ်တွဲချင်းသီးသန့်မောင်းနှင် အသုံးပြုနိုင်သော ရထားတွဲအမျိုးအစားဖြစ်ကြောင်း၊ RBE ရထားတွဲများကို ရန်ကုန်မြို့ပတ်ရထားလမ်းနှင့် အံဝင်ခွင်ကျဖြစ်အောင် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့ပတ်ရထားလမ်းကြောင်းတွင် COVID-19 ထိန်းချုပ်ကာလအတွင်းတွဲဆိုင်း ၂၆ ခုဖြင့် ပြေးဆွဲနေပြီး ခရီးသည် များပြားလာသည်နှင့်အမျှ ရထားစီးရေတိုး မြှင့်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ COVID-19 ကြောင့် ရထားစီးနင်းမှု လျော့နည်းနေချိန်တွင် ရန်ကုန်ဘူတာကြီး စင်္ကြန်အမှတ် ၂၊ ၃၊ ၄ ရှိ ရထားသံလမ်းများအား ကိုးချောင်းဆက် သံလမ်းများဖြင့် လဲလှယ်၍ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ဆောင်ရွက်နေကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။
ရန်ကုန်ဘူတာကြီးရပ်ဝန်းရှိ ရထားသံလမ်း၊ ကွန်ကရစ်ဇာလီဖားတုံးများနှင့် ကလစ်များသည် တွဲပေါ်မှရေကျမှုများ၊ အညစ်အကြေးကျရောက်မှုများ၊ ခရီးသွား၏ အမှိုက်စွန့်ပစ်မှုများကြောင့် ရထားသံလမ်း ပျက်စီးယိုယွင်းသဖြင့် ခရီးသွားများ ဘေးအန္တရာယ် ကျရောက်ခြင်းမရှိရန် မြန်မာ့မီးရထား၏ စီစဉ်မှုဖြင့် အဆိုပါရထားသံလမ်း များကို ကိုးချောင်းဆက် သံလမ်းများဖြင့် လဲလှယ်ခြင်းဖြစ်ကြောင်း သိရသည်။
ယခုဖြစ်ပေါ်နေသော COVID-19 ကြောင့် ရထားစီးနင်းသူခရီးသည် နည်းပါးနေချိန်တွင် နံပါတ် (၁) စင်္ကြန်သည်ခရီးသွား ပြည်သူများအတွက် အသုံးပြုလျက်ရှိပြီး ရန်ကုန်ဘူတာရပ်ဝန်းရှိရထား သံလမ်းများကို အဆင့်မြှင့်တင်သည့် လုပ်ငန်းဆောင်ရွက် ခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာ့မီးရထားမှရန်ကုန်မြို့၏ အရှေ့ခြမ်းနှင့် အနောက်ခြမ်းဟူ၍ နှစ်ပိုင်းခွဲခြား၍ အဆင့်မြှင့်တင်မှု ပြုလုပ်နေသည့် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းများလာမည့် ၂၀၂၀ ပြည့်နှစ် မေလတွင် ပြီးစီးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
