Top News

Photo News :ဖယ်ခုံမြို့အဝင် ပန်းခြံရှိ ကယန်းကြေးကွင်းဝတ် အမျိုးသမီး ရုပ်တုတွင် Mask တပ်ဆင်ထား
24htopnews | October 24, 2024 4:13 AM CST

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့အဝင် ပန်းခြံအတွင်း ကယန်းကြေးကွင်းဝတ် အမျိုးသမီး ရုပ်တုတွင် Mask တပ်ဆင်ထားပြီး ရုပ်တုများတွင် Mask တပ်ဆင်ခြင်းထက် အောက်ခြေတွင် ထိရောက်သော စည်းကမ်းလိုက်နာရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒေသခံများနှင့် ရပ်ကွက်ချုပ်ရေးမှူးများထံမှ သိရသည်။

“မနေ့က ၁၂ ရက်နေ့မနက် ကျွန်တော်တို့ ဆေးရုံသွားခါနီးမှာ အောက်ပြန်ကြည့်လိုက်တော့ ဘယ်ချိန်မှာ တပ်ထားလည်း မသိဘူးပေါ့လေ။ ကိုယ်ကလည်း သိလိုက်တယ်ပေါ့လေ။ mask ကမ်ပိန်း တစ်ခုပေါ့လေ။ သတင်းထဲမှာလည်း တက်လာတယ် အခြားမြို့တွေမှာရှိတဲ့ မွန်ဆို ဟင်္သာမှာတပ်တယ်။ လားရှိုးမှာဆို ထင်းချိုးတဲ့ ရုပ်တုမှာတပ်တယ်ဆိုတော့ ဒါလုပ်တယ်ဆိုတဲ့ ကမ်ပိန်းကို ရုပ်ပြတစ်ခုအနေနဲ့ လုပ်တာလား ။ ကျွန်တော့အနေနဲ့က ဖြစ်စေချင်တာကတော့ အစက ကျွန်တော်ဒီမှာ ကျွန်တော့နယ်မြေမှာဆို Mask မတပ်ရင် ကျွန်တော် ဒဏ်ငွေ Mask လေးခုပြန် ဝယ်ခိုင်းတဲ့အကျင့် ကျွန်တော်လုပ်ခဲ့တာပေါ့။ နောက်ပိုင်းမှပဲ ဧပြီလကုန်မှ ကျွန်တော်ပြန်ဖျတ်လိုက်တယ်။ ဖယ်ခုံမြို့နယ်မှာက ဖယ်ခုံမြို့နယ်မှ မဟုတ်ပါဘူး ကျန်တဲ့ ဒီလိုရုပ်ထုမှာပဲ ကပ်ပြယုံ မပြီးလောက်ဘူး ကျွန်တော်ထင်တယ်။ ထုတ်ပြန်ထားတဲ့ စည်းကမ်းရှိရင်လည်း စည်းကမ်း ဖြစ်စေချင်တာပေါ့နော်” ဟု နယ်မြေ (၈) ရာအိမ်မှူးဖြစ်သူ ခွန်းကလေးမင်းက ပြောကြားသည်။

 

 

 


READ NEXT
Cancel OK