ရုရှားနိုင်ငံတွင် သင်တန်းတက်ရောက်နေစဉ် COVID-19 ရောဂါပိုး တွေ့ရှိခဲ့သော မြန်မာ့တပ်မတော်မှ သင်တန်းသားငါးဦးတွင် လေးဦးမှာ ရောဂါပျောက်ကင်းသွားပြီဖြစ်ကြောင်း မေ ၁၃ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ရုရှားနိုင်ငံတွင် သင်တန်းတက်ရောက်လျက်ရှိသော မြန်မာ့တပ်မတော်မှ ပညာတော်သင် သင်တန်းသားအရာရှိများအနက် သင်တန်းသားငါးဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်း ဧပြီ ၂၉ ရက်နှင့် မေ ၃ ရက်နေ့တို့တွင် တပ်မတော်က သတင်းထုတ် ပြန်ခဲ့ပြီးဖြစ်သည်။
အဆိုပါ ရောဂါပိုးကူးစက်ခံထားရသော သင်တန်းသားအရာရှိငါးဦးအား မော်စကိုမြို့အနီးရှိ လူနာများသီးသန့်ထားရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုစင်တာ၌ ရုရှားကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဆေးကုသမှုများ ဆောင်ရွက်ခဲ့ပြီး ထပ်မံစစ်ဆေးခဲ့ရာတွင် သင်တန်းသားငါးဦးအနက်မှ လေးဦးမှာ COVID-19 ရောဂါပိုး မတွေ့ရှိရတော့ဘဲ ရောဂါပိုးပျောက်ကင်းခဲ့ကြောင်း သိရှိရသည်ဟု တပ်မတော်က သတင်းထုတ် ပြန်ခဲ့သည်။
ကျန်ရှိသည့် ရောဂါပိုးကူးစက်ခံထားရသူ အရာရှိတစ်ဦးအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူလျက်ရှိပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်းနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးမှ လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
