ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုက်ကလပ်၊ ဘီယာဆိုင်များ ဆက်လက်ပိတ်ထားမည်ဖြစ်သော်လည်း အခြေခံစားသောက်ဆိုင်များဖြစ်သည့် လက်ဖက်ရည်ဆိုင်နှင့် မုန့်ဟင်းခါးဆိုင်ကဲ့သို့သော ဆိုင်များကို အကန့်အသတ်ဖြင့် ဆိုင်ထိုင်စားနိုင်ရန် ဆုံးဖြတ်ထားပြီး မကြာမီ ညွှန်ကြားချက်ထုတ်ပြန်မည် ဖြစ်ကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောကြားသည်။
မေ ၁၃ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်၊ မင်္ဂလာဒုံ ၊ လှိုင်သာယာ ၊ ရွှေပြည်သာ ၊ ဗိုလ်တထောင်မြို့နယ်များမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် Video Conference ဆွေးနွေးရာတွင် အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် စားသောက်ကုန်များကို ပါဆယ်ရောင်းချခွင့်သာပြုထားသဖြင့် ဝယ်ယူစားသောက်မူ နည်းပါးသည့် အခြေအနေများကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နားလည်မှုရှိကြောင်း ဦးအောင်လှိုင်ဝင်းက ပြောကြားသည်။
"လုပ်ငန်းတွေရပ်တည်ဖို့ ခက်ခဲတာနဲ့တစ်ပြိုင်နက် သူတို့ကို မှီခိုနေတဲ့ ဝန်ထမ်းတွေလည်း အခက်အခဲ ဖြစ်လာတယ်။ အချို့လက်ဖက်ရည်ဆိုင်တွေမှာဆို လူ သုံး လေးဆယ်လောက် ဝန်ထမ်းတွေရှိတယ်။ နှစ်လတာကာလတွင်းကို ဝင်လာပြီဖြစ်တယ်။ ပထမ တစ်လတော့ လစာပေးပြီး ပိုင်ရှင်တွေက ဆက်ထားတယ်။ ဒုတိယလကျတော့ ဆိုင်လခ ဆယ့်ငါးသိန်း သိန်းနှစ်ဆယ် ပေးနေရတယ်။ ဝန်ထမ်းလခနဲ့ဆို တစ်လ သိန်းလေးငါးဆယ်လောက် ထိနေတဲ့အတွက် ဝန်ထမ်းတွေဘက်က စိုးရိမ်တယ်။ အဲဒီတော့ တတ်နိုင်သလောက် ဖြေလျော့ဖို့ အကြံပြုလိုက်တယ်"ဟု ဦအောင်လှိုင်ဝင်းက ပြောကြားသည်။
ထိုကဲ့သို့ အကြံပြုမူကြောင့် အစည်းအဝေးတွင် ပါဝင်သည့် ရန်ကုန်မြို့တော်ဝန်က ဆိုင်ထိုင်သည့်အခါ ခုံများကို ချဲထားရန်နှင့် အကန့်အသတ်များဖြင့် ခွင့်ပြုရန် စဉ်းစားထားကြောင်း ပြောကြားခဲ့သည်ဟု ၎င်းကဆိုသည်။
"အဲဒါကို မေ ၁၅ ရက်နေ့နောက်ပိုင်း ပြန်ခွင့်ပြုဖို့ စဉ်းစားနေတယ်။ နိုက်ကလပ်၊ ဘီယာဆိုင် မပါဘူး။ အခြေခံလူတန်းစားတွေ စားသောက်တဲ့ မုန့်ဆိုင်လေးတွေ၊ အကြော်ဆိုင်လေးတွေ၊ လက်ဖက်ရည်ဆိုင်လေးတွေ၊ မုန့်ဟင်းခါးဆိုင်လေးတွေ၊ အခြေခံလူတန်းစားတွေရဲ့ စိတ်ထွက်ပေါက်ပေါ့။ ကာလကြီးက ဘယ်လောက်ကြာမယ် မသိဘူးလေ။ အခြေခံကို စဉ်းစားတာပါ။ ဆိုင်ကြီးတွေကို တတ်နိုင်သလောက် ပိတ်ထားမယ်ပေါ။့ အဲဒါကို မြို့တော်ဝန်က လုပ်ငန်းပေါ် မူတည်ပြီး လုပ်ပါလိမ့်မယ်။ အတိအကျတော့ ဆုံးဖြတ်လိုက်တာ မဟုတ်ဘူး။ စဉ်းစားမယ် လုပ်ငန်းအသေးစိတ်ကို ကျန်းမာရေးဝန်ကြီးဌာနရယ် မြို့တော်ဝန်တို့ တိုင်ပင်ပြီးတော့ ညွှန်ကြားချက် မကြာခင်ထုတ်ပြန်မှာပါ" ဟု ဦးအောင်လှိုင်ဝင်းက ပြောကြားသည်။
ခွင့်ပြုပြီးနောက် စည်းကမ်းလိုက်နာမူရှိ မရှိကို လိုက်လံစစ်ဆေးမည်ဖြစ်ပြီး ပထမအကြိမ်တွင် သတိပေးခြင်း သို့မဟုတ် ဒဏ်ငွေဖြင့် အရေးယူမည်ဖြစ်ပြီး ဒုတိယအကြိမ် မလိုက်နာပါက ရက်အကန့်အသတ်ဖြင့် ဆိုင်ပိတ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့ပြင် ရန်ကုန်တိုင်းအတွင်း Semi Lockdown ပြုလုပ်ထားသည့် မြို့နယ် ၁၀ မြို့နယ်အနက် မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ ၊ ဗိုလ်တစ်ထောင်မြို့နယ်များသည် ရောဂါဖြစ်ပွားမှုနူန်း နည်းသည့်အပြင် ရောဂါပိုးတွေ့ရှိသူ အသစ်ထပ်မံ မတွေ့သည်မှာ ရက် ၂၀ ခန့်ရှိပြီဖြစ်သဖြင့် မေ ၁၅ ရက်နောက်ပိုင်း ဖြေလျှော့ပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က စဉ်းစားထားကြောင်း ဦးအောင်လှိုင်ဝင်းက ပြောကြားသည်။
"မူလအတိုင်းရောက်ဖို့တော့ မလွယ်ဘူး။ အရင်ကာလက နိုင်ငံတော်အတိုင်ပင်ခံ လုပ်တဲ့အစည်းအဝေးက ကန့်သတ်ကာလမှာ ကြုံတွေ့ရတဲ့ အခက်အခဲကိုမေးတာ။ အခုကတော့ အနာဂတ်ကို သွားမယ့်ဟာအတွက်ကို အစည်းအဝေးလုပ်တာ။ ကန့်သတ်ချက်တွေ လုပ်လိုက်တဲ့အတွက် စီးပွားရေးပိုင်းကို အဓိကထား ဆွေးနွေးတာ"ဟု ၎င်းက ပြောကြားသည်။
ယင်းအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ညွှန်ကြားမူများ ပြုလုပ်သည့်အပြင် တက်ရောက်လာသည့် ကိုယ်စားလှယ်များ ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများ၏ အကြံပြုချက်များကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ပြောကြားသည်။
ထို့ပြင် ညမထွက်ရအမိန့်ကို ဆက်လက်ထားရှိမည်ဖြစ်ပြီး အခြေအနေ တိုးတက်ကောင်းမွန်ပါက ကန့်သတ်ချိန်များကို လျော့ချပေးမည်ဖြစ်ကြောင်း ဦးအောင်လှိုင်ဝင်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
